ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ သုံးသပ်တင်ပြချက်⛈⛈
- #တင်ပြချိန် - Date_10.8.2025 - Time_19:30 pm ည ၇း၃၀ - လက်ရှိဖြစ်ပေါ်နေတဲ့ - မိုးလေဝသအခြေအနေအရ ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ သုံးသပ်တင်ပြချက် - ဒီကနေ့ နံနက် ပိုင်း မိုးလေဝသ ဂြိလ်တုမှ ပေးပို့သော ပုံများအရ - မြန်မာနိုင်ငံ အရှေ့ ဘက် တရုတ်ပြည်မကြီးပေါ် မှာဖြစ်ပေါ် စိုက်ဆင်းလျှက်ရှိနေတဲ့လေဖိအားနည်း ဆဲလ် နှင့် အနောက် - ဘင်္ဂလားဘက်မှ ရွေ့လျားလာတဲ့ လေဖိအားနည်း ဆဲလ် တစ်ခုတို့ဆုံတွေ့ကြရာမှာ ၊လေဖိအားနည်း မြှောင်တန်းတစ်ခုဖြစ်ပေါ်ဖြတ်သန်း လျှက်ရှိနေသည့်အတွက် - #အထူးသဖြင့် - မြန်မာပြည် မြောက်ပိုင်း စွန်းဒေသ များနှင့်ဧရာဝတီ မြစ်အထက်ပိုင်း မေခမြစ်နှင့်မလိခ မြစ်ဝှမ်း ဒေသများအပါအဝင် ကချင်ပြည်နယ် တစ်ခုလုံး၊စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာယခုတင်ပြချိန်မှ နောက် ၃ ရက် အထိ မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး ရံဖန်ရံခါ နေရာကွက်၍ မိုးကြီးခြင်းများဆက်လက်ရှိနေနိုင်ကြောင်းတွေ့ရှိရပါတယ် - #ဆိုတော့ - ဧရာဝတီ မြစ်အထက်ပိုင်း မှာ မိုးအားကောင်းမယ်ပေါ့ဗျာ - မိုးအားကောင်းတော့ ရေပါလာတော့မှာပေါ့ - ရေပါလာတော့ မြစ်ကြီးနား မြစ်ရေဆက်တိုက် - အတက်ဖက်ကို ဦးတည်လာနိုင်တယ်ပေါ့ - #ဒါပေမယ့် - ဆိုသလောက်ပြောသလောက်ကြီး တော့လည်းမဟုတ်ပြန်ပါဘူးနော် - ခန့်မှန်းသုံးသပ်ချက်အရတော့ လက်ရှိ ရေအမှတ်အထက် နောက်ထပ် (200)cm မှ (250)cm၆ ပေ မှ ၈ ပေ လောက်တော့ ဖြစ်နိုင်တဲ့အနေအထားတွေ့ရတယ်ပေါ့ - လက်ရှိရေအမှတ်နဲ့ဆိုတော့ မြစ်ကြီးနား မြစ်ရေ(850) cm လောက်အထိ တော့ရောက်လာနိုင်တယ်လို့ ပထမ အဆင့်အနေနဲ့သုံးသပ်ထားပါတယ် - ဒါကမိုးတွင်းကာလ အတွင်း ပုံမှန်အတက်အကျ လောက်မှပဲရှိနေတာဖြစ်တယ် မြစ်ကြီးနား မြို့အတွက်တော့ - စိုးရိမ်ရမယ့်အခြေအနေ တော့မဟုတ်ပါဘူး - ဒါပေမယ့် - အပေါ်မှာပြောထားတဲ့အတိုင်း တကယ်တော့ မြစ်ရေဆိုတာ မိုးလေဝသ ဖြစ်စဥ်ပေါ်မှာ တိုက်ရိုက်ကိုပတ်သတ်ဖြစ်တည်နေတဲ့အရာ - အဲဒီမှာ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း - ချင်းတွင်းအထက်ပိုင်းဒေသတွေမှာပါ - မိုးသည်းထန်လာနိုင်တဲ့အတွက် ချင်းတွင်းမြစ်ရေ ပြန်တက်လာနိုင်ပြီး - ချင်းတွင်းမြစ်ရိုးတလျှောက် မြို့များအားလုံးမှာ စိုးရိမ်ရေအမှတ်အထက်ကိုကျော်လွန်ရောက်ရှိလာနိုင်ကြောင်းသုံးသပ်ရရှိထားပါတယ် - အဲဒီမှာ ရာသီဥတု ဖြစ်စဉ်က ဧရာဝတီ မြစ်အထက်ပိုင်း မှာရော ချင်းတွင်း မြစ်အထက်ပိုင်းရော တပြိုင်နက်ထဲ မိုးသည်းထန် စွာရွာခဲ့ရင်တော့ - တကယ်အရေးကြီးတဲ့ နေရာဒေသတွေက - မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေဖြစ်ပါတယ် - #ဆိုလိုရင်းက ဒီမှာရောက်လာပြီနော် - ပြောရမယ်ဆို မန္တလေး စစ်ကိုင်း ကနေ မြင်းခြံ မြို့နယ်လောက်ကစပြီးပေါ့ - ပခုက္ကူနယ် ဘက်ဆို ချင်းတွင်းမြစ်ရေ ပေါင်းဆုံလာမှာဖြစ်လို့ - ပခုက္ကူ - ညောင်ဦး - ချောက် - ဆိပ်သာ - ဟင်္သာတ - ဇလွန် မြို့တွေမှာ စိုးရိမ်ရေအမှတ်ကို နောက်ထပ်တကြိမ် ကျော်လွန်ရောက်ရှိနိုင်ပါကြောင်းတင်ပြလိုပါတယ် - မကွး ၊မင်းဘူး ၊ ပြည် ၊အောင်လံမြို့များမှာ စိုးရိမ်ရေအမှတ် ကို မရောက်ရှိနိုင်သော်လည်းနီးနီးသို့ကပ်လျှက် ရောက်ရှိ နိုင်ပါတယ်လို့သုံးသပ်ရရှိထား ပါတယ် - 👉 - #ဧရာဝတီ မြစ်ရေ မြင့်တက် မှုကို၂၄ နာရီစောင့်ကြည့် တင်ပြပေးနေပါတယ်ခင်ဗျာ - ထူးခြားမှု ရှိလာလျှင် အချိန်နှင့်တပြေး ညီတင်ပြပေးပါမယ် - 🙏#သဘာဝဘေးအန္တရာယ်အပေါင်း မှ ကင်းဝေးနိုင်ကြပါစေ#🙏 - Source: Sayar NAING LIN HTWE. DMH (Kachin State) - တောင်သူများ သိရှိနိုင်ရန် ဆရာ့သုံးသပ်ချက်အား ပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။ - ----------------- - မိုးလေဝသအဖွဲ့ဝင်ရန် - - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
