cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပေါင်းစည်းလယ်ယာစိုက်ပျိုးနည်းစနစ်

. စိုက်ပျိုးအသိပညာ
ပေါင်းစည်းလယ်ယာစိုက်ပျိုးနည်းစနစ်ကို လိုက်နာကျင့်သုံးရင်း သာယာလှပသော ကမ္ဘာမြေကြီးကို ဖန်တီးကြစို့ .
  • ပေါင်းစည်းလယ်ယာစိုက်ပျိုးနည်းစနစ်ဆိုသည်မှာ မြေဧရိယာတစ်ခုထဲတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို စနစ်တကျ ပူးပေါင်းလုပ်ကိုင်ရသော စိုက်ပျိုးနည်းစနစ်တစ်ခုပင်ဖြစ်ပါသည်။ တောင်သူ လယ်သမားများအနေဖြင့် ပူးတွဲလုပ်ကိုင်ရသည့်အတွက် ဝင်ငွေကို စိုက်ပျိုးရေးတစ်ခုတည်းမှမဟုတ်ပဲ မွေးမြူရေးဘက်မှဝင်စေသည့်အပြင် သွင်းအားစုများအနေနဲ့ မိမိခြံမှထွက်ရှိသော တိရစ္ဆာန် အညစ်အကြေးများအား ပြန်လည်အသုံးပြုရသည့်အတွက် ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေတိုး စေသော စိုက်ပျိုးနည်းစနစ်ဖြစ်ပါသည်။ ငါးကန်နှင့်တွဲဖက်၍ စိုက်ပျိုးပါက ရေအရင်းအမြစ်အတွက် ပူပန်မှုများလျှော့ချနိုင်မည်ဖြစ်ပါသည်။ အစားအစာ လုံခြုံစိတ်ချမှုအနေဖြင့်လဲ ဓာတုဆေးအနည်းဆုံး နှင့် သဘာဝမြေဆွေးမြေသြဇာများအသုံးပြုရသောကြောင့် ဘေးကင်းလုံခြုံမှုရှိစေပါသည်။ ပေါင်းစည်း လယ်ယာစိုက်ပျိုးနည်းစနစ်သည် ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ် ပေးနိုင်ရုံသာမက သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုဒဏ်မှလဲ ကာကွယ်ပေးနိုင်သော စိုက်ပျိုးနည်းစနစ်တစ်ခုဖြစ်ပါသည်။

    ယနေ့ခေတ် စိုက်ပျိုးရေးတွင် အရေးကြီးသောအခန်းကဏ္ဍ တစ်ခုအနေဖြင့် အရေးပါလာသည့် အပြင် ၎င်းနည်းစနစ် ၏ အဓိကရည်ရွယ်ချက်များမှာ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကို တိုးတက်စေရန်၊ ရေရှည်တည်တံ့နိုင်မှုရှိစေရန်နှင့် သဘာဝအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်စေရန် ပံ့ပိုးပေးမှု တို့ဖြစ်ပါသည်။ ဓာတုဆေးသုံးစွဲမှု လျှော့ချနိုင်သည့်အပြင် သဘာဝအရင်းအမြစ်များ အသုံးပြုရသည့် အတွက် တောင်သူလယ်သမားများနှင့် သဘာဝပတ်ဝန်းကျင် နှစ်ခုစလုံးအတွက် အကျိုးကျေးဇူး ရရှိစေနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာသောကမ္ဘာမြေကြီး ဖြစ်ပေါ်လာစေရန်အတွက် ရေရှည် တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များအား လိုက်နာကျင့်သုံးရသည့် ပေါင်းစည်းလယ်ယာ စိုက်ပျိုး နည်းစနစ်ကို အကောင်အထည်ဖော်စိုက်ပျိုးသင့်ပါသည်။

    ပေါင်းစည်းလယ်ယာစိုက်ပျိုးနည်းစနစ်ကို ပုံဖော်ပြရပါက မြေ ၁ ဧကတွင် စားဖိုဆောင် သီးနှံများဖြစ်သော ဟင်းသီးဟင်းရွက်များ၊ လယ်ယာသီးနှံများ၊ ဆေးဖက်ဝင်အပင်လေးများ၊ အရိပ်ရ သီးပင်/စားပင်များစိုက်ပျိုးထားသည့်အပြင် ကြက်၊ ဝက်၊ ဘဲ၊ ငါးမွေးမြူးရေး လုပ်ငန်းများနှင့် အတူတကွပူးပေါင်းလုပ်ကိုင်ရသည့်အတွက် မိသားစုဝင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားသကဲ့သို့ပင်ဖြစ်စေပါသည်။ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဆွေးပြုလုပ် နည်းလမ်းများကို ထွက်တိုးတွင် အသေးစိတ်လေ့လာနိုင်ပါသည်။

    ရတနာ မှ ဘာသာပြန်ဆိုဖော်ပြသည်။

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
5
comments
1
views
2237