cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်ဖြူစျေးမြင့်တက်ပြီး သကြားစျေးကျလာ

. ဈေးကွက်သုံးသပ်ချက်
တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် "( ၁၁. ၈.၂၀၂၅ မှ ၁၅.၈. ၂၀၂၅)
  • မတ်ပဲ

    မတ်ပဲကတော့ ယခုတစ်ပတ်မှာ တစ်တန်ကို ၃၀၀၀၀ ကျော်လောက်ပြန်ကျလာပါတယ်။ တစ်တန်ကို ကျပ်သိန်း ၃၀ အောက်ထိ ကျဆင်းသွားပါတယ်။ နယ်စျေးကွက်မှာလည်း မတ်ပဲတစ်တင်းကို ၉၆၀၀၀ ကျပ်သာရှိပါတယ်။

    မတ်ပဲကို အဓိကဝယ်ယူတဲ့ အိန္ဒိယနိုင်ငံက ဝယ်လိုအားနည်းတဲ့အတွက် စျေးကွက်အကျဘက်မှာပဲ ရှိနေ တာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၇၄၀၀၀ မှ ၂၉၉၈၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။ အရင်အပတ်က မတ်ပဲFAQတစ်တန်ကိုတနင်္လာမှသောကြာနေ့အတွင်း ၃၀၀၇၀၀၀ မှ ၃၀၂၄၀၀၀ ကျပ်ရှိခဲ့ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကတော့ ယခုတစ်ပတ်မှာလည်း စျေးထပ်ကျပါတယ်။ တစ်တန်ကို ၃၀၀၀၀ ကျော်မှ ၅၀၀၀၀ လောက်အထိထပ်ကျလာပါတယ်။။ ပဲစဥ်းငုံကလည်း ပြည်တွင်းမှာ လက်ကျန်နည်းပေမယ့် ပြည်ပ ဝယ်လိုအားနည်းတဲ့အတွက် စျေးကွက်အကျဘက်မှာပဲ ရှိနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၀၅၀၀၀ မှ၂၇၅၂၀၀၀ကျပ်ရှိပါတယ်။

    အရင်အပတ် က တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၇၅၅၀၀၀ မှ ၂၇၈၅၀၀၀ ကျပ်ရှိခဲ့ပါတယ်။

    ကြက်သွန်ဖြူ

    ပြည်တွင်းစျေးကွက်မှာ ကြက်သွန်ဖြူစျေးနူန်း မြင့်တက်လာနေပါတယ်။ လက်ရှိ ဩဂုတ်လ ထဲမှာမှ စျေးတန်းကမြင့်တက်လာတာဖြစ်ပါတယ်။တရုတ်ကနေတင်သွင်းရတဲ့ ကြူကုတ်ကြက်သွန်က အဝင်နည်းလာတာကြောင့် စျေးတက်လာတာဖြစ်ပြီး ဒေသကြက်သွန်တွေကတော့ ကြူကုတ်မြင့် တက်မှုကြောင့် စျေးအပြိုင်တက်လာတာ ဖြစ်ပါတယ်။

    ကြူကုတ်က ဇူလိုင်လကထက် ဩဂုတ်လမှာ တစ်ပိဿာကို ၈၀၀၀ လောက်မြင့်တက်လာပြီး ဒေသရှမ်းကြက်သွန်က ၁၀၀၀ လောက်မြင့်လာတာ ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကြူကုတ်တစ်ပိဿာကို ၁၈၀၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်ရှိပြီး ပြင်ပ လက်လီစျေးကွက်မှာတော့ တစ်ပိဿာကို အနိမ့်ဆုံး ၂၀၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။

    ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ အောင်ပန်းထူး ၂ တစ်ပိဿာကို ၅၀၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၆၀၀၀ ကျပ်၊အောင်ပန်းထူး ၄က ၇၀၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၈၀၀၀ ကျပ်ရှိ ပါတယ်။

    သကြား

    သကြားကတော့ပြည်တွင်းမှာ စျေးကွက်အေးနေပါတယ်။ သကြားကို ပြည်ပတင်ပို့မှာ လျော့ကျတဲ့ အခြေအနေတွေကြောင့် လက်ရှိမှာ ပြည်တွင်းစားသုံးမှုသာရှိလို့ စျေးကအကျ မှာရှိနေတာ ဖြစ်ပါတယ်။

    ကမ္ဘာ့သကြားစျေးက ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့သကြားစျေးထက် နည်းနေတဲ့အတွက် ပို့ကုန့်သမား တွေမှာ တွက်ခြေမကိုက်တာကြောင့် သကြားကိုပြည်ပမတင်ပို့နိုင်ဘဲ ပြည်တွင်းမှာသာ အဓိကရောင်း ချနေရတာဖြစ်တယ်လို့သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မ သကြားတပိဿာကို ၄၄၀၀ မှ ၄၆၀၀ ကျပ်သာရှိပါတယ်။

    AMIA

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။

    ----------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
9
comments
0
views
3630