cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းကြက်သွန်ဖြူများ စျေးတက်လာ📈📈

. ဈေးကွက်သတင်းများ
ကြူကုတ်အဝင်နည်းနေ၍ ရှမ်းကြက်သွန်ဖြူများ စျေးတက်လာကြောင်း ကုန်သည်များထံမှ သိရသည်။
  • လက်ရှိ တရုတ်နိုင်ငံမှဝင်သော ကြူကုတ်ကြက်သွန်များ စျေးကွက်တွင် ပစ္စည်းပျက်သွားခြင်းကြောင့် ကျဆင်းနေသည့် ရှမ်းကြက်သွန်များ စျေးပြန်ကောင်းလာကြောင်း စျေးကွက်မှ သိရပါသည်။

    “ကြူကုတ်ကြက်သွန် စျေးကွက်ထဲပစ္စည်း ပြတ်သွားလို့ ရှမ်းကြက်သွန် စျေးပြန်တက်လာပါတယ်။ စျေးကွက်အရ ကြူကုတ်မရှိရင် ရှမ်းကထိုးတက်မှာ။ ရှမ်းမရှိရင် ကြူကုတ်က တက်တယ်။ ရှမ်းမြောက် ပိတ်ထားတာတို့၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတို့ ဆိုရင် ကြူကုတ် အဝင်နည်းသွားမှာပဲ“ ဟု exporter တစ်ဦးက ပြောသည်။

    လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ထူး-၂တစ်ပိဿာလျှင် ၄၅၀၀ ကျပ် နှင့် အောင်ပန်း ထူး ၃ တစ်ပိဿာ လျှင် ၅၅၀၀ ကျပ် ၊ နှင့် အောင်ပန်း ထူး -၄ တစ်ပိဿာလျှင် ၆၅၀၀ ကျပ် ၊ အောင်ပန်း ထူး- ၅ တစ်ပိဿာလျှင် ၇၅၀၀ အထိ ၊ပေါက်စျေးရှိပြီး တစ်ပိဿာလျှင် ၅၀၀ ကျပ် မှ ၇၀၀ ကျပ်အထိ ပြန် လည် မြင့်တက်လာကြောင်း တွေ့ ရပါသည်။

    ထို့အပြင် ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿာလျှင် ၁၈၅၀၀ မှ ၁၉၀၀၀ ကျပ် အထိ

    ပေါက်စျေးရှိကြောင်းလည်း သိရပါသည်။

    ထို့ ကြောင့် စျေးတက်ချိန်တွင် အမြန်ဆုံး ထုတ်ရောင်းသင့်ကြောင်း ဆက်လှောင်ထားရန် မသင့်သည့် ကုန်စည်ဖြစ်ကြောင်း စျေးကွက် နားလည်သူများက သုံးသပ်ကြသည်။

    စျေးပြန်တက်လာသည့်အတွက် ကြက်သွန်စိုက်တောင်သူများအတွက် ပြန်လည် အဆင်ပြေလာမည် ဖြစ်ကြောင်း သိရပါသည်။

    ကြက်သွန်ဖြူကို ပြည်တွင်း၌ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးကြခြင်း ဖြစ်ပြီး လက်ကျန် နည်းနေပြီး ဖြစ်ကြောင်းလည်းသိရသည်။

    “အရင် အပတ်ကဆို ဝယ်မယ့်သူကို မရှိဘူး ။ အခုက တောင်သူတွေ ပြန်အဆင်ပြေလာနိုင်

    တဲ့ အနေအထားပါ။ စျေးတက်ချိန်တွင် အမြန်ဆုံး ထုတ်ရောင်းသင့်ပါတယ်။ “ ဟု အောင်ပန်း မှ ကုန်သည် တစ်ဦး ကပြောထားသည်။


    လက်ရှိ တချို့ ဒေသများတွင် ရေကြီးရေလျံ ဖြစ်ပေါ်နေသည့်အတွက် လမ်းပန်ဆက်သွယ်ရေး အခက်အခဲများကြောင့် အဝင်နည်းလာ၍ ရှမ်းကြက်သွန်ဖြူများအပြင် တရုတ်ကြူကုတ် ကြက်သွန်များ ပါ အမြင့်စျေးတွင်ရှိနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

    ယင်းအပြင် ထူး -၁တစ်ပိဿာလျှင် ၄၅၀၀ကျပ် ၊ အောင်ပန်း ထူး-၂ တစ်ပိဿလျှင် ၅၅၀၀ကျပ် နှင့် အောင်ပန်း ထူ - ၃ တစါပိဿာ လျှင် ၆၀၀၀ ကျပ် ၊ နှင့် အောင်ပန်း ထူး- ၄ တစ်ပိဿာ လျှင် ၇၅၀၀ ၊ ထူး-၅ တစ်ပိဿာ လျှင် ၈၀၀၀ ကျပ် အထိ အသီးသီးပေါက်စျေးရှိကြောင်း သိရသည်။

    ကြက်သွန်ဖြူအား ရှမ်းပြည်နယ် အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့တို့မှာ အဓိကထား စိုက်ပျိုးကြပြီး

    မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကြက်သွန်ဖြူပိဿာချိန် သိန်း ၅၀ ခန့် စားသုံးကြကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။

    ----------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
10
comments
0
views
2040