cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပင်လယ်နဲ့ကုန်းမြေအကြား သဘာဝတရားမှဆက်နွယ်ပေးထားတဲ့ အဖိုးတန် ဒီရေတော

. စိုက်ပျိုးအသိပညာ
တချို့က ဒီရေတောလို့ခေါ်ကြတယ်။ တချို့က လမုတောလို့ခေါ်ကြတယ်။ တချို့ကတော့ ဒီဂျင်းတော လို့လည်းခေါ်ကြပြီး တချို့ကတော့ ပရုန်းတောလို့လည်းခေါ်ကြပြန်ပါတယ်။
  • ဒေသအပေါ်လိုက်ပြီး ခေါ်ဆိုကြတဲ့ ဒီရေတောတွေရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အများပြည်သူ ကို တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနေတဲ့ ကမ်းခြေစောင့်တံတိုင်းကလေးတွေ ဆိုရင်လည်းမမှားပါဘူး။  

    ဒီရေအမြင့်ဆုံးနဲ့ အနိမ့်ဆုံးအကြားပေါက်ရောက်တဲ့ အပင်တွေအားလုံးကို ဒီရေတောတွေ လို့ခေါ်ပါတယ်။ နေ့စဉ် ဒီရေအတက်အကျရှိတဲ့ ဒေသတွေမှာ ပေါက်ရောက်ရှင်သန်နေတဲ့ အမြဲစိမ်းသစ်တောတွေ ဖြစ်ပါတယ်။ ဒီရေတောတွေဟာ ပင်လယ်ဒီရေအတက်အကျအောက်မှာ ရှင်သန်နိုင်ပါတယ်။ ဒီရေရောက်ရှိမှု အပေါ်အခြေခံပြီး သစ်မျိုးတွေကွဲပြားခြားနား ပေါက်ရောက် တတ်ကြပြီး ဒီရေရဲ့သဘာဝဟာ ဒီရေတော တွေအတွက် အဓိကအခြေခံအချက်ဖြစ်ပါတယ်။  

    ကမ္ဘာရဲ့ ၄၂ ရာခိုင်နှုန်းသောဒီရေတောတွေကို အာရှ တိုက်မှာတွေ့ရပြီး ၂၁ ရာခိုင်နှုန်းကိုတော့ အာဖရိက နိုင်ငံတွေမှာတွေ့ရပါတယ်။ ၁၅ ရာခိုင်နှုန်းကိုတော့ အမေရိကားမြောက်ပိုင်းနဲ့ အလယ်ပိုင်း တို့မှာတွေ့ရပြီး ၁၂ ရာခိုင်နှုန်းကိုတော့ ဩစတြေးလျနဲ့ကျွန်းဆွယ်တွေမှာတွေ့ရပါတယ်။ တောင် အမေရိက မှာတော့ ၁၁ ရာခိုင်နှုန်းသော ဒီရေတောတွေကို တွေ့ရတယ်လို့ဆိုပါတယ်။ 

    ဒီရေတော အပင်တွေဟာ မိခင်အပင်ကြီးပေါ်မှာ အပင်လောင်းတပါတည်းထွက်ပေါ်တဲ့ ပင်ထက်မျိုး ပေါက်တဲ့သစ်စေ့သဘာဝရှိပါတယ်။ ပင်လယ်ရေငန်မှာရှင်သန်နိုင်ပါတယ်။ ပြီးတော့ သူ့မှာ လေရှုမြစ်တွေ ရှိပါ‌သေးတယ်။ လေရှုမြစ်တွေဟာ အမြစ်ပိုင်းအစာစုပ်ယူဖို့လိုအပ်တဲ့ လေဖိအား အတွက် အောက်ဆီဂျင်စုပ်ယူထားခြင်း သာမက အပင်အတွက် အစာချက်လုပ်ခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ပေးပါတယ်။  

    ဒီရေတောမျိုးစိတ်ပေါင်းများစွာ (တချို့က မျိုးစိတ်ပေါင်း ၈၀ ခန့်၊ တချို့ကတော့ မျိုးစိတ်ပေါင်း ၆၀ ခန့်) ရှိတယ်လို့ဆိုကြပါတယ်။ အားလုံးကတော့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ ရေဝပ်ဒေသ ဒါမှမဟုတ် ရေတိမ် ဒေသ (wetland) တွေကို ခေါ်ဆိုပါတယ်။ ဒီရေတောအပင်မျိုးစိတ်တွေဟာ အေးခဲတဲ့ ရာသီဉတုကို ခံနိုင် ရည်မရှိတာကြောင့် အပူပိုင်းဒေသနဲ့ သမပိုင်းဇုန်တွေမှာသာ ရှင်သန် နေနိုင်ကြပါတယ်။ အောက်ဆီဂျင် နည်းပါးတဲ့ မြေဆီလွှာမှာပေါက်ရောက်နိုင်ကြပြီး အဲဒီမြေဆီလွှာ တွေဟာ ရေစီးမပြင်းတဲ့နေရာတွေမှာ တည်ရှိပြီး အနည်တွေကို စုမိစေပါတယ်။ 

    ဒီရေတောတွေရဲ့ထူထပ်လှတဲ့ အမြစ်၊ ကားထွက်နေတဲ့ ခြေတံလက်တံတွေကို အဝေးကနေ အလွယ်တကူ သတိပြုမိနိုင်ပါတယ်။ အဲဒီအမြစ်တွေဟာ နိစ္စဒူဝ ဒီရေအတက်အကျကို ကိုင်တွယ် ပေးနိုင်ပါတယ်။ ဉပမာအားဖြင့် ဒီရေအတက်အကျမှာ အနည်တွေမျောပါမသွားအောင် ကာကွယ် ပေးတာမျိုး၊ ကမ်းရိုးတန်းဒေသရဲ့ ဒီရေလှိုင်းတွေ၊ ပြင်းထန်တဲ့ ရေစီးကြောင်းတွေနဲ့ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ မြေတိုက်စားမှုအန္တရာယ်တွေကနေ ကာကွယ်ပေးတာမျိုးဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအမြစ်စနစ်တွေ ဟာ ငါးအပါအဝင်ရေနေသတ္တဝါတွေရဲ့ နားခိုပေါက်ဖွားရာနေရာလည်းဖြစ်ပါတယ်။  

    ဒီရေတောဆိုတာ ပင်လယ်ပြင်နဲ့ကုန်းမြေအကြား လူသားတွေအတွက်သဘာဝတရားကပေးခဲ့တဲ့တန်ဖိုး မဖြတ်နိုင်တဲ့လက်ဆောင်လည်းဖြစ်ပါတယ်။  

    worldviewmyanmar မှ ကူးယူမျှဝေသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
6
comments
0
views
2199