"ဝါဆို/ဝါခေါင် ရေဖောင်ဖောင်မှာ သပြေသီးမှည့်ကောက်ရအောင်"
- ၀မ်းအတွင်းရှိ ရွှေမှုန့်၊ကြေးမှုန့်၊သံမှုန့်မြေဖြူမှုန့်၊မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ၀င်ရောက်၍ ၀မ်းဗိုက်အောင့်ခြင်း ထိုးခြင်းဖြစ်ပါကသပြေသီးကို သတိရကြပါ။ - (၁) သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား (၇)ရက်မျှ ပြုလုပ်ပြီး (၇)ရက်ပြည့် လျှင် မန်ကျည်းဖျော်ရည်သောက်ပေးရသည်။ ၀မ်းတွင်းရှိအမူန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွားတော့သည်။ - (၂) သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိစားပြီး ၀မ်းနုတ်ပေး၍ လည်းမလိုလားအပ်သောအမှုန့်များ၊ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်သမားဆရာတစ်ဦး ပြောပြသော နည်းဖြစ်ပါ သည်။ ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေး၀မ်းပြုရာက၀မ်း တွင်းသို့ ဆံပင်စများ ၀င်သည်များလာကာ ဗိုက်အောင့် သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများ ကျသွားသည်ဟုဆိုပါသည်။ - သပြေသီးမှည့်သည့် ရင်သားကင်ဆာမဖြစ်ပွား စေအောင် ကာကွယ်ပေးနိုင်သည့်အပြင် ၊ရင်သားကင်ဆာဝေဒနာရှင်တို့ သပြေသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပြန့်ပွားအောင် ထိန်းထားနိုင်သည်ဆိုပါသည်။ - သပြေသီးသတ္တုရည်ကို လိမ်းပေးပါက ဘောက်ထတတ်တဲ့ ဦးရေပြားမှိုစွဲခြင်း ရောဂါပျောက်ကင်းစေသည်။ သပြေသီးတွင် ချိုဖန်သောအရသာရှိသည်။ သပြေသီးချိန် တွင် သပြေသီးမှည့်ကို စားပေးခြင်း၊သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ညစား ပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာပျောက် ကင်းစေပါသည်။ - သပြေသီးတင်မဟုတ် သပြေစေ့စားပါက ဆီးချိုရောဂါအတွက် အပင်တွင် ဆေးစွမ်း အကြီးဆုံးက သပြေသီးမှည့်၏အစေ့ဖြစ်ပါသည်။ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့် ပြုလုပ်ပြီး နေ့စဉ်လက်ဖက်စားဇွန်း(၁) ဇွန်းနှုန်း နံနက်ညသောက်ပေးပါကဆီးချို တကယ်ပျောက်သည် ဆိုပါသည်။ - အိန္ဒိယဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေး အဖြစ်တိုက်ကြွေးသည့် အပြင် မှက်၊ခြင်၊ တို့ မကိုက်စေရန် သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက်လိမ်း ကျံကြသည်။ သတိပြုရမည့်အချက်မှာ အစာမကြေသူများ၊ကိုယ်၀န်ဆောင်သူများနှင့် မတည့်ပါဆေးဖက်၀င်သည် ဆိုသော်လည်း လွန်လွန်ကျွံကျွံမစားသုံးသင့်ပါ။ - ရဲမျိုးသူ(ဗောဓိမြိုင်) - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
