ဘာဆေးတွေအစုံစားစား လေးညှင်းပွင့်တော့ငုံထား.
- ရရှိမဲ့အကျိုးကျေးဇူးကတော့ - - သင်ဟာခါတိုင်း မနက်ထဝမ်းမသွားဘူး ဝမ်းချုပ်တတ်သူဆိုရင် မကြာခင် ဝမ်းသွားချင်လာပါလိမ့်မယ်။ - သင်ဟာခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ်မရှိသူဖြစ်နေရင်တောင် လေးညင်းပွင့်ငုံထားပြီး မကြာခင်မှာ စားချင်သောက်ချင်စိတ်တွေပေါ်လာပါလိမ့်မယ်။ - သင်ဟာ ခံတွင်းအနံ့ဆိုးသူဆိုရင် လေးညှင်းပွင့်က သင့်ကို စကားပြောတဲ့အခါ အာပုတ်နံ့ထွက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ - သွားမှာအခေါင်းရှိသူတွေ၊ သွားခြေမှာရောင်ရမ်းမှုရှိသူတွေ၊ သွားကိုက်တတ်သူတွေအတွက် လေးညှင်းပွင့်က သွားဆရာဝန်ပါ။ - အအေးပတ် နှာစေး၊ နှာရည်ကျသူအတွက်ကုဆေးကတော့ လေးညှင်းပွင့်ပြုတ်ရည်ပူပူလေးကို မှုတ်သောက်ပေးပြီး လေးညှင်းပွင့်ကို တစ်ပွင့်ပြီးတစ်ပွင့် အာနီသင်ကုန်သွားရင် အသစ်လဲပြီး ပါးစပ်ထဲမှာငုံထားပေးရင် သုံးရက်အတွင်း နှာစေးရောဂါပျောက်ပါတယ်။ - ခေါင်းကိုက်သူများ လေးညှင်းပွင့်ကို ငုံထားခြင်းဖြင့် တဖြည်းဖြည်းသက်သာလာတာကိုတွေ့ရပါတယ်။ - ဆီးချိုရောဂါရှိသူများဟာ ထမင်းစားပြီးတိုင်း လေးညှင်းပွင့် (၃)ပွင့် ငုံထားပြီး တဖြည်းဖြည်း ဝါးပြီးအရည်ကိုမျိုချကြည့်ပါ။ ဆီးချိုမတက်တာတွေ့ရပါလိမ့်မယ်။ - သွေးတိုးရှိသူများဟာ မနက်ထမျက်နှာသစ်ပြီးသွားတိုက်ပြီးတာနဲ့ လေးညှင်းပွင့်နှစ်ပွင့် ငုံပေးထားရင် သွေးတိုးခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ - ညအိပ်မပျော်သူများဟာ မအိပ်မီ တစ်နာရီခန့်ကြိုတင်ပြီးလေးညှင်းပွင့်ငုံထားပေးခြင်းဖြင့် အိပ်ပျော်စေနိုင်ပါတယ်။ - လေးညှင်းပွင့်ဟာ တိုင်းရင်းဆေးကျမ်းများအလိုအရ ထက်မြက်တဲ့ဂုဏ်ရှိပါတယ်။ ပွင့်စေတဲ့သတ္တိအာကာသသတ္တိရှိပါတယ်။ ဝမ်းမီးတောက် အစာကြေ အူလမ်းကြောင်း ပွင့်စေတဲ့သတ္တိ လည်းရှိပါတယ်။ - အနောက်တိုင်း Harval medicine အရတော့ လေးညှင်းရဲ့သတ္တိဟာ ရောဂါဗေဒမှာကုသရအခက်ဆုံးဖြစ်တဲ့ ကင်ဆာကိုတောင် ကာကွယ်နိုင်တဲ့ သတ္တိရှိတယ်လို့ဆိုပါတယ် - ကြည်လွင်မြင့်(မုဒြာ) ထံမှ ကူးယူဖော်ပြသည်။ - --------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
