cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်နီ အရောင်းအဝယ်သွက်

. ဈေးကွက်သတင်းများ
ကြက်သွန်နီ ကုန်အဝင်နည်းလို့ အရောင်းအဝယ်သွက်၊ ကားအဝင်ထပ်နည်းပါက စျေးတက်လာနိုင်
  •  နယ်စပ်ကနေ ပြည်ပကို ကြက်သွန်နီတင်ပို့မှုရပ်သွားပေမယ့် ယခုရက်ပိုင်းမှာ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်နဲ့ နယ်ကုန်စည်ဒိုင်စျေးကွက်တွေကို ကြက်သွန်နီကုန်ချိန် ဝင်ရောက်မှုနည်းလာတဲ့အတွက် အရောင်းအဝယ်သွက်နေတယ်လို့ ကုန်သည်တွေနဲ့ပွဲရုံတွေဆီက သိရပါတယ်။ 

     ယခုအတိုင်းသာ ကုန်စည်ဒိုင်တွေကို ကြက်သွန်ကားအစီးရေဝင်ရောက်မှုနည်းပါက ကြက်သွန်နီစျေးကွက် အတက်ဘက်ကိုပြန်လည်ရောက်ရှိလာနိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ ကုန်ချိန်ထိန်းပြီးရောင်းချကြဖို့ ကုန်သည်တွေကအကြံပြုပြောဆိုပါတယ်။ 

     "ရန်ကုန်ကို ကြက်သွန် ကားနည်းသွားတဲ့အတွက် အရောင်း  အဝယ်သွက်တယ်။ ရောင်းမလောက်ဘူးစျေးကတော့ပစ္စည်းကြည့်ရောင်းပေါ့။ နောက်(၃)ရက် လောက်ကားအဝင်ထပ်နည်းရင် စျေးတက်နိုင်မယ်။" လို့ ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။ 

     ယနေ့ ဩဂုတ် ၂၇ ရက်နေ့မှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်ကားအစီးရေ ၁၅ စီးသာဝင်ရောက်မှုရှိပြီး စျေးတန်းအနေနဲ့ ဆိပ်ဖြူက တစ်ပိဿာကို ၇၅၀ - ၁၆၀၀ ကျပ်စျေးဖွင့်ထားပါတယ်။ မုံရွာက ၈၅၀ မှ ၁၆၅၀ ကျပ် နဲ့ မြင်းခြံကြက်သွန်က ၆၀၀ မှ ၁၄၀၀ ကျပ်စျေးတန်းဖွင့်ထားပါတယ်။ 

    ဩဂုတ် ၄ ရက်နေ့မှာတုန်းက ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန် ကားအစီးရေ ၃၁ စီးဝင်ရောက်ခဲ့ပြီး စျေးတန်းအနေနဲ့ မုံရွာကြက်သွန်က ၈၅၀ မှ ၁၇၀၀ ကျပ်၊ ဆိပ်ဖြုက ၈၅၀ မှ ၁၇၀၀ ကျပ်၊မြင်းခြံက ၆၀၀ မှ ၁၆၅၀ ကျပ်၊ ရွှေဘိုကြက်သွန်က ၁၁၀၀ မှ ၁၇၀၀ ကျပ်သာ စျေးဖွင့်ခဲ့ပါတယ်။  

    ဒါကြောင့် စျေးကွက်အနေနဲ့ကတော့ ကြက်သွန်နီ တစ်ပိဿာ ၁၀၀ မှ ၂၅၀ ကျပ်လောက်စျေးပြန်ကျသွားတာကိုတွေ့ရပါတယ်။ 

     " ရန်ကုန်ကို အရင်ကပုံမှန်ဆို ကားအစီး ၂၀ နဲ့ ၃၀ လောက်ကအမြဲဝင်တယ်။စျေးကျချိန်ကားအဝင်မျာရင်ဆိုးတာပေါ့။ဒါပေမယ့်အခုရက်ပိုင်း ကားအဝင်နည်းတော့ အရောင်းအဝယ်သွက်တယ်။ဝယ်လိုသူများလာတယ်။ဒီတိုင်းဆိုစျေးပြန်တက်မယ်။ကားအဝင်နည်းဖို့မျှော်လင့်တယ်။" လို့ ကုန်သည်တစ်ဦးကပြောပါတယ်။ 

     မြင်းခြံကုန်စည်ဒိုင်မှာ ယနေ့ ဩဂုတ် ၂၇ ရက်မှာ ကြက်သွန်ပိဿာချိန် ၄၆၂၄၀ ဝင်ရောက်မှုရှိပြီး စျေးတန်းအနေနဲ့ ၅၀၀ မှ ၉၀၀ ကြားစျေးပြတ်တယ်လို့သိရပါတယ်။ 

     မြင်းခြံကုန်စည်ဒိုင်ကိုတော့ လက်ရှိမှာ ကုန်းမြေစိုက်ပျိုးတဲ့ ကြက်သွန်အကြီးစ၊အမာစ၊အလှတွေ ဝင်ရောက်မှုမရှိဘဲ ချောင်းစိုက်ကြက်သွန်တွေပဲ ဝင်ရောက်နေကြောင်း ၊ ကြက်သွန်အရည်အသွေး ပေါ်လိုက်ပြီး စျေးအတက်အကျရှိနေတယ်လို့သိရပါတယ်။ 

     ယခင်က  ကြက်သွန်ကို ပြည်ပတင်ပို့မှုအနေနဲ့ ထိုင်း - မြန်မာနယ်စပ်ကနေ တင်ပို့မှုရှိခဲ့ပေမယ့် ဩဂုတ် ၁၈ ရက်နေ့ကစပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးတံတားဖြစ်တဲ့ ချစ်ကြည်ရေးတံတား အမှတ် ၂ ပိတ်သွားတာကြောင့် ကြက်သွန် တင်ပို့မှုလည်းရပ်တန့်သွားပါတယ်။ 

    ဒါကြောင့်မြဝတီ နယ်စပ်ကနေ ထိုင်းကို ကြက်သွန်နီတင်ပိုဖို့အတွက် နယ်စပ်လိုင်စင်ရရှိထားတဲ့ကုန်သည်တွေမှာ ပြည်ပကိုတင်ပို့နိုင်ခြင်းမရှိတော့ဘူးလို့သိရပါတယ်။ 

     ယခုနှစ်မှာ ကြက်သွန်နီစိုက်ပျိုးစရိတ်တွေ ကုန်ကျမှုမြင့်တက်ခဲ့ပေမယ့် ကြက်သွန်အထွက်နူန်းလျော့ကျခြင်း ၊ စျေးကွက်ကျဆင်းခြင်းတွေကြောင့် တောင်သူတွေမှာ အရှုံးနဲ့ ကြုံတွေ့နေရပါတယ်။  

    ပြည်တွင်းမှာက ကြက်သွန်နီကို  မကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းမှာ အဓိကအများဆုံးစိုက်ပျိုးကြပြီး ကျန်တဲ့ ပဲခူးတိုင်း အပါနေရာအချို့မှာလည်း ဒေသတွင်း စားသုံးမှုမှာ ရောင်းချဖို့ အတွက်စိုက်ပျိုးမှုရှိကြတယ်လို့သိရပါတယ်။ 

     ချစ်ခွန်းချို(AMIA) For Htwet Toe 

    ✦✦✦✦✦✦✦✦  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
1944