ရှမ်းပြည်နယ် ဩဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက်အထိ မိုးလေဝသအခြေအနေ
- ဩဂုတ်လ ၂၉ ရက် ည သန်းခေါင်ကျော်၊ ၃၀ ရက်နေ့ နံနက်ပိုင်းမှာ တောင်တရုတ်ပင်လယ်က လေဖိအားနည်းရပ်ဝန်း Tropical Depression 20W(TWENTY)သည် အပူပိုင်းမုန်တိုင်း(Tropical Storm – TS)ဖြစ်လာပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပါမယ်။ - ဩဂုတ်လ ၃၀ ရက် နေ့လည်ပိုင်း(ဗီယက်နမ်စံတော်ချိန် ညနေပိုင်း/ညပိုင်းမှာ)ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်၊ အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းလေပွေလှိုင်းအဆင့်ကို အားလျော့သွားပြီး လေပွေလှိုင်းနဲ့ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေသည် လာအိုနိုင်ငံတောင်ပိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတွေကတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းကို ကယားပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းနယ်စပ်အနီးမှဖြတ်သန်းဝင်ရောက်ပြီးတဲ့အခါ ပဲခူးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(နေပြည်တော်)၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေအထိဆက်လက်ရွေ့လျားဖြတ်သန်းသွားမှာဖြစ်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်/မိုးအလွန်များနိုင်ကြောင်း - ဖေါ်ပြပါပြည်နယ်တိုင်းဒေသများအတွင်း ၇၂ နာရီအတွင်းမိုးရေချိန် ၃ လက်မ မှ ၁၀ လက်မအထက်အထိနေရာကွက်၍ မိုးများနိုင်သည့်ဒေသများရှိနိုင်မှာဖြစ်ကြောင်း - ECMWF, ICON စ တဲ့ ကြိုတင်ခန့်မှန်းရေး model တွေက ခန့်မှန်းထားတာတွေ့ရပါတယ်။ - ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၅ ရက်အတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေခန့်မှန်း - - · ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့၊ မန္တလေးတိုင်းနှင့် ထိစပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင် မိုးအသင့်ရွာသွန်းရရှိနိုင်ပြီး ကျန်ပြည်နယ်ဒေသအားလုံးတွင် မိုးနည်းနေနိုင်ပါမည်။ - · ရှမ်းပြည်နယ်တခုလုံးတွင် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မဝန်းကျင်ရွာသွန်းနိုင်ပြီး ၀.၈ လက်မအထက်ပိုမိုရွာသွန်းနိုင်မည်မဟုတ်ပါ။ - · ယခုတပတ်အတွင်းရောက်ရှိလာနိုင်သည့် မုန်တိုင်းအကြွင်းအကျန်ဝင်ရောက်လာနိုင်သည့်လမ်းကြောင်းကြောင့် ရှမ်းပြည်နယ်တွင် မိုးများနိုင်ခြင်းမရှိပါ။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းတို့ အမြင့်ဆုံးနေ့အပူချိန် ၃၀°C ရှိနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၄°C ရှိနိုင်ပါမယ်၊ အနိမ့်ဆုံးညအပူချိန်များအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၁°C ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၂၄°C နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၈°C ရှိနိုင်ပါမယ်။ - ရှမ်းပြည်နယ်အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိရှိနိုင်ပါတယ်၊ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% အတွင်းမှာ ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခံစားရတဲ့အပူချိန်(Temperature Felt) ၃၅°C အထိရှိနိုင်ပါတယ်။ - ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်၊ မောက်မယ် စ တဲ့မြို့တွေမှာ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်း(၁၁ နာရီမှ ၁၂ နာရီအတွင်း) ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(UV Index) 11 အထိရှိနေနိုင်တာကြောင့် အဲ့ဒီအချိန်အတွင်း နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေခြင်း၊ နေကိုတိုက်ရိုက်ကြည့်ရှုခြင်းများ မပြုလုပ်သင့်ပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ရှမ်းပြည်နယ်အတွင်း စပါးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - ရှမ်းပြည်နယ်အတွင်း စပါးစိုက်ပျိုးရာတွင် ရွက်လိပ်ရွက်ကပ်ပိုး သတိပြုကာကွယ်ပေးပါ။ ဖျက်ဆီးပုံမှာ-အရွက်များပေါ်တွင် အလင်းဖေါက်နိုင်သော အဖြူရောင်အစင်းများရှိနေခြင်း၊ အရွက်များလိပ်နေခြင်း၊အရွက်မပြန့်သေးသောရွက်နုများ၏အောက်ခြေပိုင်းတွင် ရွက်လိပ်ပိုးသားလောင်း အငယ်အဆင့်များစားသောက်နေသည်ကိုတွေ့နိုင်ပါသည်။ - ကာကွယ်နှိမ်နင်း နည်းလမ်းများမှာ- - ပိုးဒဏ်ခံနိုင်သောစပါးမျိုးများကိုရွေးခြယ်စိုက်ပျိုးခြင်း၊
- အခြားသောသီးနှံများနှင့်သီးလှည့်စိုက်ခြင်း၊
- လယ်ကွက်အတွင်းနှင့် ကန်သင်းပေါ်ရှိပေါင်းမြက်များကိုနှိမ်ခြင်း၊
- ကောက်ကွက်ကျဲကျဲစိုက်ခြင်း၊
- ပုလဲမြေသြဇာတမျိုးတည်းသုံးစွဲခြင်းမှရှောင်ကျဉ်ပြီး N:P:K မြေသြဇာများကို စနစ်တကျ အချိုးကျသုံးစွဲခြင်း၊
- ရိုးပြတ်များကိုစပါးရိတ်သိမ်းပြီးချိန်တွင်ဖျက်ဆီးပေးခြင်းများလုပ်ဆောင်ပေးသင့်ပါသည်။
- ပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက Carbosulfan ၊ Cartap Hydrochloride နှင့် Indoxacarb၊ Emamectin Benzoate ပိုးသတ်ဆေး တစ်မျိုးမျိုးကို တစ်ပတ်ခြားတစ်ကြိမ် စီသုံးပေးခြင်းဖြင့်ကာကွယ်နှိမ်နင်းနိုင်ပါသည်။
 - ငါးအစာကျွေးခြင်းဆိုင်ရာ အကြံပြုချက် - ငါးမွေးမြူ ရေးလုပ်ငန်းအတွက် ကန်ရေအပူချိန်သည် 25°C မှ 32°C အတွင်း (စံ)ထားသော်လည်း ၊ ကန်ရေအပူချိန် ( 27°C , 28°C, 29°C, 30°C ) အနေအထားမျိုးတွင် အစာစားနှုန်း ကောင်းမွန်ကြပါသည်။ - ထို့ကြောင့် ငါးမွေးကန်တခု၏ မနက်ပိုင်း အပူချိန်နှင့် ညနေပိုင်း အပူချိန်တွင် ညနေပိုင်းတွင် ကန်ရေအပူချိန်မြင့်တက်နေသဖြင့် အစာကို ညနေပိုင်းတွင် ပိုမိုစားသုံးကြပါသည်။ - ဖြည့်စွက်စာကို တွက်ချက်ကျွေရာတွင် ဥပမာ တနေ့လျှင် (၁)ပိဿာကျွေးရမည်ဆိုပါက ၊မနက်ပိုင်း ၄၀ကျပ်သား နှင့် ညနေပိုင်းတွင် ၆၀ ကျပ်သားကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ - ကန်ရေအပူချိန်သည် (စံ)သတ်မှတ်ချက် အတွင်း မရှိပါက အစာမကျွေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့အတူ မိုးရွာနေသောအချိန်တွင်လည်း အစာကျွေးခြင်းကို မပြုလုပ်ရန် အကြံပြုအပ်ပါသည်။ - မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
