မိုးများနိုင်၊ အလွန်များနိုင်ကြောင်း သတိပေးတင်ပြခြင်း ⭕⭕
. ရာသီဥတု သတင်းများ
⚠️ ဧရာဝတီတိုင်းမြောက်ပိုင်းမှ မြန်အောင်/ကြံခင်း နဲ့ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ မအီ၊ ကျောက်ဖြူဒေသတွေမှာလဲ ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်နေ့တွေမှာ မိုးများရာမှမိုးအလွန်များနိုင်ပါတယ်။
- ===== - ⚠️ ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ ဇီးကုန်းအထက်က ဘော်ဘင်ဆည်၊ အုတ်ဖို အထက်ဘက်က ချောင်းစောက်နဲ့မင်းလှဆည် ရေအဝင်ဧရိယာများ၊ ပုတီးကုန်းအထက်က ဝဲကြီးဆည်ရေဝင်ဧရိယာများမှာ ဩဂုတ် ၃၁ ရက် နံနက် ၂ နာရီမှ စက်တင်ဘာ ၁ ရက် နံနက် ၂ နာရီအထိ(၂၄ နာရီအတွင်း) မိုးရေချိန် ၇ လက်မအထက်မှ ၁၀ လက်မခန့်အထိရွာသွန်းနိုင်၊ မိုးအလွန်များနိုင်ကြောင်း ICON MODEL ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရပါတယ်။ - ⚠️ အလားတူဧရာဝတီတိုင်းမြောက်ပိုင်းမှ မြန်အောင်/ကြံခင်း နဲ့ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ မအီ၊ ကျောက်ဖြူဒေသတွေမှာလဲ ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်နေ့တွေမှာ မိုးများရာမှမိုးအလွန်များနိုင်ပါတယ်။ - (ဩဂုတ်လ ၃၀ ရက် ၊ ညနေ ၅ နာရီ ၃၀ မိနစ်) - Source: U Win Naing 
 
 
7
0
3490

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
