cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆေးဖက်ဝင် စမြိတ်ပင် စားသုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားမြှင့်တင်ပါ...

. ကျန်းမာရေးဆောင်းပါးများ
လတ်ဆတ်သောစမြိတ်ရွက်တစ်ပန်းကန်လုံးစာတွင် လူတို့အတွက် မရှိမဖြစ်လိုအပ်နေသည့် ဗီတာမင်နှင့် သတ္တု ဓာတ်အရင်းအမြစ်ကောင်းများဖြစ်သည့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်၊ ကော့ပါး၊ ဇင့်ခ်၊ ရီဗိုဖလာဗင်၊ ဗီတာမင်စီနှင့် ဗီတာမင်အေတို့လည်း ကြွယ်ဝစွာပါဝင်၏။
  • စမြိတ်ပင်ကို စမြိတ်နံနံပင်ဟုလည်း ခေါ်ကြပြီး ယင်း၏အင်္ဂလိပ်အမည်မှာ Bouquet Dill ဟု ခေါ်ဆိုသကဲ့သို့ Dill Oil Plant နှင့် East Indian Dill ဟုလည်းခေါ်ဆိုကြ၏။ ၎င်း၏ အရွက်များ၊ အစေ့များနှင့် ရနံ့မွှေးဆီတို့ကို အစားအစာများ ပြင်ဆင်ချက်ပြုတ်ရာ တွင်လည်းကောင်း၊ ဆေးဝါးအဖြစ်လည်းကောင်း တွင်ကျယ်စွာ အသုံးပြုကြ၏။ စမြိတ်ရွက်ကို ဥရောပနှင့် အာရှဟင်းလျာများတွင် ဟင်းခတ်အမွှေး အကြိုင်အဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိကြ၏။ 

    လတ်ဆတ်သောစမြိတ်ရွက်တစ်ပန်းကန်လုံးစာတွင် လူတို့အတွက် မရှိမဖြစ်လိုအပ်နေသည့် ဗီတာမင်နှင့် သတ္တု ဓာတ်အရင်းအမြစ်ကောင်းများဖြစ်သည့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်၊ ကော့ပါး၊ ဇင့်ခ်၊ ရီဗိုဖလာဗင်၊ ဗီတာမင်စီနှင့် ဗီတာမင်အေတို့လည်း ကြွယ်ဝစွာပါဝင်၏။ 

    • စမြိတ်ပင်တွင်ပါဝင်သည့် ဗီတာမင်အေသည် လူသားတို့အတွက် အရေးပါသည့် အမြင်အာရုံကောင်းမွန်စေခြင်းနှင့် ကိုယ်ခံစွမ်း အားစနစ်ကိုကျန်းမာစေရန် အထောက် အကူပြု၏။ ထို့အပြင် သားသမီးရတနာထွန်းကားလိုသူ များအတွက်လည်း အဖိုးတန်သော သဘာဝမှပေးသည့် လက်ဆောင်မွန်ကောင်းဖြစ်စေ၏။ 
    • စမြိတ်တွင်ပါဝင်သည့်ဗီတာမင်စီသည် ကိုယ်ခံစွမ်းအားစနစ်အတွက် အရေးပါသည့်အပြင် အရိုးဖြစ်စဥ် ကျန်းမာစေခြင်း၊ ထိခိုက် ဒဏ်ရာများ ဆောလျင်စွာ သက်သာစေနိုင်ခြင်းနှင့် ဇီဝကမ္မဖြစ်စဥ်ကောင်းမွန်စေခြင်းတို့အတွက် အထောက်အကူပြု၏။ ထိုမျှသာမက အသားအရေ ကောင်းမွန်ကျန်းမာစေခြင်းအပြင် တွယ်ဆက် တစ်သျှူးများ၏ ကြံ့ခိုင်ကျန်းမာရေးတို့ကိုလည်း အထောက်အကူပြုစေနိုင်၏။ 
    • မဂ္ဂနိစ်ကြွယ်ဝစွာပါဝင်သည့် စမြိတ်ရွက်သည် ဦးနှောက်နှင့် အာရုံကြောစနစ် ပုံမှန်လုပ်ငန်းများ လုပ်ဆောင် နိုင်စေခြင်းနှင့် သကြားနှင့်အဆီတို့၏ ဇီဝကမ္မဖြစ်စဥ်တို့အတွက် အထောက်အကူ ကောင်းတို့ ဖြစ်စေနိုင်၏။ 
    • စမြိတ်တွင်ပါဝင်သည့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် ဖော့စ်ဖရပ်စ်တို့ ပါဝင်သည့်အတွက် အရိုးကျန်းမာရေးကိုအထောက်အကူကောင်းဖြစ်စေ၏။ 
    • စမြိတ်ပင်မှ ထုတ်ယူရရှိသည့် ရနံ့မွှေးဆီသည် အမျိုးသမီးများ လစဥ်ဓမ္မတာလာသည့် အချိန်အခါတွင် ခံစားရတတ်သည့် ကိုက်ခဲနာကျင်ခြင်းဝေဒနာမှ သက်သာစေရန် အထောက် အကူပြု၏။ စမြိတ်ပင်သည် သင်းပျံ့သောရနံ့နှင့် ချိုမြရှတသော အရသာရှိပြီး ရှေးယခင် ကတည်းက အာယုဗေဒ ဆေးပညာရပ် တွင် အသုံးပြုခဲ့ကြ၏။ 
    • စမြိတ်ပင်တွင် ကိုယ်တွင်းရောင်ရမ်းနာကျင်ခြင်းကိုသက်သာစေနိုင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးခြင်းမရှိအောင် ကာကွယ်ပေးနိုင်ခြင်း ၊ သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရောများကိုကျဆင်းစေခြင်း၊ ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်း၊ အမျိုးသမီးများ ဓမ္မတာလာစဉ် ကိုက်ခဲနာကျင်ခြင်းနှင့် မီးဖွားချိန်ခါ နာကျင်ခြင်းတို့ကို သက်သာစေခြင်းတို့ကို ပေးစွမ်းနိုင်၏။ 
    • စမြိတ်ပင်တွင်ပါဝင်သည့် ဖလေဗာနွိုက်သည် ကင်ဆာရောဂါကို ဟန့်တားနိုင်စွမ်း၊ ဗိုင်းရပ်စ်ပိုးများကို တိုက်ဖျက် နိုင်စွမ်း၊ မှိုရောဂါကို တိုက်ဖျက်နိုင်စွမ်း၊ ဦး‌နှောက်နှင့် အာရုံကြောများ၏ကျန်းမာရေးကို ကာကွယ်ပေးနိုင်စွမ်းနှင့် ကိုယ်ခံစွမ်းအားကောင်းမွန်စေရန် ပံ့ပိုးနိုင်စွမ်းတို့ ရှိ၏။ 
    • သွေးအတွင်း မကောင်းသော ကိုလက်စထရောများခြင်းကြောင့် အဆီများစုပုံလာခြင်း၊ သွေးဖိအားတိုးခြင်းနှင့် သွေးကြောများပိတ်ခြင်း၊ နှလုံးနှင့် ဆက်စပ်ရောဂါများ ခံစားရခြင်းနှင့် လေဖြတ်ခြင်းဝေဒနာ တို့ သက်သာစေရန် စမြိတ်ရွက်ကို ပမာဏတစ်ရပ် သတ်မှတ်ပြီး နေ့စဥ်စားသုံးပေးခြင်းဖြင့် ဝေဒနာကို သက်သာစေနိုင်၏။ 
    • ဆီးချိုရောဂါကို ကာလရှည်ကြာစွာခံစားရပြီးနောက်ပိုင်းတွင် ဦး‌‌နှောက် မှတ်ဉာဏ်တစ်ပိုင်းတစ ချို့ယွင်းခြင်း၊ နှလုံး ရောဂါ၊ အရိုးပွရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ကိုယ်ခံစွမ်းအား လျော့နည်းလာခြင်း အစရှိ သည့် ဝေဒနာများ ခံစားလာရတတ်သည့်အတွက် စမြိတ်ရွက်ကို ဆေးအဖြစ် စားသုံးပေးခြင်းဖြင့် ဝေဒနာမဖြစ် အောင် ကြိုတင် ကာကွယ် ပေးနိုင်၏။ 
    • စမြိတ်စေ့ကို ရေနွေးကြမ်းလုပ်သောက်ပါက သားဖွားပြီး မိခင် လောင်းများအတွက် နှလုံးကို အလွန် အားပေး၏။ မီးတွင်းဆေးအနေနှင့် အသုံးပြုနိုင်၏။ အညာဒေသ၏ ထွက်ကုန်တစ်မျိုးဖြစ်သည့် စမြိတ်ရွက်ကို စျေးထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သကဲ့ သို့ စျေးဝယ်စင်တာကြီးများတွင်လည်း ဝယ်ယူရရှိနိုင်၏။ 

    စမြိတ်ရွက်ကို အသုံးပြု၍ ချက်ပြုတ်နည်းများ 

    • စမြိတ်ရွက်အစိမ်းကို ခရမ်းချဥ် သီးနှင့် ငါးခြောက်ချက်၊ ခရမ်းချဉ်သီးငါးပိချက်၊ ငါးပိရည်ကျို၊ ငါးပိထောင်း သံပရာရည်ဆမ်းတို့နှင့်အတူတွဲဖက်ပြီး တို့စရာအဖြစ် စားသုံးနိုင်၏။ 
    • စမြိတ်ရွက်ကို တစ်လက်မအရှည် ဖြတ်ထားပြီး ခလောက်ထားသော ကြက်ဥ/ဘဲဥတို့နှင့် အတူရောကြော်ပြီး စားသုံးနိုင်၏။ 
    • ကိုင်းခရမ်းချဥ်သီး၊ မုန်ညင်း ရွက်/ဖူးတို့နှင့်အတူ စမြိတ်ရွက်ကို ရောပြီး ချဥ်ရည်ဟင်းချက်စားပါကလည်း အနံ့အရသာနှင့် အလွန်ပြည့်စုံပြီး ခံတွင်းမြိန်စေ၏။  
    • ငါးမီးအုံးကို အသားနွှင်ပြီးနောက် ဆီးသီးဟင်းရည်သောက်ချက်၊ အရသာစိတ်တိုင်းကျ ပြီဆိုလျှင် စမြိတ်ရွက်ကို အုပ်၊ ငါးခြောက်ဖုတ် ပဲဆီဆမ်း၊ ခရမ်းချဥ်သီးငါးပိချက်ခပ်စပ်စပ်ချက်၊ တို့စရာအစုံနှင့် တွဲဖက်လိုက်လျှင်ဖြင့် အနည်းဆုံး ထမင်း ၂ ပန်းကန်ကုန်၊ အလွန်ပင် စားမြိန်လှ၏။ 
    •  စမြိတ်ရွက်ကို ကြိုက်နှစ်သက် သူများအတွက် ဟင်းရွက်စုံအသုပ်များနှင့်လည်း တွဲဖက်စားသုံးကြသကဲ့သို့ ငါး/ ပုစွန်ကင်၊ အသားကင်တို့နှင့်လည်း အတူစားသုံးနိုင်၏။ 

    သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် စမြိတ်ပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ် တနိုး တန်ဖိုးထား ပြီး ‌ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုး ကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ 

     ကြေးမုံငယ် မှ ကိုးကားဖော်ပြပါသည်။ 

    ---- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
2597