ယင်မဲသားလောင်းများကို အသုံးပြုပြီး ကြက်၊ ဝက်၊ ငါး အစာများပြုလုပ်ခြင်း
- ငါး၊ ကြက် နှင့်ဝက်မွေးမြူနေကြသော တောင်သူများသည် မိရိုးဖလာနည်းအရ ဖွဲန၊ ဖွဲကြမ်းနှင့် ဆန်ကွဲ ကိုသာကျွေးပြီး မွေးနေကြပါသည်။ ထို့ကြောင့် ကြီးထွားနှုန်းသည် နည်းပါကြောင်း မြင်တွေ့နေရပါသည်။ ဖွဲနုသည် ပရိုတိန်း ၈ မှ ၁၂ ရာခိုင်နှုန်းသာ ပါဝင်ပါသည်။ ငါးဖြစ်စေ၊ ကြက်၊ဝက်ဖြစ်စေ ပရိုတိန်း အနည်း ဆုံး ၂၀ရာခိုင်နှုန်း (သို့) ၂၀-၂၅ရာခိုင်နှုန်း ပါသောအစာကို ကျွေးပါက ကြီးထွားနှုန်း ပုံမှန်တက်လာပြီး အချိန်တိုကာလအတွင်း ထုတ်လုပ်ကုန်အဖြစ် ရရှိလာပါမည်။ - ယခုအချိန်တွင် ဖွဲနုဈေးသည်မြင့်တက်လာသလို ပဲဖတ် နှင့် ငါးပေါင်းမှုန့်သည် ပိုမိုဈေးကြီးနေကြပါ သည်။ ပဲဖတ် နှင် ငါးပေါင်းမှုန့်အစား ယင်မဲသားလောင်းများကို အစာထိုးပြီး စပ်စာအဖြစ်ဆောင်ရွက်ပါက ၊ စပ်စာတွင် ပရိုတိန်း ၂၀-၂၅ ရာခိုင်နှုန်း ရရှိလာပါမည်။ ယင်မဲ မွေးမြူရေး လုပ်ငန်းသည် စွန့်ပစ်စာများကျွေးပြီး မွေးမြူခြင်းကြောင့် ကုန်ကျစရိတ်သက်သာပါမည်။ ငါးမြန်မာစီမံကိန်းတွင် Village Link(ထွက်တိုး)အဖွဲ့သည် ယင်မဲမွေး မြူခြင်းကို တောင်သူ(၃၀၀)ကျော်အားသင်တန်းပေးပြီး မွေးမြူစေပါသည်။ မွေးမြူထားသော တောင်သူများသည် အောင်မြင်မှုရရှိပြီး ယင်မဲသားလောင်းများကို တိရိစ္ဆာန် အစာအဖြစ် အသုံးပြုနေသည်ကို တွေ့ရှိရပါ သည်။ ယင်မဲသားလောင်းများသည် ပရိုတိန်း ၄၀ မှ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်းနှင့်ယင်မဲအခြောက်တွင် ပရိုတိန်း ၅၀ မှ ၆၀ ရာခိုင်နှုန်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။ - ငါးနှင့် ကြက်၊ဝက်တို့သည် စားသောက်ခြင်းဓလေ့မတူသဖြင့် ဖွဲနုနှင့် ယင်မဲသားလောင်းများရော စပ်ပြီး ပရိုတိန်း ၂၀ ရာခိုင်နှုန်း အစာစပ်နည်းအား တင်ပြအပ်ပါသည်။ - (၁) လေးထောင့်စတုဂံပုံဆွဲပြီး အလယ်တွင် လိုအပ်သော ပရိုတိန်း ၂၀ ရာခိုင်နှုန်းကို ဖြည့်စွက်ပါ။ - (၂) လေးထောင့်ကွက် လက်ဝဲဘက်အပေါ် တွင် ဖွဲနု ၁၀ ရာခိုင်နှုန်းကို ရေးပါ။ - (၃) လေးထောင့်ကွက် လက်ဝဲဘက် အောက်တွင် ယင်မဲသားလောင်း ၄၀ ရာခိုင်နှုန်းကို ရေးပါ။ - (၄) လေးထောင့်ကွက်တွင် ကန့်လန့်ဖြတ် နှုတ်ပေးပါ။ (အပေါင်း အနှုတ်ကိုသတိပြုရန်မလိုပါ) - (၅) လေးထောင့်ကွက် လက်ယာအပေါ်တွင် ဖွဲနုရေးပြီးခြားနားချက် ၂၀ ကိုရေးပါ။ - (၆) လေးထောင့်ကွက် လက်ယာအောက်ဖက်တွင် ယင်မဲသားလောင်း ရေးပြီး ခြားနားချက် ၁၀ ကိုရေးပါ။ - (၇) ခြားနားချက်များကို ပေါင်းပါ။ ( ၂၀+ ၁၀) =၃၀ - (၈) ဖွဲနုအတွက် ၂၀ ကို ၃၀ နှင့်စားပြီး ၁၀၀ နှင့်မြှောက်ပါ။ အဖြေ (၆၆.၆၆) - (၉) ယင်မဲသားလောင်းအတွက် ၁၀ ကို ၃၀နှင့်စားပြီး ၁၀၀နှင့်မြှောက်ပါ။ အဖြေ (၃၃.၃၃) - ဆိုလိုသည်မှာ ပရိုတိန်း (၂၀) ရာခိုင်နှုန်းပြည့်ရန် ဖွဲနု ၆၆.၆၆ ဆ နှင့် ယင်မဲ ၃၃.၃၃ ရောစပ် ရပါမည်။ စပ်စာ တပိဿာအတွက် ဖွဲနု (၆၆.၆၆)ကျပ်သားနှင့် ယင်မဲသားလောင်း (၃၃.၃၃)ကျပ်သားရောစပ်ပေးပါ။ - ဦးစန်းအောင် - ထွက်တိုး - -------- - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
