cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း စက်တင်ဘာလ ၄ ရက် မှ ၁၀ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
စပါး မှို့ကပ်ချိန်မရောက်ခင် (၇ ရက်) အလိုတွင် ပိုတက်ရှ် (K) မြေဩဇာကို အဓိကထည့်ပေးပါ။ ရေကြာရှည်သိုလှောင်ထားသော စပါးစိုက်ခင်းများအနေဖြင့် ဖြုတ်ကျရောက်မှုရှိ၊မရှိကို သေချာကွင်းဆင်းစစ်ဖို့လိုပါတယ်။
  • ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်အခြေအနေ 

    ·          စက်တင်ဘာလ ၃ ရက် ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော်၊ အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဩရိဿပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ ဆက်လက်တည်ရှိနေပါတယ်၊၊ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်အိန္ဒိယနိုင်ငံအလယ်ပိုင်းကို ဆက်လက်ရွေ့လျားမယ်လို့ခန့်မှန်းထားပါတယ်။ 

    ·          တောင်တရုတ်ပင်လယ် ဟောင်ကောင်/မကာအိုတောင်ဘက်ပင်လယ်ပြင်မှာ လေပွေလှိုင်းတခုဖြစ်ပေါ်နိုင်ကြောင်းတွေ့ရသော်လည်း လေဖိအားနည်းရပ်ဝန်းအဆင့်ကိုရောက်လာနိုင်ရန်ပင် မသေချာသေးပါ။ 

    ဧရာဝတီတိုင်း ၇ ရက် ၁ ပါတ်အတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်း 

    ·          ဧရာဝတီတိုင်းအလယ်ပိုင်း(ဟင်္သာတမြို့အောက်ဘက်)နှင့် ဧရာဝတီတိုင်းတောင်ပိုင်း ညောင်တုန်း၊ ပုသိမ်မြို့အောက်ဘက်မြို့နယ်များမှာ ၇ ရက် မိုးရေချိန် အများဆုံး ၃ လက်မခန့်ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်တွေမှာ ၇ ရက်အတွင်းရရှိနိုင်တဲ့ မိုးရေချိန် အများဆုံးဖြစ်နိုင်ပါတယ်။ 

    ·          ပုသိမ်၊ မြောင်းမြ၊ အိမ်မဲ၊ ပန်းတနော်၊ ညောင်တုန်းမြို့နယ်တွေမှာ မိုးပြတ်တောင်း အသင်အတင့်ရွာနိုင်ပြီး၊ 

    ·          ဧရာဝတီတိုင်းမြောက်ဘက်အစွန်က အင်္ဂပူ၊ မြန်အောင်၊၊ ကြံခင်းမြို့နယ်တွေမှာလဲ နေ့စဉ်မိုးအသင့်အတင့်ရွာနိုင်ပါတယ်။ 

    ·          ယခုရက်သတ္တပါတ် ၁ ပါတ်အလွန် စက်တင်ဘာလ ဒုတိယ ၁၀ ရက်ပါတ်အတွင်းမှာတော့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးက မြို့နယ်၊ ကျေးရွာတွေမှာ မိုးအနည်းငယ် ပိုလာနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် ကမ်းနီးပင်လယ်ပြင်အခြေအနေ 

    ·          ဧရာဝတီတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး ခံစားရသည့်အပူချိန်(Temperature Feels Like or Apparent Temperature) ၃၉°C ခန့် ရှိနိုင်ပါမယ်။ 

    ·          ယခု ၁ ပါတ်အတွင်း မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေနဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေမှာ လေတိုက်နှုန်း အမြင့်ဆုံး တနာရီ ၁၄ မိုင်နှုန်းခန့်ရှိနိုင်ပြီး 

    ·          စက်တင်ဘာလ ၄ ရက်နောက်ပိုင်းမှ ၁၀ ရက်ကျော်သည်အထိ ကမ်းနီးပင်လယ်ပြင်တွင် လှိုင်းအမြင့် ၅ ပေ မှ ၂ ပေ ခန့်အထိလျော့ကျသွားနိုင်၊ လှိုင်းလေငြိမ်သွားနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံသို့ အကြံပြုချက်.... 

    • စပါး မှို့ကပ်ချိန်မရောက်ခင် (၇ ရက်) အလိုတွင် ပိုတက်ရှ် (K) မြေဩဇာကို အဓိကထည့်ပေးပါ။ 
    • ရေကြာရှည်သိုလှောင်ထားသော စပါးစိုက်ခင်းများအနေဖြင့် ဖြုတ်ကျရောက်မှုရှိ၊မရှိကို သေချာကွင်းဆင်းစစ်ဖို့လိုပါတယ်။ 
    • ရွက်ညိုပြောက်ကျနေသောစိုက်ခင်းများအနေနဲ့ မှိုသတ်ဆေးကို Trifloxystrobin (သို့မဟုတ်) Iprodione ကိုရွေးချယ်နိုင်ပြီး၊ နောက်ရာသီတွေမှာ ရွက်ညိုပြောက်ရောဂါကျသော စိုက်ခင်းကမျိုးကို ပြန်မစိုက်ဖို့လိုပါတယ်။ 
    • ဘက်တီးရီးယားရွက်ခြောက်ကျသော စပါးခင်းများအနေဖြင့် Copper oxychloride+ Kasugamycin ကိုရွေးချယ်ဖျန်းနိုင်ပြီး ၊ ရောဂါကျနေစဥ် အရွက်ဖြတ်ခြင်းကို မပြုလုပ်ပါနဲ့။ 
    • ပုလဲမြေဩဇာကိုလည်း အလွန်အကျွံထည့်သွင်းခြင်းမပြုလုပ်ပါနဲ့။ 

    ယင်မဲသားလောင်းများကို အသုံးပြုပြီး ငါး အစာများပြုလုပ်ခြင်း 

    ယခုအချိန်တွင် ဖွဲနုဈေးသည်မြင့်တက်လာသလို ပဲဖတ် နှင့် ငါးပေါင်းမှုန့်သည် ပိုမိုဈေးကြီးနေကြပါ သည်။ ပဲဖတ် နှင် ငါးပေါင်းမှုန့်အစား ယင်မဲသားလောင်းများကို အစာထိုးပြီး စပ်စာအဖြစ်ဆောင်ရွက်ပါက ၊ စပ်စာတွင် ပရိုတိန်း ၂၀-၂၅ ရာခိုင်နှုန်း ရရှိလာပါမည်။ ယင်မဲ မွေးမြူရေး လုပ်ငန်းသည် စွန့်ပစ်စာများကျွေးပြီး မွေးမြူခြင်းကြောင့် ကုန်ကျစရိတ်သက်သာပါမည်။ 

    ယင်မဲသားလောင်းများသည် ပရိုတိန်း ၄၀ မှ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်းနှင့်ယင်မဲအခြောက်တွင် ပရိုတိန်း ၅၀ မှ ၆၀ ရာခိုင်နှုန်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။ 

    ပရိုတိန်း (၂၀) ရာခိုင်နှုန်းပြည့်ရန် ဖွဲနု ၆၆.၆၆ ဆ နှင့် ယင်မဲ ၃၃.၃၃ ရောစပ် ရပါမည်။ စပ်စာ တပိဿာအတွက် ဖွဲနု (၆၆.၆၆)ကျပ်သားနှင့် ယင်မဲသားလောင်း (၃၃.၃၃)ကျပ်သားရောစပ်ပေးပါ။ 

    ---------- 

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 


  • article
likes
9
comments
2
views
3670