ထူးခြားမိုးလေဝသ မြန်မာနိုင်ငံပေါ်သက်ရောက်နိုင်မှု
- ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေများနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ ကြိုတင်ခန့်မှန်းခြင်း - (စက်တင်ဘာ ၄ ရက် နေ့လည် ၁၂ နရီ ၃၀ မိနစ်) - ===== - တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်/မကာအိုမြို့တွေရဲ့ တောင်ဘက်ပင်လယ်ပြင်မှာ စက်တင်ဘာလ ၈ ရက် ညနေပိုင်းတွင် လေဖိအားနည်းရပ်ဝန်း/အပူပိုင်းမုန်တိုင်း(Depression or Tropical Storm)တခုဖြစ်ပေါ်နိုင်ကြောင်း သင်္ချာပုံစံပြုမော်ဒယ်များ(NWP)ဖြစ်ကြသော ECMWF, GFS နဲ့ ICON တို့ရဲ့ ကြိုတင်ခန့်မှန်းချက်များကို ဒီနေ့ MODEL UPDATES တွေမှာ တွေ့လာရပါတယ်။ - တောင်တရုတ်ပင်လယ်မှ ထူးခြားတဲ့ မိုးလေဝသအခြေအနေ(မုန်တိုင်းဖြစ်ပေါ်နိုင်မည့်အခြေအနေတွေ)က အဲ့ဒီမုန်တိုင်းဆက်လက်ရွေ့လျားဝင်ရောက်နိုင်တဲ့ တရုတ်ပြည်မဘက်ကိုသာသက်ရောက်မှုရှိနိုင်ပြီး ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေဘက်ကို သက်ရောက်မှု မရှိနိုင်ပါ။ - ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်တောင်မုတ်သုံလေအားကောင်းလာပြီး - - · မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တွေမှာ စက်တင်ဘာ ၈ ရက် မှ ၁၆ ရက်အထိ မုတ်သုံမိုးရွာသွန်းခြင်းပိုလာနိုင်ပါမယ်။ - · မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ စက်တင်ဘာ ၁၄/၁၅/၁၆ ရက်များတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း(၂၄ နာရီ မိုးရေချိန် ၁.၅ လက်မခန့် ရွာသွန်းရရှိနိုင်ကြောင်း)တွေ့ရပါတယ်။ - · မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ဒေသတွေမှာတော့ နောက်လာမည့် ၁၄ ရက်အတွင်း ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မနှင့်အောက်(မိုးအနည်းငယ်)သာ ရွာသွန်းရရှိနိုင်ပါတယ်။ - · လာမည့် ရက်သတ္တပါတ် ၂ ပါတ်(၁၄ ရက်အတွင်း) မြန်မာ့ကမ်းရိုးတန်းကမ်းနီးပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၄ ပေ မှ ၅ ပေ ခန့်အထိ ရှိနိုင်ပြီး၊ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ မိုင် ၂၀ ခန့်အထိရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - https://disasterinfo.mmweather.org/ - ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
