အပူပိုင်းမုန်တိုင်းကြောင့် ရှမ်း၊ ကချင် စစ်တိုင်းတိုင်း နေရာကွက်၍ မိုးအလွန်များနိုင်
- အပူပိုင်းမုန်တိုင်း TAPAH(22W) UPDATE - စက်တင်ဘာလ ၇ ရက် နံနက် ၁ နာရီ ၂၀ မိနစ် - ==== - ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၊ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း Depression 22W က အပြည်ပြည်ဆိုင်ရာအမည်ရ-အပူပိုင်းမုန်တိုင်း "TAPAH" ဖြစ်လာပါတယ်၊ မုန်တိုင်းအမည် TAPAH က မလေးရှားနိုင်ငံက အလှည့်ကျပေးတဲ့အမည်ဖြစ်ပါတယ်။ - အပူပိုင်းမုန်တိုင်း TAPAH ဟာ စက်တင်ဘာ ၈ ရက်(ဟောင်ကောင် အချိန် ညပိုင်းမှာ)တရုတ်ပြည်မ Guangzhou ပြည်နယ်ကမ်းခြေကို ဟောင်ကောင်ရဲ့ အနောက်ဘက် မိုင် ၁၃၀ ခန့်အကွာမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ECMWF Model ကခန့်မှန်းထားပါတယ်။ - မုန်တိုင်း TAPAH သည် စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ အားအပြင်းဆုံးလေတိုက်နှုန်း တနာရီ ၇၄.၈ မိုင်(65 knots)ရှိနိုင်ကြောင်း JTWC မှ ခန့်မှန်းထားပါတယ်။ - မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်နိုင်သည့်အခြေအနေ - - ယနေ့ ကြိုတင်ခန့်မှန်းချက်များအရစက်တင်ဘာလ ၈ ရက် မှ ၁၁ ရက်အတွင်း - - ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေကို အများဆုံးရောက်ရှိလာနိုင်ပြီး၊ - နေရာကွက်၍ မိုးများနိုင်/မိုးအလွန်များနိုင်ကြောင်း(မိုးရေချိန် ၂၄ နာရီအတွင်း ၄ လက်မ မှ ၆ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ကြောင်း) - မန္တလေးတိုင်း၊ မကွေးတိုင်းအရှေ့ပိုင်းနှင့်မြောက်ဘက်ပိုင်း၊ ကယားပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မ မှ ၄ လက်မခန့်အထိ "နေရာကွက်၍"ရွာသွန်းနိုင်ကြောင်း၊ - ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာကွက်၍မိုးများနိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန်အများဆုံး ၂ လက်မ ခန့် ရွာသွန်းရရှိနိုင်ကြောင်း၊ - တနင်္သာရီတိုင်းအပါအဝင် ကျန်ပြည်နယ်တိုင်းအားလုံးတွင် မုတ်သုံမိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ကြောင်း ကြိုတင်ခန့်မှန်းရပါတယ်။ - NOTE: မိုးရွာသွန်းနိုင်ချေခန့်မှန်းချက်များသည် "ကြိုတင်ခန့်မှန်းချက်"ဖြစ်ပြီး ပြောင်းလဲမှုရှိလာလျှင် ထပ်မံတင်ပြပေးသွားပါမယ်။ - Source: U Win Naing - စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
