ငါးကန် နှင့်ပတ်သတ်သည့် ဥာဏ်စမ်းမေးခွန်းအဖြေမှန်မှာ
ငါးမွေးကန်တခု၏ရေသည် ကြည်လင်နေပြီး ကန်မျက်နှာပြင်မှ အောက်ခြေအထိ မြင်နေရပါက အဆိုပါကန်အတွင်း ရေဩဇာလုံးဝမရှိကြောင်းကိုဖော်ပြနေပါသည်။ ရေ၏အရောင်သည် အစိမ်းနုရောင်ဖြစ်နေပါက ကန်ထဲတွင် အပင်မျှောလှေးနှင့်အကောင်မျော လှေးများလုံလောက်စွာရှိနေသည်ကိုပြသခြင်းဖြစ်ပါသည်။ အဆိုပါအခြေအနေတွင် ကန်မျက်နှာပြင်မှကန် အတွင်းသို့ လက်ကိုတတောင်ခန့်ချကြည့်လျှင်လက်ချောင်းလေးများကိုရေးရေးမြင်ရပါသည်။အဆိုပါအခြေအ နေသည် အကောင်းဆုံးဟုသတ်မှတ်နိုင်ပါသည်။ အစိမ်းရင့်ရောင်ဖြစ်နေပါက ကန်အတွင်းတွင် ရေဩဇာဓါတ်များ များပြားနေ ခြင်းကိုပြသပါသည်။ အဆိုပါ အခြေအနေသည် သင့်သည်ဟုဆိုနိုင် သော်လည်း ညအချိန်တွင် ကန်အတွင်းအောက်စီဂျင်လျောနည်းလာတတ်ပါသည်။
ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က (၁) အစိမ်းနုရောင် ဖြစ်ပါတယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့
ဝင်ရောက်ဖြေဆိုသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။
ထွက်တိုး App တွင်ဝင်ရောက်ဖြေဆို၍ အဖြေမှန်သူများကို အမှတ်တစ်မှတ်စီတိုးပေးသွားပါမယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း