ပရိုတိန်းများသော ငါး၊ ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း
- ဥပမာ ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ ၄င်းသတ္တဝါတို့သည် အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။ ထိုအတူ အစာတွင် ပရိုတိန်းအနည်းဆုံး (၃၅)ရာခိုနှုန်းပါသော အစာဖြစ်ရပါမည်။ - ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။ - ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။ - ယင်မဲသားလောင်းတွင် အသားဓါတ်ပါဝင်မှု ၄၀ရာခိုင်နှုန်း - ငါးမှုန့်/ငါးအသားတွင် အသားဓါတ်ပါဝင်မှု ၅၀ရာခိုင်နှုန်း - ဖွဲနုတွင် အသားဓါတ်ပါဝင်နှုန်း ၁၀ရာခိုင်နှုန်း - ဆန်မှုန့်တွင် အသားဓါတ်ပါဝင်နှုန်း ၁၅ရာခိုင်နှုန်း - (၁)လေးထောင့်ကွက် တခုကိုရေးဆွဲပါ။ လေးထောင့်ကွက်အလယ်တွင် စပ်စာတွင်လိုအပ်သော ပရိုတိန်း ရာခိုင်နှုန်းကို ရေးပါ။ - (၂)အသုံးပြုမည့်ကုန်ကြမ်းများကိုအောက်ပါအတိုင်း အုပ်စု(၂)စုခွဲပါ။ ပျှမ်းမျှ အသားဓါတ်ပါဝင်နှုန်းကို ရှာပါ - အသားဓါတ်အုပ်စု = ၃း၁ - ယင်မဲ ၄၀ အမြှောက် ၃ ချိုး = ၁၂၀ - ငါးမှုန့် ၅၀ အမြှောက် ၁ ချိုး = ၅၀ - စုစုပေါင်း ၄ ချိုး = ၁၇၀ - ပျမ်းမျှ အချိုးတခု၏တန်ဖိုး = ၁၇၀ အစား ၄ = ၄၂ .၅ ရာခိုင်နှုန်း - စွမ်းအင် အုပ်စုအတွက် ၄း ၁ - ဖွဲနု ၁၀ အမြှောက် ၄ ချိုး = ၄၀ - ဆန်မှုန့် ၁၅ အမြှောက် ၁ချိုး = ၁၅ - စုစုပေါင်း ၅ ချိုး = ၅၅ - ပျမ်းမျှ တစ်ခု၏တန်ဖိုး = ၅၅ အစား ၅ = ၁၁ ရာခိုင်နှုန်း - (၃)လေးထောင့်ကွက်ဘယ်ဘက်အပေါ်ဘက်နှင့်အောက်ဖက်တို့တွင် ဖော်စပ်အစာ၏ အသားဓါတ်တန်ဖိုး ပျမ်းမျှ နှင့် စွမ်းအင်ဓါ်တန်ဖိုးပျမ်းမျှ တို့ကိုရေးပါ။ - (၄) အထက်ပါ လေးထောင့်ကွက်မှ အလယ်တွင်ရှိသော တန်ဖိုးကို ကန့်လန့်ဖြတ်ခြားနားပါ (အပေါင်းအနှုတ် ထည့်သွင်း မစဉ်းစားပါနှင့်) - လက်ဝဲဘက်ခြားနားခြင်း (၃၁.၅) ၊ လက်ယာဘက်ပေါင်းခြင်း (၃၁.၅) - (၅) လေးထောင့်ကွက် ရှိ ခြားနားခြင်း နှင့် ပေါင်းခြင်း သည် ကုန်ကြမ်းအုပ်စုဝင်နှစ်မျိုး၏ ဘုံကိန်းဖြစ်ပါ သည်။ အဆိုပါဘုံကိန်းကို အခြေခံပြီး စပ်စာတွင် ထည့်သွင်းရမည့် အသားဓါတ် နှင့်စွမ်းအင်ဓါတ် ရာခိုင်နှုန်း ကိုအောက်ပါအတိုင်း တွက်ချက်နိုင်သည်။ - အသားဓါတ်ပါဝင်ရမည့်အချိုး ၂၄ ကို ၃၁.၅ ဖြင့် စားပြီး ၁၀၀ ဖြင့်မြှောက်ပါက ၇၆.၁၉ ရာခိုင်နှုန်း - စွမ်းအင်ဓါတ်ပါဝင်ရမည့် အချိုး ၇.၅ ကို ၃၁.၅ ဖြင့်စားပြီး ၁၀၀ ဖြင့်မြှောက်ပါက ၂၃.၈၀၉ ရာခိုင်နှုန်း ရရှိပါမည်။ - အသားဓါတ်တွင် အချိုး ၄ ချိုးယူထားသဖြင့် အချိုးတခုတွင်ပါဝင်သောရာခိုင်နှုန်း = ၇၆.၁၉ အစား ၄ =၁၉.၀၄ - ယင်းမဲသားလောင်း ကိုအချိုး ၃ဆ ထည့်ထားသဖြင့် ယင်းမဲသားလောင်းအတွက် =၁၉.၀၄ အမြှောက် ၃ - =၅၇.၁၂ - ငါးမှုန့်/ငါးအသားကို အချိုး ၁ဆထည့်ထားသဖြင့် = ၁၉.၀၄အမြှောက် ၁ =၁၉.၀၄ - စွမ်းအင်ဓါတ်တွင် အချိုး ၅ချိုးထားရှိသဖြင့် အချိုးတခုတွင်ပါဝင်သောရာခိုင်နှုန်း =၂၃.၈၀၉ အစား ၅ =၄.၇၆ - ဖွဲနုပါဝင်သောအချိုး ၄ဆ ထည့်သွင်းထားသောကြောင့် ဖွဲနုအတွက် = ၄.၇၅အမြှောက် ၄ =၁၉.၀၄ - ဆန်ကွဲ/ဆန်မှုန့်ပါဝင်သောအချိုး ၁ဆထည့်သွင်းထားသဖြင့် ၄.၇၅ အမြှောက် ၁ = ၄.၇၅ - ထို့ကြောင့် စပ်စာတပိဿာအတွက် အောက်ပါအတိုင်း ပါဝင်ဆောင်ရွက်ရပါမည်- - (၁)ယင်မဲ သားလောင်း ၅၇.၁၂ ကျပ်သား - (၂)ငါးမှုန့်/ငါးအသား ၁၉.၀၄ ကျပ်သား - (၃) ဖွဲနု ၁၉.၀၄ ကျပ်သား - (၄)ဆန်မှုန့် /ဆန်ကွဲ ၄.၇၅ ကျပ်သား - စုစုပေါင်း ၉၉.၉၅ - ဦးစန်းအောင် - ထွက်တိုး - --------- - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
