သီးနှံ မစိုက်ပျိုးခင်မှာ မျိုးစေ့လူးနယ်ဆေးကို ဘာကြောင့် အသုံးပြုသင့်တာလဲ.
- မိမိစိုက်ပျိုးတဲ့မျိုးစေ့တွေက မိခင်အပင်ကနေရယူတာဖြစ်ခဲ့မယ်ဆိုရင် မိခင်အပင်ကရောဂါရှိတယ်ဆိုပါက မျိုးစေ့မှာလည်း ရောဂါတွေပါလာနိုင်ပါတယ်။ ထို့အပြင် ရောဂါကျဖူးတဲ့ မြေပေါ်မှာစိုက်ပျိုးမယ်ဆိုရင် မျိုးစေ့များအပင်ပေါက်လာတဲ့အခါ အပင်ငယ်စဉ်မှာကတည်းက မြေဆောင်ရောဂါတွေ ဝင်လာတာမျိုး ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုရောဂါတွေဝင်လာတဲ့အခါ အပင်ပေါက်နှုန်းမကောင်းတာ အပင်မသန်တာနဲ့ အပင်ငယ်စဉ်ကတည်းက ရောဂါကျတာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ - မျိုးစေ့လူးနယ်နိုင်သောဆေးဆိုတာကတော့ အပင်များ ပိုးမွှားရောဂါကင်းစေရန်နှင့် အပင်ပေါက်နှုန်းကောင်းစေရန်အတွက် မစိုက်ပျိုးမီ မျိုးစေ့ကိုလူးနယ်ရသောဆေးဖြစ်ပါတယ်။ မျိုးစေ့လူးနယ်နိုင်သောဆေးအသုံးပြုခြင်းဖြင့် မျိုးစေ့ဆောင်ရောဂါ၊ မြေဆောင်မှိုရောဂါ တို့ကိုကာကွယ်နိုင်ပြီး အပင်ပေါက်နှုန်းကိုလည်းကောင်းစေပါတယ်။ - မျိုးစေ့လူးနယ်နိုင်သောဆေးတွေက ယေဘုယျအားဖြင့် (၃) မျိုးရှိပါတယ်။ - (၁) မှိုရောဂါသတ်ဆေး {ဥပမာ - Metalaxyl (မီတယ်လဆီ), Tebuconzaole (တက်ဗျူကိုနာဇိုး), Hexaconazole (ဟက်ဇာကိုနာဇိုး)} - (၂) ပိုးသတ်ဆေး {ဥပမာ - Imidacloprid (အင်မီတာကလိုပရစ်), Fipronil (ဖစ်ပရိုနေးလ်)} - (၃) အားဆေး {ဥပမာ - Nitro phenol (တောနစ်)} အုပ်စု တို့ပဲဖြစ်ပါတယ် - - မှိုရောဂါသတ်ဆေးအသုံးပြုတယ်ဆိုရင် မျိုးစေ့ပုပ်တာ၊ အပင်ငယ်တွေမှာကျတတ်တဲ့ ခါးရိရောဂါ၊ ပင်ညှိုးရောဂါ၊ မြစ်ခြောက်ဆွေးရောဂါတွေနဲ့ တခြားသောမျိုးစေ့ဆောင်မှိုရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ - - ပိုးသတ်ဆေးလူးနယ်အသုံးပြုတယ်ဆိုရင်တော့ မျိုးစေ့ကို မြေခွေးပုရစ်စားသောက်ဖျက်ဆီးခြင်း၊ ဖိုးလမင်းကျိုင်းဖျက်ဆီးခြင်းအပြင် အပင်ငယ်စဉ်မှာ ပိုးမွှားဒဏ်ခံနိုင်ပြီး စုပ်စားပိုးတွေမကျအောင်လည်းကာကွယ်ပေးပါတယ်။ - - အားဆေးလူးနယ်စိုက်ပျိုးတယ်ဆိုရင်တော့ အပင်ပေါက်ညီညာခြင်း၊ အပင်ပေါက်နှုန်းကောင်းခြင်း၊ အပင်သန်ခြင်းတို့ကိုရရှိစေနိုင်ပါတယ်။ - ထွက်တိုး - -------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
