ငရုပ်ကောင်းတစ်ခက် ဆေးတလက်
- မိုးအေးလှတဲ့ ရက်တွေများလာတော့ ရင်ထဲကို နွေးထွေးစေပြီး မလန်းမဆန်းဖြစ်နေတာတွေ ကို သက်သာစေဖို့ နဲ့ ခေါင်းမကြည်ထုံထိုင်း ဖြစ်နေတာတွေအတွက် ငရုပ်ကောင်းပါတဲ့ ဟင်းချိုတစ်ခွက် သောက်လိုက်ရုံဖြင့် လန်းဆန်းသွားစေတဲ့ ခံစားချက် ကိုရရှိစေမှာဖြစ်ပါတယ်။ ငရုပ်ကောင်းတွင် ဗီတာမင်ကေ ၊ ဗီတာမင်စီ ၊ သံဓာတ် ၊ မဂ္ဂနီယမ် ၊ ပိုတက်စီယမ်ဓာတ် နှင့် အခြားအာဟာရဓာတ်များ ပါဝင်ပါသည်။ ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များကို ကောင်းမွန်စေပြီး အအေးမိခြင်းနှင့် ချောင်းဆိုးရောဂါ အတွက် ဆေးဝါးအဖြစ် တိုင်းရင်းဆေးဆရာများ အသုံးပြုပါသည်။ - ငရုပ်ကောင်း မှာပါတဲ့ piperine ဆိုတဲ့ ဒြပ်ပေါင်းက စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေအတွက် အရမ်းကိုအကျိုးပြုသောကြောင့် စိတ်ကျ ခြင်းကို သက်သာစေပါသည်။ သုတေသနစာတမ်းများအရ ငရုတ်ကောင်းနည်းနည်းကို ပုံမှန်စားပေးရင် စိတ်ကျရောဂါသက်သာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာတိုး တက်စေတယ် လို့ဆိုပါတယ်။ အစာခြေတဲ့စနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ hydrochloric acid ဆိုတဲ့အက်စစ်ဓာတ်ကို ခန္ဓာကိုယ်က ထုတ်ပေးပါတယ်။ ငရုတ်ကောင်းက အဲဒီအက်စစ်ဓာတ်ထွက်ရှိမှုကို အားပေးပြီး အစာချေဖျက်မှု ပိုကောင်းစေပါတယ်။ ကိုယ်အလေးချိန် ကျဖို့ဆိုရင် အဆီဆဲလ်တွေကို ဖြိုခွင်းနိုင်ဖို့လိုပါတယ်။ ငရုတ် ကောင်းက အဆီဆဲလ်တွေပြိုကွဲမှုကို မြန်ဆန်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို နှုန်းပိုမြန်စေ ပါတယ်။ ကယ်လိုရီကို လောင်ကျွမ်းစေနိုင်ပြီး ၊ ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အတွက် နေ့တိုင်းစားပွဲဇွန်း တစ်ဝက်စာ စားပေးသင့်ပါသည်။ ငရုတ်ကောင်းက သွားကိုက်ခြင်းနဲ့ သွားဖုံးရောဂါတွေကို သက်သာ စေတဲ့အာနိသင်ရှိပါတယ်။ ပိုးမွှားတွေကို သေစေတဲ့အာနိသင်ကြောင့် ခံတွင်းမှာ ဘက်တီးရီးယားပျံ့နှံ့မှုကို ကာကွယ်ပေး နိုင်ပါတယ်။ - အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့ သို့မဟုတ် ဆံပင်ဖြူနောက်ကျစေဖို့ နည်းရှိပါတယ်။ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံကို ဒိန်ချဉ်ခွက်တစ်ဝက်ထဲမှာ ထည့်မွှေပါ။ ဦးရေပြားမှာ နှိပ်လိမ်းပေးပြီး နာရီဝက်လောက်ထားပါ။ ညင်သာစွာ ရေဆေးချပါ။ မကြာခဏ ပုံမှန်လုပ်ပေးရင် ဆံပင်ဖြူခြင်းကို ဟန့်တားနိုင်ပါလိမ့်မယ်။ ငရုတ်ကောင်းကို အရေပြားမှာလိမ်းလိုက်တဲ့အခါ ပူနွေးနွေးခံစားမှုလေး သတိထားမိမှာပါ။ အဲဒါက သွေးလည်ပတ်မှုကောင်းစေပါတယ်။ အဆစ်နာဝေဒနာရှင်တွေကို နာကျင်မှုဝေဒနာသက်သာ စေတဲ့ အပြင် ယူရစ်အက်စစ်ကိုလည်း လျော့ပါးစေပါတယ်။ - ငရုပ်ကောင်းရဲ့ ပူတဲ့ အရသာဟာ အရေပြားမှာ လိမ်းရင်တော့ ပူတာစပ်တာမရှိပါဘူး။ အရေပြားဆဲလ် သေတွေကို ဖယ်ရှားပေးနိုင်ပြီး သွေးလည်ပါတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ အရေပြားမှ အာဟာရ ဓာတ်နဲ့ အောက်ဆီဂျင်ကို စုပ်ယူဖို့ လွယ်ကူစေရန် ပံ့ပိုးပေးပါတယ်။ ဘက်တီးရီးယားပိုးတွေကို ကာကွယ် ပေးပြီး ဝက်ခြံမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ငရုပ်ကောင်းဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ် တွေပေးစွမ်းနိုင်သလို သူ့ကို ဟင်းခတ်ပဲဖြစ်ဖြစ် ပုံမှန်စားပေးရင် ဝင်းလက်ပြီး ကြည်လင်တဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။ ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။ အများကြီးစားရင် ရင်ပူတာမျိုး ဖြစ်စေနိုင်ပါတယ်။ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ - -------- - ဟယ်လိုဆရာဝန်ပေ့ချ် မှ ကိုးကားဖော်ပြပါသည်။ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
