ကြိတ်ဖတ်များကို သိုလှောင်ပြီး စျေးနှုန်းကြီးမြင့်အောင်မလုပ်ဖို့ သတိပေး
- လက်ရှိမှာ ပြည်တွင်းဆီကြိတ်ဖတ်တွေဖြစ်တဲ့ ထွက်ရှိတဲ့ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုံညင်းဖတ်၊ ပန်းနှမ်းဖတ်၊ ပဲပုပ်ဖတ် စတဲ့ ဆီကြိတ်ဖတ်စျေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ - ကြိတ်ဖတ်တွေက မြန်မာနိုင်ငံရဲ့ မွေးမြူရေးကဏ္ဍအတွက် အရေးပါတဲ့ ကုန်စည်တွေဖြစ်တာကြောင့် ကြိတ်ဖတ်စျေးတွေ မြင့်တက်လာပါက အများပြည်သူနေ့စဉ်စားသုံးရတဲ့ အသား၊ ငါး၊ ဥ၊ နို့စျေးတွေ မြင့်တက်လာနိုင်တဲ့အပြင် ပြည်တွင်းတိရိစ္ဆာန်အစာ လိုအပ်ချက်ရှိသောကြောင့် ပြည်ပမှ ပဲပုပ်ဖတ်တွေ တင်သွင်းရတဲ့ အခြေအနေကို ရောက်ရှိလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။ - ဒါကြောင့် ဆီစက်ပိုင်လုပ်ငန်းတွေအနေနဲ့ ကြိတ်ဖတ်တွေကိုသိုလှောင်ပြီး စျေးကစားတာမျိုးမလုပ်ဖို့ အသိပေးလာတာဖြစ်တယ်လို့ သိရပါတယ်။ - " ပဲဖတ်စျေးက ပြန်တက်လာတာပါ။ ပဲဖတ်စျေးတက်တော့ ပဲဆီစျေးကိုချရောင်းပေးလို့ရတာပေါ့။ ပဲဖတ်က မွေးမြူရေး အစာအတွက်သုံးကြတာပါ။ ကျွန်မတို့ကတော့ ကြိတ်ခွဲပြီးလို့ လာဝယ်ရင် ရောင်းလိုက်တာပဲ။ သိုလှေင်တာမျိုးမရှိဘူး။ " လို့ တနိုင်တပိုင် ဆီကြိတ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ - လက်ရှိပြည်တွင်းမှာ ပဲဆီ၊နှမ်းဆီ၊နေကြာဆီကို စားသုံးမှုများပြီး ကျန်တဲ့ဆီတွေကတော့ အသုံးပြုမှုနည်းတယ်လို့ သိရပါတယ်။ - ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့ မန္တလေးကုန်စည်ဒိုင်မှာ ပဲဖတ်တစ်ပိဿာကို ၅၈၀၀ မှ ၅၈၅၀ ကျပ်၊ နှမ်းဖတ်တစ်ပိဿာကို ၃၅၀၀ မှ ၃၆၀၀ ကျပ်၊ နေကြာဖတ် ဖတ်တစ်ပိဿာ ၂၉၀၀ မှ ၃၁၀၀ ကျပ်၊ မုန်ညှင်းဖတ်တစ်ပိဿာကို ၂၉၅၀ မှ ၃၀၀၀ ကျပ်ရှိနေပါတယ်။ - Source: ချစ်ခွန်း(AMIA) စက်တင်ဘာ ၁၈ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
