ဧရာဝတီတိုင်း စက်တင်ဘာလ ၂၅ ရက် မှ အောက်တိုဘာလ ၁ ရက်အထိ မိုးလေဝသအခြေအနေ
- အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပါတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ - · စက်တင်ဘာလ ၂၄ ရက်နေ့မှာ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းအဆင့်အထိရောက်ရှိခဲ့သော မုန်တိုင်း RAGASA သည် တရုတ်ပြည်တောင်ဘက်ကမ်းရိုးတန်းကိုဖြတ်ကျော်၍ ကုန်းတွင်းသို့ဝင်ရောက်သွားပြီးဖြစ်ပါတယ်။ - · ဘင်္လားပင်လယ်အော်မှ ၂၃ ရက်နေ့ကဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် စက်တင်ဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံကမ်းခြေကို ဖြတ်ကျော်ပြီး ကုန်းတွင်းဝင်ရောက်သွားပြီဖြစ်ပါတယ်။ - · စက်တင်ဘာလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)သည် အနောက်ဘက်ကိုရွေ့လျားပြီး စက်တင်ဘာလ ၂၅ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပါမယ်၊ ၎င်းမှ ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိလာနိုင်ပြီး စက်တင်ဘာ ၂၇ ရက်နေ့အထိ ဆက်လက်တည်ရှိနိုင်ပါမယ်။ - · ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် ပင်လယ်ပြင်မှာ အပူပိုင်းမုန်တိုင်း BUALOI ဖြစ်ပေါ်လျှက်ရှိပြီး စက်တင်ဘာ ၂၅ ရက် နံနက်အစောပိုင်းမှာ အားကောင်းတဲ့အပူပိုင်းမုန်တိုင်း၊ စက်တင်ဘာ ၂၆ ရက် နံနက်အစောပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း စသည်ဖြင့် အဆင့်ဆင့်အားကောင်းလာပြီး၊ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ကာ တောင်တရုတ်ပင်လယ်အတွင်းသို့ အားကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ် ရောက်ရှိလာနိုင်ပါမယ်။ - · BUALOI သည် စက်တင်ဘာ ၂၇ ရက် နေ့လည်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအဖြစ်ပြန်လည်အားကောင်းလာပြီး တုံကင်ပင်လယ်ကွေ့မှတဆင့် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို စက်တင်ဘာ ၂၉ ရက် ည မှာဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ကြိုတင်ခန်မှန်းချက်များ ထုတ်ပြန်ထားပါတယ်။ - · ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ်တို့၏အရှိန်သက်ရောက်မှုနှင့် တိုင်ဖွန်းမုန်တိုင်း BUALOI တို့၏အကြွင်းအကျန်များ ဝင်ရောက်နိုင်ခြင်းကြောင့် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာလ လဆန်းပိုင်းရက်များအထိ မြန်မာနိုင်ငံမှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါဦးမယ်။ - စက်တင်ဘာလ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်နေ့အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေ - · ပုသိမ်ခရိုင် ၂.၃၆ လက်မ မှ ၄.၃၃ လက်မ၊ ဟင်္သာတခရိုင် ၂.၁၆ လက်မ မှ ၃.၇၄ လက်မ၊ မအူပင်ခရိုင် ၂.၇၆ လက်မ မှ ၄.၇၂ လက်မ၊ ဘိုကလေးခရိုင် ၃.၁၄ လက်မ မှ ၅.၁၂ လက်မ၊ ဖျာပုံခရိုင် ၂.၉၅ လက်မ မှ ၄.၉၂ လက်မ၊ လပွတ္တာခရိုင် ၃.၃၅ လက်မ မှ ၅.၅၁ လက်မ၊ ဒေးဒရဲခရိုင် ၂.၅၅ လက်မ မှ ၄.၅၃ လက်မ၊ အင်္ဂပူခရိုင် ၁.၉၇ လက်မ မှ ၃.၅၄ လက်မ၊ ကျိုက်လတ်ခရိုင် ၂.၃၆ လက်မ မှ ၃.၉၄ လက်မ အသီးသီးရွာသွန်းရရှိနိုင်ပါတယ် - · ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေနဲ့ ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းဒေသတွေမှာ ယခုရက်သတ္တပတ် ၁ ပတ်လုံးနီးပါး မိုးသက်လေပြင်းကျပြီး မိုးသည်းထန်နေနိုင်ပါတယ်၊ နေ့စဉ် မိုးရေချိန် ၁ လက်မခွဲအထက်ရွာသွန်း၍ မိုးများနေနိုင်ပြီး၊ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၂ မိုင် အထိ ရှိနိုင်ပါတယ်။ · - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ်။ - · ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၅ မိုင်ခန့် ရှိနိုင်ပါတယ်။ - · ဧရာဝတီတိုင်းအတွင်း နံနက်/ညအချိန်တွေနဲ့ နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၁၀၀% အတွင်းမှာ ရှိနေနိုင်ပြီး လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၈°C အထိရှိနေနိင်ပါတယ်။ - · လေထုညစ်ညမ်းမှုအခြေအနေ(AQI value)က အများဆုံး ၃၀ ခန့်သာရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှု မရှိပါ။ - ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၇ ပေ မှ ၉ ပေခန့်အထိ ရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံသို့ ..... - စပါးရွက်ညိုပြောက်ရောဂါကာကွယ်နှိမ်နင်းနည်းအကြံပြုချက် - လက်ရှိ လပွတ္တာဘက်မှတောင်သူများ ရွက်ညိုပြောက်ရောဂါနဲ့ပတ်သတ်ပြီး မေးမြန်းလာသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ - ရွက်ညိုပြောက်ကျနေသောစပါးခင်းများ နိုက်ထရိုဂျင်ပုလဲမြေဩဇာကိုချင့်ချိန်ထည့်ပြီး၊ အဓိက ဆီလီကာ (Si)၊ မဂ္ဂနီဆီယမ် (Mg) နှင့် ကယ်လ်ဆီယမ် (Ca) ပါဝင်သောမြေဩဇာကို ထည့်ပေးပါ။ - အသုံးပြုနိုင်သောမှိုသတ်ဆေးများ- Mancozeb+ Cymoxanil (ရောဂါစတင်ကျရောက်ပါက) ၊ Trifloxystrobin, Iprodione (ရောဂါစတင် ကူးစက်ပြန့်နှံ့လာပါက) အသုံးပြုနိုင်ပါတယ်။ - ငါးကန်များရှိ ရေညှိ၊ ရေမှော်များဖယ်ရှားခြင်း - မိုးရွာသောအချိန် ၊အလင်းရောင်(နေရောင်) ကောင်းစွာမရရှိသောအချိန်များတွင် ငါးကန်အတွင်း ရေညှိ ရေမှော်များဖြစ်ပေါ်လာသည်။ အချို့သော ကန်များတွင် ရေညှိတုံးများ(ဂျယ်လီပုံစံ)အဖြစ် ပေါ်ပေါက်လာတတ်ပါသည်။ - ရေညှိ ရေမှော်များကန်အတွင်းများပြားပါက ငါးများညအချိန်တွင် အောက်စီဂျင်ကျခြင်းများကို ကြုံတွေ့ နေတတ်ပါသည်။ ငါးများသွားလာလှုပ်ရှားမှုကိုလည်း အနှောက်အယှက်ဖြစ်ပေါ်စေပါသည်။ အဆိုပါ ရေညှိ ရေမှော်များကို အောက်ပါအတိုင်း ဖြေရှင်းနိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ - - တစ်ဧက ကန်အတွက် ဂျစ်ပ်ဆမ် (၆၃) ပိဿာ (သို့မဟုတ်) - - ဒုတ္တာ (ကောပါးဆာလ်ဖိတ်) (၆)ပိဿာ မှ (၈)ပိဿာအထိသုံးစွဲနိုင်ပါသည်။ ၄င်းကောင်းတို့ကို အိပ်ငယ်ကလေးများတွင် ထည့်စီးပြီး ရေထဲရှိ ဝါးလုံးတိုင်တွင် ကပ်ချည်ပါ။ အိပ်ငယ်ကလေးများ ကို ရေထဲသို့ (၄)လက်မ (သို့မဟုတ်) (၆)လက်မခန့် နှစ်ထားရပါမည်။ - ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
