cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် မိုးလေဝသအခြေအနေ နှင့် စိုက်/မွေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ရှမ်းပြည်နယ်အတွင်း ရှမ်း-အရှေ့၊ ရှမ်း-တောင်နှင့် ရှမ်း-မြောက်ဒေသအားလုံးတွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန် ၆ လက်မ အထက်ရှိနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ

    တိုင်ဖွန်း BUALOI

    · ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တိုက်ခတ်ခဲ့သည့် မုန်တိုင်း BUALOI သည် စက်တင်ဘာ ၂၆ ရက် ည တွင် တောင်တရုတ်ပင်လယ်သို့ရောက်ရှိပြီးနောက် တိုင်ဖွန်းမုန်တိုင်း BUALOI ဖြစ်လာနိုင်ပါမယ်။

    · တိုင်ဖွန်း BUALOI သည် စက်တင်ဘာ ၂၈ ရက် နံနက် ၀၆ ၃၀ နာရီတွင် လေတိုက်နှုန်းတနာရီ ၇၄ မိုင်၊ ဗဟိုဖိအား ၉၈၇ hPa နှင့် မုန်တိုင်းအရွယ်အစား အချင်းမိုင် ၅၃၀ ခန့်ရှိလာနိုင်ကြောင်းသိရပါတယ်။

    · အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး စက်တင်ဘာလ ၂၈ ရက် ည တွင် ဗီယက်နမ်ကမ်းခြေကို Vinh မြို့အနီး မြေပုံညွှန်း 18.688N, 105.765E မှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။

    · ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက်အနောက်-အနောက်မြောက်ဘက်သို့ ကုန်းတွင်းမုန်တိုင်း၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားကာ စက်တင်ဘာ ၂၉ ရက်နေ့မှာ လာအိုနိုင်ငံအလယ်ပိုင်းအထိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိနိုင်ကြောင်း JTWC မှ နောက်ဆုံးရရှိထားသည့်ထုတ်ပြန်ချက် Warning-13 မှာ ဖေါ်ပြထားပါတယ်။

    · မုန်တိုင်းအကြွင်းအကျန်များသည် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကိုဖြတ်သန်းပြီး အိန္ဒိယနိုင်ငံ အာသံမဏိပူရနယ်ထဲအထိ ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF Model ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။

    ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းငယ်

    · ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ၂၉ ရက် ညမှစတင်ပြီး လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ကာ၊ အောက်တိုဘာလ ၁ ရက်နေ့တွင် အနည်းဆုံးမုန်တိုင်းငယ်အဆင့်အထိရောက်လာပြီးနောက် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။

    · ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်နှင့် တိုင်ဖွန်းမုန်တိုင်း BUALOI ဆက်လက်ရွေ့လျားကာ ရှမ်းပြည်နယ်အရှေ့ပိုင်းကိုဖြတ်သန်းပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ရွေ့လျားဝင်ရောက်လာနိုင်မည့် ထူးခြားမိုးလေဝသအခြေအနေများကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင်မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး စက်တင်ဘာလ ၂၉-၃၀ ရက်တွေမှာ မိုးရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏ အများဆုံးဖြစ်နိုင်ပါတယ်။

    · စက်တင်ဘာလ ၂၉ ရက် နှင့် ၃၀ ရက်နေ့တွေမှာ တနိုင်ငံလုံးအတိုင်းအတာဖြင့်မိုးရွာနိုင်၊ (POSSIBLE CLOUD BURST)ကြောင့် နေရာကွက်ကျားမိုးသည်းထန်နိုင်ပြီး ၄၈ နာရီအတွင်း မိုးရေချိန် ၅ လက်မနှင့် အထက် ရွာနိုင်/မိုးများနိုင်ပါတယ်။

    ယခု ၁ ပါတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ

    · ရှမ်းပြည်နယ်အတွင်း ရှမ်း-အရှေ့၊ ရှမ်း-တောင်နှင့် ရှမ်း-မြောက်ဒေသအားလုံးတွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန် ၆ လက်မ အထက်ရှိနိုင်ပါမယ်။

    · တောင်ကြီးမြို့နှင့် ကလောမြို့တို့တွင် ၂၇/၂၉/၃၀ ရက်တို့တွင် ၂၄ နာရီ မိုးရေချိန် ၁ လက်မအထက်မရွာနိုင်၊ အများဆုံး ၀.၈ လက်မခန့်ရွာသွန်းနိုင်ပြီး -

    ၁ ပတ်အတွင်းမှာ မိုးရေချိန် ၅ လက်မကျော်ခန့် ရွာသွန်းရရှိနိုင်၊ နေရာကွက်၍ မိုးသည်းထန်နိုင်ပါတယ်။

    · လားရှိုးမြို့နှင့် မူဆယ်မြို့များမှာ မိုးပြတ်တောင်းရွာပြီး ခေတ္တမျှသည်းထန်နိုင်ပါတယ်၊ တပတ်အတွင်း မိုးရေချိန်အများဆုံး ၄ လက်မအထိ ရွာသွန်းရရှိနိုင်ပါတယ်။

    · ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းယောင်းမြို့နယ်များမှာမိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး နေရာကွက်မိုးသည်းထန်နိုင်ကာ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး၊ တောင်ကျချောင်းများရေလျှံခြင်း ရုတ်ချည်းရေကြီးနိုင်ခြင်းတို့ဖြစ်ပေါ်ပြီး လမ်းပိတ်ဆို့ခြင်းကြောင့် ခရီးသွားလာရေးအဟန့်အတားများလည်း ဖြစ်ပေါ်နိုင်ပါတယ်။

    · တောင်ကြီး၊ ကလောနှင့် လားရှိုးမြို့အနီးဝန်းကျင်ဒေသများမှာမိုးသည်းထန်ပြီး မြေပြို/တောင်ပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ

    · ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တခုလုံးမှာ ၂၉ ရက်နေ့အထိ အမြင့်ဆုံးနေ့အပူချိန် ၃၀°C ခန့်ရှိရာမှ ၃၀ ရက်နေ့မှာမိုးရွာခြင်းကြောင့် အမြင့်ဆုံးအပူချိန် ၂၂°C အထိကျဆင်းပြီး အနိမ့်ဆုံးညအပူချိန် ၂၁°C ခန့် ရှိနိုင်ပါတယ်။

    · ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့်တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၅ မိုင်ခန့်ရှိနိုင်ပါတယ်။

    · ရှမ်းပြည်နယ်ရဲ့ လေထုစိုထိုင်းဆအခြေအနေများအနေနဲ့ စက်တင်ဘာ ၂၉ ရက်အထိ ၆၀% ဝန်းကျင်ရှိရာမှ ၂၉ ရက်နောက်ပိုင်းမှာ ၈၀% မှ ၁၀၀% အထိ ရှိလာနိုင်ပါတယ်။

    · လေထုစိုထိုင်းဆမြင့်မားချိန် ၂၉ ရက်အထိ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၈°C ခန့်ရှိနေနိုင်ပါမယ်။

    ရှမ်းပြည်နယ်တခုလုံးတွင် လေထုညစ်ညမ်းမှုအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်စရာမရှိပါ။

    (စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာ ၃ ရက်အထိ)

    Win Naing

    Administration Team,

    MMWEATHER,

    ရှမ်းပြည်နယ်အတွင်း နေကြာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်

    ရှမ်းပြည်နယ်အတွင်း နေကြာစိုက်ပျိုးရာတွင် ပျပိုးကျရောက်ပါကအရွက်များမှာ အောက်ဘက် သို့ ကုပ်သွားပြီး အနီရောင်သို့ ပြောင်းသွားတတ်ပြီး အပင်ပုသွားတတ်ပါသည်။ ပျပိုးများမှ ထုတ်သော Honeydew ဟုခါ်သည့် စစ်ထုတ်ရည်ကြောင့် နော်ဆက်တွဲအနေဖြင့် ကျပ်ခိုးမှိုကျရောက်နိုင်ပြီး အရွက်များမည်းသွားနိုင်ကာ အပင်၏အစာချက်လုပ်မှုကို လျော့ကျစေနိုင်ပါသည်။ အရွက်တင်မကပဲ အဖူး၊ အပွင့်နှင့် ပင်စည်များအထိ ကျရောက်ဖျက်ဆီးနိုင်သော ဖျက်ပိုးဖြစ်ပါသည်။

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -

    ခံနိုင်ရည်ရှိသော မျိုးကိုရွေးချယ်စိုက်ပါ။

    မျိုးရင်းဝင်မတူသော သီးနှံဖြင့်သီးလှည့်စိုက်ပါ။

    မစိုက်ပျိုးခင် နေကြာမျိုးစေ့များကို မြန်မာ့ဩဘာမှ ဖရီးဂိတ် မျိုးစေ့လူးနယ်ဆေး လူးနယ်၍ စိုက်ပျိုးရပါမည်။

    ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများဖြစ်သည့် ပိImidacloprid ၊ Thiamethoxam၊ Dimethoate၊ Pymetrozine နှင့် Nitnepyram တစ်မျိုးမျိုး ပက်ဖျန်းခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်

    ငါးကန်များ အ‌စာ‌ကျွေးရာမှာ အလေအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။

    - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။

    - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။

    - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။

    - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။

    - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်‌သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။

    -------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
4
comments
0
views
3015