သီတင်းကျွတ်ကာလ ခရမ်းချဉ်သီးစျေးများ ကျဆင်းလာ
- ခရမ်းချဉ်သီးစျေးမှာ ယခင်က ထိုင်းနိုင်ငံဘက်မှ ခရမ်းချဉ်သီးမပေါ်သေး၍ - အဝယ်ဆွဲကာ စျေးတက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိပစ္စည်းအဝင်များပြီး အရောင်းအဝယ်ပါးသည့်အတွက် စျေးများ တဖြည်းဖြည်းကျဆင်းလာခြင်း ဖြစ်ကြောင်းသိရသည်။ - “ခရမ်းချဉ်သီးစျေးက တဖြည်းဖြည်း ကျလာတယ်။ အခုတော့ တက်စရာအခြေအနေ မမြင်သေးဘူး။ ဒါပေမဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလမှ ထွက်မဲ့ အသီးတွေမှာတော့ စျေးရနိုင်ပါတယ်။ ကျန်တဲ့ ကုန်စိမ်း တချို့လဲ စျေးတွေ ကျနေတယ်။ “ ဟု ရှမ်းပြည် အောင်ပန်းမြို့ မှ ကုန်သည်တစ်ဉီးကပြောသည်။ - ယခင်စျေးကွက်တွင် ခရမ်းချဉ်ဂွတ်သီးတစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ ခရမ်းချဉ် ရှယ်သီးတစ်ပိဿာလျှင် ၂၂၀၀ ကျပ်၊ ခရမ်းချဉ် အသေးသီး တစ်ပိဿာလျှင် ၁၈၀၀ ကျပ် ထိရှိခဲ့ပြီး လက်ရှိတွင် ခရမ်းချဉ်ဂွတ်သီး တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ ခရမ်းချဉ် ရှယ်သီးတစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ - ခရမ်းချဉ်အသေးသီး တစ်ပိဿာ လျှင် ၁၃၀၀ ကျပ်ထိ ကျဆင်းသွားကြောင်း ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုန်စည်ဒိုင်များထံမှ သိရပါသည်။ - အချို့ တောင်သူများအနေဖြင့် စျေးမရရှိသော်လည်း မြေဩဇာများ စျေးကြီးနေပြီး ရေကြီး ရေလျှံမှုများ ရှိနေသည့်အတွက် အခင်းလိုက် ဂရုမစိုက်နိုင်ဘဲ ပစ်ထားရသည့် အခြေအနေများလည်းရှိကြောင်း သိရသည်။ - လက်ရှိ မိုးကြီး၍ ရေကြီးကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်သည်ရေးများ ၊ အဆက်အသွယ်များ ပြတ်တောက် လျက်ရှိ၍ ရပ်နားထားရကြောင်း လည်း သိရသည် ။ - “အခုစျေးကျနေပေမဲ့ ၁၀လပိုင်း နဲ့ ၁၁လပိုင်းမှာ ခူးမဲ့ အသီးတွေရှိသေးတယ်။ အဲ့ချိန်ကျရင် စျေး ပြန်ရမလားဆိုပြီး မျှော်လင်းချက်လေးတွေ နဲ့တောင်သူတွေမှာ မစိုက်ချင်ပဲ စိုက်နေရတယ်။ တောင်သူတွေ က ရှုံးတာများတယ်။ ပုတ်ကုန်ဖြစ်နေတော့ ပိုဆိုးတယ်။ ကြာကြာလဲ မလှောင်နိုင်ဘူး။ အခု ရေကြီးနေတော့ လမ်းပိုင်း ဆက်သွယ်မကောင်းတော့ ရောင်းအားတွေကျတယ်” ဟု ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦး ကပြောသည်။ - ယခုနှစ်ပိုင်းအတွင်း မိုးများသည့်အတွက် ပျက်စီးကုန်ပြီး ခရမ်းချဥ်စိုက်တောင်သူများ အရှုံးများနေကြောင်းလည်း သိရသည်။ - မြန်မာနိုင်ငံနေရာအနှံ့ မိုးကြီးနေခြင်းကြောင့် ဝယ်လိုအားနည်းပြီး ငရုတ် အပါအဝင် ကုန်စိမ်းအချို့လည်း စျေးများ ကျဆင်းနေကြောင်းလည်း သိရသည်။ - ရှမ်းပြည်နယ်တွင် အဓိက စိုက်ပျိုးဒေသများက ပြိုင်ဆိုင်စိုက်ပျိုးခဲ့တာကြောင့် ယခုနှစ်မှာ အထွက်နှုန်းတိုး ခဲ့ကာ အရောင်းအဝယ်မမျှခဲ့သည့်အတွက် အရှုံးဖြင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် အင်းလေး မြို့ ခံများထံမှ သိရပါသည်။ - ဖိုးချဲ(AMIA) - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
