cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကျဆင်းနေသည့် ပဲစင်းငုံစျေးများ ပြန်လည်မြင့်တက်လာ

. ဈေးကွက်သတင်းများ
“မှန်းထားကြတာက မတ်ပဲစျေးကို၊ အခုက ပဲစင်းငုံစျေးက ပြန်တက်လာတယ်။ မိုးကြောင့် အိန္ဒိယမှာ ပဲ စိုက်ခင်းတွေ ဆုံးရှုံးမှုများခဲ့တာလို့ သိရတယ်။ "
  • ကျဆင်းနေသည့် ပဲစင်းငုံစျေးများ ဆက်တိုက်ဈေးပြန်လည် မြင့်တက်လာကြောင်း ကုန်သည်များ ထံမှ သိရပါသည်။ အိန္ဒိယ နိုင်ငံ ရှိ ပဲစဉ်းငုံ အများဆုံးစိုက်သည့် ဒေသများတွင် မိုး သည်းထန်စွာရွာခဲ့သည့် အတွက် ပဲစိုက်ခင်းများ ဆုံးရှုံးပျက်စီးခဲ့သည့် အတွက် စျေးကွက်လိုအပ်ချက်အရ ဝယ်ယူမှု များလာသည့် ပြီး အိန္ဒိယမှာရော မြန်မာပြည်တွင်းမှာပါ ပဲစဉ်းငုံဈေးများ တောက်လျှောက်နီးပါး မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရပါသည်။ 

    “မှန်းထားကြတာက မတ်ပဲစျေးကို၊ အခု က ပဲစင်းငုံစျေးက ပြန်တက်လာတယ်။ မိုးကြောင့် အိန္ဒိယမှာ ပဲ စိုက်ခင်းတွေ ဆုံးရှုံးမှုများခဲ့တာလို့ သိရတယ်။ ဒါကြောင့် အဝယ်ရပ်နေတဲ့ အိန္ဒိယကုန်သည်တွေပြန်ပြီး အဝယ်ရှိလာလို့ ပြည်တွင်းက ပဲစင်းငုံစျေးတွေ ပြန်တက်လာတာ။ အိန္ဒိယနိုင်ငံကို တခြားနိုင်ငံက ပဲတွေ ဝင်လာမယ်ဆိုရင်တော့ စျေးက တမျိုး ဖြစ်သွားနိုင်တယ်။ အဲ့ဒါကြောင့် စောင့်ကြည့်ရဦးမယ် ။” ဟု ပဲကုန်သည် တစ်ဦး ကပြောပါသည်။ 

    ဘုရင့်နောင် ကုန်စည်ဒိုင် စျေးကွက် စာရင်း အရ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း က ပဲစဉ်းငုံ တစ်တန်လျှင် ၂၃၆၀၀၀၀ ကျပ် သာ ရှိ ခဲ့ပြီး ယခု အောက်တိုဘာ လတွင် ပဲစင်းငုံနီ တစ်တန် ဈေး ၂၅၃၅၀၀၀ ကျပ်အထိ မြင့် တက်လာခဲ့ကြောင်း သိရပါသည်။ 

    ထို့ကြောင့် အိန္ဒိယနိုင်ငံသို့ အာဖရိကနိုင်ငံများ ဆီမှ ဈေးပိုသက်သာသည့် ပဲစင်းငုံများ ဝင်လာပါက တက်နေသည့် ပဲစင်းငုံဈေးကို ပြန်လည် ရပ်တန့်သွားနိုင်ကြောင်း သုံးသပ်ထား ကြပါသည်။ 

    သို့သော် ကုန်သည်များ ပြန်တက်လာမည့် ဟု ခန့်မှန်းထားသည့် မတ်ပဲစျေးမှာတော့ စျေး များ ကျဆင်း လျက်ရှိကြောင်းသိရပါသည်။

    လက်ရှိ မတ်ပဲ FAQ တစ်တန်ကို ၂၈၂၀၀၀၀ ကျပ် ပေါက်စျေး သာရှိ တော့ ကြောင်း သိရပါသည်။ 

    လက်ရှိ ပြည်တွင်း ပဲစင်းငုံ တင်ပို့ ခွင့်ကိုလည်း အိန္ဒိယ နိုင်ငံ က အခွန်ကင်းလွတ်တင်သွင်းခွင့် သက်တမ်းတိုးပေးထား ခြင်းလည်း ဖြစ်ကြောင်း သိရပါသည်။

     မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးသည့် ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် စျေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ ၏ ပဲတင်သွင်းမှု မူဝါဒအပေါ်မှာ လည်း အများကြီး သက်ဆိုင် ကြောင်းသိရသည်။ 

    ပြည်ပ နိုင်ငံများသို့ ပြည်တွင်းပဲများ တင်ပို့လျက်ရှိရာ အိန္ဒိယနိုင်ငံသို့  ၇၅ ရာခိုင်နှုန်းထိ တင်ပို့ လျက်ရှိကြောင်းသိရသည်။  

    ဖိုးချဲ(AMIA)

     ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
6
comments
0
views
2095