cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးစိုက်တောင်သူလယ်သူသမားတွေ ဆက်တိုက်အရှုံးပေါ်

. သတင်းစုံ
ဆောင်းစပါး၊ မိုးစပါးဈေးတွေ ဆက်တိုက်ကျဆင်းနေတာကြောင့် စပါးစောစောပေါ်တဲ့ ဧရာဝတီတိုင်းက တောင်သူလယ်သူသမားတွေ ဆက်တိုက်အရှုံးပေါ်နေပါတယ်။
  • “ အခုက ပျှမ်းမျှဈေးက ၁၀ သိန်း။ ဒီဈေးက လယ် တဧကကို ၉၀ - ၁၀၀ လောက်ထွက်မှ အရင်းကြေမယ့်ဈေး။ ဒီနှစ်မိုးက ဆက်တိုက်များတာနဲ့ သွင်းအားစုတွေ ဈေးတက်တာနဲ့ ၇၀ လောက်ပဲထွက်တဲ့သူဆို ခွက်ခွက်လန်ရှုံးတာပဲ ” လို့ ဟင်္သာတမြို့နယ် မှာ နေထိုင်တဲ့ တောင်သူ လယ်သမားရေး ကူညီဆောင်ရွက်နေသူ တဦးက ရှင်းပြပါတယ်။

    ဧရာဝတီတိုင်းက လယ်သမားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ - ၂၀၂၅ ခုနှစ် ဆောင်းစပါးကာလကတည်း က စပါးဈေးကျဆင်းမှုကြောင့် ဆက်တိုက်အရှုံးပေါ်လာခဲ့တာဖြစ်ပါတယ်။စပါးဈေးကို၁၈သိန်းလောက် မှန်းထားခဲ့ချိန်မှာ ၁၄ သိန်းဝန်းကျင်သာဈေးရခဲ့ပြီး ဒီဈေးနူန်းဟာ သွင်းအားစုများများ သုံးရတဲ့ ဆောင်းစပါးပေါ်ချိန်မှာ မိုးရွာသွန်းမှုတွေလည်း ဖြစ်ပေါ်ခဲ့တာကြောင့် ဆုံးရှုံးမှုများခဲ့ရတာဖြစ်ပါတယ်။

    “ ကျွန်တော်တို့က ဒီဈေး(၁၄ သိန်း)နဲ့ဆို မိုးစပါးက သွင်းအားစုသိပ်မများတော့ ကိုက်လောက်တယ်လို့ မှန်းထားခဲ့တာ။ ကျွန်တော်တို့အတွက် အရင်းကျေတယ်ဆိုတာ လူရဲ့လုပ်အားခတွေ မပါဘူးလေ။ ပြီးခဲ့တဲ့ တသီးတုန်းက ရှုံးလို့ မိုးစပါးတောင် ပျိုးခင်းမချနိုင်ဘူး၊ ကြဲခင်းပဲချခဲ့တာ။ ခုတော့ အသံတောင် မထွက်နိုင်တော့ပါဘူး ” လို့ ကျုံပျော်မြို့နယ်က လယ်သမား ကိုမျိုးဆွေက ဆိုပါတယ်။

    စစ်ကောင်စီဟာ စပါးဈေးကိုထိန်းချုပ်ဖိုကြိုးစားခဲ့ပြီး ကုန်သည်ကြီးတွေ ပြည်ပဆန်တင်ပို့မှုကို ပိတ်ပင်ခဲ့တာကြောင့် စပါးဈေးထိုးကျသွားခဲ့တာဖြစ်တယ်လို့ စပါးကုန်သည်တွေက ထောက်ပြဝေဖန်ကြပါတယ်။

    မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့အောက်တိုဘာ ၂ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ အနိမ့်ဆုံးဈေးနူန်းဟာ ၁၁ သိန်းဖြစ်ပြီး လယ်သမားတွေအနေနဲ့ ဈေးနှိမ်ခံရတာတွေ၊ စပါးရောင်း မထွက်တာတွေ ဖြစ်နေရင် ဆန်စပါး အသင်းချုပ်ရဲ့ ဒေသရုံးခွဲတွေကို ဆက်သွယ်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

    “ အခုက မိုးကလည်းရှိနေတော့ လယ်သမားတွေက စပါးမလှောင်နိုင်ကြဘူး။ နေသွေ့အောင်လှန်းဖို့လိုတာကိုး။ မလှောင်နိုင်တော့ ရတဲ့ဈေးနဲ့ရောင်းရတယ်။ နည်းနည်းနောက်ကျတဲ့ ကွင်းတွေကတော့ ဈေးနည်းနည်းပြန်တက်လာနိုင်တယ်။ အခုက ပြည် ပဆန်တင်ပို့မှုကို ခွင့်ပြုလိုက်ပြီ ဆိုတော့လေ ” လို့ ကိုမျိုးဆွေက မှတ်ချက်ပေးပါတယ်။

    လက်ရှိ မိုးစပါးမှာ တဧက တင်း ၈၀ ထွက်သူတွေဟာ ငွေကျပ် ၂ သိန်းဝန်းကျင်အရှုံးရှိတယ်လို့လည်း စပါးစိုက်ရာမှာ ထည့်သွင်းရတဲ့ သွင်းအားစုတွေအပေါ် အခြေခံပြီး ကိုမျိုးဆွေက တွက်ပြခဲ့ပါတယ်။

    ဧရာဝတီတိုင်းက စပါးစိုက်ပျိုးသူ အများစုဟာ သီတင်းကျွတ်ကာလမတိုင်ခင်မှာ မိုးစပါးရိတ်သိမ်းမှုတွေ ပြုလုပ်ကြလေ့ရှိပြီး ဆောင်းရာသီ သီးနှံတွေ စိုက်ပျိုးနိုင်ဖို့ ပြင်ဆင်ကြလေ့ရှိပါတယ်။ ဒါကြောင့် ဧရာဝတီတိုင်းက စပါးအစောဆုံးထွက်ရှိတဲ့ ဒေသထဲမှာပါဝင်ပါတယ်။

    လက်ရှိအချိန်မှာတော့ စပါးအရှုံးကြောင့်ရယ်၊ မိုးလေဝသ အခြေအနေကြောင့်ရယ် ဆောင်းသီးနှံတွေစိုက်ပျိုးဖို့ကိုချင့်ချိန်နေကြတယ်လို့ လယ်သ မားတွေဆီက သိရပါတယ်။

    Source: Delta News Agency

    -------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
14
comments
1
views
1879