ဂျင်း စျေးကွက်အခြေအနေ
- သယ်ယူပို့ဆောင်ရေးအခက်အခဲများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတင်ပို့မှု မရှိသေးသည့်အတွက် ပြည်တွင်းစျေးကွက်လိုအပ်ချက်ထက် ထုတ်လုပ်စိုက်ပျိုးမှုက ကျော်လွန်နေခြင်းကြောင့် ပြည်တွင်း ဂျင်းစျေးနှုန်းများ ပိုမိုကျဆင်းနေကြောင်း သိရပါသည်။ - “ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နေကြလမ်းကြောင်းက အခုထိအဆင်မပြေသေးတော့ တင်ပို့မှု သိပ်မရှိဘူး။ ရှမ်းပြည်နယ်ကနေ ရခိုင်ကို အရင်သွားပြီးမှ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ကြတာ။ အခု မိုးကြီးတာတွေနဲ့ လမ်းပိုင်းဆက်သွယ်ရေးက မကောင်းဘူး။ Export မရှိတော့ အဝယ်မရှိဘူး။ ဒါကြောင့် အောင်ပန်းမှာ ဝယ်မယ့်သူ မရှိဖြစ်သွားတယ်” ဟု ရှမ်းပြည်နယ် အောင်ပန်းမှ ကုန်သည်တစ်ဦးက ပြောသည်။ - အောင်ပန်းမြို့တွင် ယခင်အပတ်က ဂျင်းဥသစ်ခက် တစ်ပိဿာ ၄၅၀၀ ကျပ်အထိ ရှိခဲ့ပြီး လက်ရှိတွင် ဂျင်းဥသစ်ခက် တစ်ပိဿာလျှင် ၂၀၀၀ မှ ၃၀၀၀ ကျပ်ထိသာ ရှိတော့ကြောင်း သိရပါသည်။ - “ကြက်သွန်ဖြူနဲ့ ဂျင်း ကုန်စည်နှစ်မျိုးက Export မရှိသေးတော့ ဝယ်လိုအားနည်းပြီး စျေးကျတဲ့ဖက်ကို ရောက်ရှိနေပါတယ်။ အခုက ပြည်တွင်း ဝယ်လိုအားလည်း မကောင်းဘူး။ ပြည်တွင်းကောင်းရင် စျေးအဲ့ဒီလောက် မဆိုးသေးဘူး။ အခုက ဂျင်းဥမပေါ်ချိန်ဆိုတော့ စျေးကွက် ဂျင်းအဝင်များနေတယ်” ဟု exporter တစ်ဦးက ဆိုသည်။ - ပြည်တွင်း ဂျင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်ပို့နေရခြင်းဖြစ်ပြီး လက်ရှိ Export Order မရှိနိုင်ခြင်းကြောင့် သိရပါသည်။ - “ဂျင်းက အဝင်ပြန်များလာတော့ စျေးပြန်ကျနေပါတယ်။ အရင်ခေတ်ကောင်းတုန်းက ဂျင်းဒီချိန်ဆို ၄၀၀၀ ကျော်နေပြီး အခုက ထက်ဝက်နီးပါး ကျသွားတာပေါ့။ ဒီလိုပုံစံမျိုးနဲ့ဆို ထပ်ကျဖို့ပဲရှိတယ်” ဟု ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်သည်တစ်ဦးက ပြောသည်။ - လက်ရှိ ဂျင်းကို ဘင်္ဂလားဒေ့ရှ်သို့ ရှမ်းပြည်နယ်မှ တိုက်ရိုက်တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရပြီး ရန်ကုန်မှတဆင့် သင်္ဘောဖြင့်လည်းကောင်း၊ စင်္ကာပူနိုင်ငံမှတဆင့်လည်းကောင်း ပို့ကြသော်လည်း တင်ပို့သည့်ကုန်ကျစရိတ်များ၍ မကိုက်ကြောင်း သိရသည်။ - မြန်မာနိုင်ငံတွင် ဂျင်းအား ရှမ်းပြည်နယ် တောင်ပိုင်းတွင် အဓိကထား စိုက်ပျိုးကြကြောင်း သိရပြီး ယခုနှစ်တွင် အထွက်နှုန်းများကြောင်းလည်း သိရသည်။ - ဖိုးချဲ (AMIA) - -------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
