cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း အောက်တိုဘာလ ၂၄ ရက် မှ အောက်တိုဘာလ ၃၀ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မန္တလေးမြို့ပေါ်နှင့် ကျောက်ဆည်၊ မတ္တရာ ဧရိယာအတွင်း မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မနီးပါးခန့်နှင့် ၁ လက်မအထက် ရွာသွန်းရရှိနိုင်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·          ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)တခု စတင်ဖြစ်ပေါ်ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု အောက်တိုဘာ ၂၄ ရက်နေ့တွင် ဖြစ်ပေါ်လာနိုင်ပါတယ်။ အောက်တိုဘာ ၂၄ ရက် မှ နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ 

    ·          သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များဖြစ်သည့် ECMWF, GFS နှင့် ICON model များ၏ ခန့်မှန်းချက်အရ အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး၊ အောက်တိုဘာ ၂၈ ရက် ညနေပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက် အန်ဒရာပရာဒက်ရှ်ကမ်းခြေအနီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Deep Depression – DD) မုန်တိုင်းငယ်အဆင့်အထိရောက်လာနိုင်ကြောင်း ခန့်မှန်းပါတယ်။ 

    ·          မုန်တိုင်းငယ်သည် အောက်တိုဘာ ၂၈ ရက် ည မှာ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး အိန္ဒိယနိုင်ငံကုန်းတွင်းမှာ မြောက်-အရှေ့မြောက်သို့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားနိုင်ကြောင်း model များမှ တွက်ချက်ခန့်မှန်းထားပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း FENGSHEN သည် အောက်တိုဘာ ၂၃ ရက် ည မှာ ဗီယက်နမ်ကမ်းခြေကို ဒါနန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး အောက်တိုဘာ ၂၄ ရက် နံနက်အစောပိုင်းတွင် လာအိုနိုင်ငံတောင်ပိုင်းမှာ အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များက ခန့်မှန်းထားပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမည့် မုန်တိုင်းငယ်နှင့် တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း FENGSHEN တို့၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအပေါ်သက်ရောက်မှုအနည်းငယ်သာရှိနိုင်ပြီး - 

    -   ဘင်္ဂလားပင်လယ်အော်နှင့် ကမ်းရိုးတန်းအနီးဖြစ်ပေါ်နိုင်သည့် လေပွေလှိုင်းများကြောင့် ရခိုင်ပြည်နယ်တွင် မိုးအများဆုံး(၇ ရက်အတွင်း မိုးရေချိန် ၆.၃၆ လက်မအထိ ရွာသွန်းရရှိနိုင်ပါတယ်။ 

    -   ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများတွင် ၇ ရက်အတွင်းမိုးရေချိန် ၂ လက်မအထက် ရွာသွန်းနိုင်ပြီး နေရာကွက်၍မိုးသည်းထန်နိုင်ပါမယ်။ 

    -   ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ၇ ရက်အတွင်း မိုးရေဃျိန် ၁ လက်မအထက်မှ ၂ လက်မ နီးပါးအထိ ရွာသွန်းရရှိနိုင်ပါမယ်။ 

    -   စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် နေပြည်တော်ဧရိယာတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအောက်ရွာသွန်းနိုင်ပြီး မိုးနည်းနေပါမယ်။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          မန္တလေးတိုင်းတခုလုံး၏ ၇ ရက် ပျမ်းမျှမိုးရေချိန် ၁.၀၂ လက်မ၊ မိုးနည်း/မိုးအလွန်နည်းပါမည်။ 

    ·          ပြင်ဦးလွင်နှင့် မိုးကုတ်တောင်ကုန်းမြင့်ဒေသများတွင် မိုးတိမ်များသည် တောင်ကုန်းများဘက်သို့ရွေ့လျားသည့်အခါ အထက်ပင့်လေစီးကြောင်းကြောင့် အမြင့်ပိုင်းသို့ရွေ့လျားရောက်ရှိပြီး ပြင်ပအပူချိန်ကျဆင်း၍ ငွေ့ရည်ဖွဲ့အမှတ်အပူချိန်သို့ရောက်သည့်အခါ မိုးရွာသွန်းနိုင်သော (Orographic Lift effect) ကြောင့် ယခုတပတ်အတွင်းမိုးရေချိန်ရွာသွန်းရရှိမှု အများဆုံးဒေသများဖြစ်နိုင်ပါမယ်။ 

    ·          အလယ်ပိုင်းမိုးနည်းရေရှားလွင်ပြင်ဒေသများဖြစ်သည့် မြင်းခြံ၊ ညောင်ဦးတို့တွင် မိုးအလွန်နည်းပြီး၊ ၇ ရက်-မိုးရေချိန် လက်မဝက်ခန့်သာရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          မန္တလေးမြို့ပေါ်နှင့် ကျောက်ဆည်၊ မတ္တရာ ဧရိယာအတွင်း မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မနီးပါးခန့်နှင့် ၁ လက်မအထက် ရွာသွန်းရရှိနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          ပျမ်းမျှခြင်းအားဖြင့် အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး တောင်ပေါ်ဒေသတွေမှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၉°C ခန့် ရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိရှိနိုင်ပြီး၊ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၅၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၉၀% ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းမြောက်ပိုင်း မတ္တရာမြို့နယ်/ခရိုင်အတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၉°C အထိရှိနိုင်၊ ပူအိုက်နေနိုင်ပါတယ်။ 

    မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value သည် Good to Moderate Level အသင့်အတင့်မှ ကောင်းသောအဆင့်တွင် ရှိနေပြီး စိုးရိမ်ရသည့် အခြေအနေမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မန္တလေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးရာတွင် ပင်ခြေပုပ်မှိုရောဂါမှာ မြေဆောင်ရောဂါ တစ်မျိုးဖြစ်ပြီး မြေကြီးအစိုဓာတ်များပြီး အပူချိန်မြင့်မားသည့်အချိန်များတွင် ဆိုးဝါးစွာ ဖြစ်တတ် ပါသည်။ ငရုတ်ပင်တစ်ပင်လုံးရှိအရွက်များရုတ်တရက်ညိုးလာပြီး ရောဂါလက္ခဏာမပြပဲ သေဆုံး သွားသည်ကို တွေ့ရမည်ဖြစ်သည်။အမြစ်များတွင်ရောဂါလက္ခဏာမပြပဲ အမြစ်နှင့် ပင်စည်ကြားတွင် ပုပ်နေသည်ကိုတွေ့ရှိရမည်။ အမြစ်ကိုနုတ်ကြည့်ပါက အဖြူရောင်မှိုမျှင်များနှင့် သေးငယ်သော မှိုသီးလုံးများကို တွေ့ရမည်ဖြစ်သည်။။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • ခံနိုင်ရည်ရှိသောမျိုးအသုံးပြုပါ။ 
    • မျိုးရင်းဝင်မတူသောသီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။ 
    • ရောဂါကျရောက်သော အပင်များအား စိုက်ခင်းနှင့်ဝေးရာတွင် ဖယ်ရှားဖျက်ဆီးပေးပါ။ 
    • မြေဆောင်ရောဂါဖြစ်သည့်အတွက် မစိုက်ခင် မြေပြုပြင်ချိန်တွင် Hymexazol ပါဝင်သောမြေဆောင်မှိုသတ်ဆေးများ ထည့်သွင်းခြင်း ၊ Thiram ကဲ့သို့သော မျိုးစေ့လူးနယ်ဆေးများ အသုံးပြုပေးခြင်းဖြင့် ကြိုတင်ကာကွယ်ပေးပါ။ 
    • ရောဂါကျရောက်ပါက ဓာတုဆေးအနေဖြင့် Trifloxystrobin နှင့် Tebuconazole ပါဝင်သော မှိုသတ်ဆေးအား သတ်မှတ်နှုန်ထားအတိုင်း အပင်ခြေထိရွှဲနေအောင် ပက်ဖျန်းပေးပါ။ 

    ငါးကန်များတွင် ရေကြည်နှုန်းတိုင်းတာခြင်း 

    ငါး၊ ပုစွန်မွေးမြူရေးကန်အတွင်း အပင်မျှောလှေးရှိသင့်သောအခြေအနေကို ရေကြည်နှုန်း တိုင်းသော ကိရိယာ(Secchi-disc) ဖြင့် တိုင်းတာပြီး ၊ အပင်မျှောလှေး များ ၊မများ ကိုသိရှိနိုင်ပါသည်။ အပင်မျှောလှေး နည်းနေပါကလည်း အပင်မျှောလှေး ပေါက်ဖွားနှုန်းကောင်းစေရန် မြေဩဇာများထပ်မံဖြည့်သွင်းနိုင်သည်။ အပင် မျှောလှေးများနေပါကလည်း အစာကျွေးခြင်းရပ်ဆိုင်းခြင်း နှင့် အပင်မျှောလှေးလျော့ထုတ်ခြင်းကို ဆောင်ရွက် ရပါမည်။ 

    ရေကြည်နှုန်းသည် 20 cm (၈)လက်မအောက်လျော့နည်းနေပါက ကန်ရေ၏အရောင်သည် အလွန်စိမ်းပြီး အောက်စီဂျင်ပြဿနာတက်နိုင်ပါသည်။ ရေများများလဲ‌ပေးရပါမည်၊ အစာလျှော့ကျွေးပေးရပါမည်။ ရေကြည်နှုန်း 30cm (၁၂)လက်မ) မှ 40 cm(၁၆) လက်မအတွင်းရှိပါက အပင်မျှောလှေး လုံလောက်စွာရရှိနေခြင်းဖြစ်ပါသည်။ ရေကြည်နှုန်း 40 cm(၁၆)လက်မမှ 60 cm (၂၄)လက်မ အတွင်းရှိပါက ကန်အတွင်း အပင်မျှောလှေး နည်းပါးသွားပါသဖြင့် မြေဩဇာထပ်မံထည့်သွင်း ခြင်းကိုဆောင်ရွက်နိုင်ပါသည်။ 

    ------------ 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
0
views
2827