မျိုးရင်းဝင်တူသော်လဲ ဖျက်ဆီးပုံချင်းမတူညီကြတဲ့ ပဲပွင့်ထွေးပိုး နှင့် သီးလုံးဖောက်ပိုး
- ပဲပွင့်ထွေးသည် ဦးခေါင်းခွံ ရှည်ပြီး ထင်ရှားပါတယ်။ ခန္ဓာကိုယ်တလျှောက် ကျောဘက်တလျှောက်မှာ အစက်အပျောက် အကြီးအသေး ဆင့်လျှက် နှစ်ခုစီ အတန်းလိုက်ပါပါတယ်။ ဘေးတလျှောက် အစက်တခုစီ ဘယ်ညာ အတန်းလိုက်ပါပါတယ်။ လောက်ကောင် အဆစ်တိုင်းမှာ ဆူးကဲ့သို့ သေးငယ်သော အမွှေးတိုများ ပါပါတယ်။ လောက်ကောင်ရဲ့ ခန္ဓာကိုယ်နောက်ပိုင်းသည် အနည်းငယ် သွယ်သွားပါတယ်။ လောက်ကောင်အကောင်ကြီးသည် ၁.၅ စင်တီမီတာခန့်ရှိပါတယ်။ - သီးလုံးဖောက်ပိုးသည် ဦးခေါင်းခွံခပ်ပြားပြားရှိပြီး ဒေါင်လိုက်ပုံစံ ချပ်ပြားကဲ့သို့ရှိပါတယ်။ ခန္ဓာကိုယ် ဘေးဘယ်ညာမှာ အလျားလိုက် အစင်းကြောင်းတခုပါရှိပါတယ်။ လောက်ကောင်ရဲ့ ကျောဘက်ဘေး အဆစ်တိုင်းမှာ အမဲစက် တခုစီပါပါတယ်။ လောက်ကောင်ခန္ဓာကိုယ် နောက်ပိုင်းသည် ဦးခေါင်းပိုင်းထက် အနည်းငယ် ပို၍ကျယ်ပါတယ်။ လောက်ကောင်အကြီးသည် ၂-၂.၅ စင်တီမီတာအထိ ရှည်ပါတယ်။ - စားသောက်ဖျက်ဆီးမှုအလေ့အထများ - ပွင့်ထွေးပိုးသည် monophagous ဟုခေါ်သော သီးနှံအမျိုးအစား တမျိုးကိုသာ အဓိက စားသောက်ပါတယ်။ ပဲမျိုးရင်းဝင်အပင်များကို စားသောက်ဖျက်ဆီးပါတယ်။ အခြားပန်းပွင့်သောအပင်များ ဥပမာ- ဧကရာဇ်၊ ပေါက်ပန်းဖြူ စတဲ့အပွင့်တွေမှာ တွေ့ရတတ်သော်လည်း အဓိကဖျက်ပိုးမဟုတ်ပါ။ အပွင့်၊ အဖူး၊ သီးတောင့်များကိုစားပါတယ်။ - သီးလုံးဖောက်ပိုးသည် polyphagous ဟုခေါ်သော သီးနှံများစွာကို ဖျက်ဆီးပါတယ်။ ပဲမျိုးစုံ၊ ဝါ၊ ငရုတ်၊ ပြောင်းဖူး၊ အခြားဟင်းသီးဟင်းရွက်များ၏ အရွက်၊ ပန်းပွင့်၊ သီးတောင့် အစုံစားသောက်ဖျက်ဆီးပါတယ်။ - ပွင့်ထွေးပိုးသည် လောက်ကောင်အဆင့် ၄၊ ၅ တွင် သီးတောင့်အရင်းမှ အပေါက်ငယ်ဖောက်၍ ဝင်ရောက်ပြီး အစေ့အဆံများကို စားသောက်ပါတယ်။ မစင် (အညစ်အကြေး)များကို ဝင်ရောက်သော အပေါက်ငယ်အနီးတွင်စွန့်ပစ်သောကြောင့်ပိုးချေးများ တွေ့နိုင်ပါတယ်။ သီးတောင့်အရင်းကို အတွင်းသို့ဝင်ရောက်ရန်သာ ဖောက်၍ သီးခွံများကို စားသောက်ခြင်းမရှိပါ။ လောက်ကောင်အဆင့် ၁၊၂၊၃ သည် အပွင့် အဖူးများကို စားသောက်ဖျက်ဆီးပါတယ်။ ပါးစပ်မှ ချည်မျှင်ထုတ်ပြီး အဖူးအပွင့်များကို ရစ်ပတ်ပြီး ထွေးပစ်တတ်ပါတယ်။ - သီးလုံးဖောက်ပိုးသည် သီးတောင့်အခွံများကို စတင်စားသောက်ပြီး အတွင်းမှ အစေ့အဆံများကိုပါ စားသောက်ဖျက်ဆီးပါတယ်။ သီးလုံးဖောက်ပိုးကျရောက်ပါက အသီးတောင့်သည် အခွံများပါ ကိုက်ဖြတ်စားသောက်ထားသောလက္ခဏာကို တွေ့ရမှာဖြစ်ပါတယ်။ သီးတောင့်အနီးရှိ အရွက်များတွင်လည်း ကိုက်ဖြတ်စားသောက်သော လက္ခဏာ တွေ့ရပါမယ်။ - ပွင့်ထွေးပိုးသည် Monocyclic သီးနှံတရာသီတွင် တကြိမ်သာ ပွါးများပါတယ်။ ရုပ်ဖုံးသည် မြေကြီးထဲတွင် ဆောင်းခိုနိုင်ပါတယ်။ ရာသီဥတုအပေါ် မူတည်ပြီး ပွါးများပါတယ်။ - သီးလုံးဖောက်ပိုးသည် polycyclic သီးနှံတရာသီ သို့မဟုတ် တနှစ်အတွင်း မျိုးဆက် ၃ ကြိမ်နှင့်အထက် (စားသောက်ရန် လက်ခံပင်ရှိပါက) ပွါးများနိုင်ပါတယ်။ ရာသီဥတုအပေါ် သက်ရောက်မှုမရှိပါဘူး။ - ပွင့်ထွေးပိုး၏ သိပ္ပံနာမည်မှာ - Maruca tastulalis, Maruca vitrata - သီးလုံးဖောက်ပိုး၏ သိပ္ပံနာမည်မှာ - Helicoverpa armigera - အထက်ဖော်ပြပါ ခွဲခြားချက်များသည် ယေဘုယျခွဲခြားချက်များဖြစ်ပါသည်။ - Dr. DaDa (Ph.D Entomology) ရေးသားဖော်ပြထားသည်မှ ကူးယူဖော်ပြသည်။ - ----------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
