cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် အောက်တိုဘာ ၂၅ ရက် မှ အောက်တိုဘာ ၃၁ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
အောက်တိုဘာ ၃၁ ရက်နေ့အထိ များသောအားဖြင့် ရှမ်းပြည်နယ်တခုလုံးမှာ မိုးလျော့နည်းနေပြီး အောက်တိုဘာ ၃၁ ရက် နောက်ပိုင်း နိုဝင်ဘာလ ၄ ရက်အထိ ရှမ်းပြည်နယ်တခုလုံးမှာ မိုးအနည်းငယ်မှမိုးအသင့်အတင့် ပြန်ရွာလာနိုင်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ

    အောက်တိုဘာ ၂၃ ရက်နေ့မှာ ရရှိတဲ့ ECMWF model ကြိုတင်ခန့်မှန်းချက်၊ ECMWF CYCLONE GENESIS CHART မှာတွေ့ရတဲ့ ကြိုတင်ခန့်မှန်းချက်များအရ -

    · အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ စောင့်ကြည့်ရမည့် လေပွေလှိုင်း(INVEST SYSTEMs)တွေ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

    · အာရေဗျပင်လယ်မှ လေပွေလှိုင်းကို INVEST-92A, ဘင်္ဂလားပင်လယ်အော်မှ လေပွေလှိုင်းကို INVEST-94B နဲ့ တောင်တရုတ်ပင်လယ်မှ လေပွေလှိုင်းကို INVEST-97W အဖြစ် သတ်မှတ်အမည်အသီးသီး ရထားပြီးဖြစ်ပါတယ်။

    · အာရေဗျပင်လယ်နှင့် တောင်တရုတ်ပင်လယ်တွေမှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းတွေထက် ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်း INVEST 94B က ပိုမိုအားကောင်းလာနိုင်ပြီး အောက်တိုဘာ ၂၃ ရက် နေ့မှ အောက်တိုဘာ ၃၀ ရက်အထိ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% မှာ ဆက်ရှိနေတာတွေ့ရပါတယ်။

    · အောက်တိုဘာ ၂၉-၃၀ ရက်နေ့တွေမှာ ဆိုင်ကလုန်းမုန်တိုင်းအားနဲ့ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် မုန်တိုင်းအကြွင်းအကျန်များသည် မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်းလဲ မုန်တိုင်းလမ်းကြောင်း ကြိုတင်ခန့်မှန်းချက်တွေအရ သိရပါတယ်။

    · အခုကြိုတင်ခန့်မှန်းချက်အတိုင်းဖြစ်လာမယ်ဆိုရင် INVEST-94B မှ ဖြစ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာ ၃၀ ရက် မှ နိုဝင်ဘာလ ပထမပတ်အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီးနေရာကွက်၍ မိုးသည်းထန်နိုင်ပါတယ်။

    · ရခိုင်ကမ်းရိုးတန်းကကမ်းနီးပင်လယ်ပြင်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးပင်လယ်ပြင်နဲ့ မွန်-တနင်္သာရီကမ်းနီးပင်လယ်ပြင်များမှ ရေလုပ်သားများအနေဖြင့် .. အောက်တိုဘာ ၂၄ ရက်မှ စတင်ပြီး နိုဝင်ဘာလ လဆန်းပိုင်းရက်များအထိ အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၅ မိုင်မှီ မိုင်၃၀ ခန့်၊ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေခန့်အထိ ရှိနေနိုင်တာကြောင့် လှိုင်း/လေ ကြမ်းလာနိုင်မည့်အခြေအနေကို အထူးသတိပြုရှောင်ရှားနိုင်ရေးအတွက် ပြင်ဆင်ထားကြရန် လိုပါမယ်။

    ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ

    · ရှမ်းပြည်နယ်မြောက်ပိုင်း - လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်မြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မ အထက် ရွာသွန်းရရှိနိုင်ပါတယ်။

    · ရှမ်းပြည်နယ်အရှေ့ပိုင်း - ကျိုင်းတုံ၊ မိုင်းလား၊ တာချီလိတ်၊ မိုင်းဆတ် မြို့နယ်တွေမှာ ရ ရက်အတွင်းမိုးရေချိန် ၁ လက်မအထက်ရွာသွန်းရရှိနိုင်ပြီး မိုင်းဖြတ်မြို့နယ်မှာ ၁ လက်မအောက်ရွာသန်းရရှိနိုင်ပါတယ်။

    · ရှမ်းပြည်နယ်တောင်ပိုင်း - တောင်ကြီး၊ ကလော၊ လွိုင်လင်၊ ညောင်ရွှေမြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအထက်၊ ပင်းတယနဲ့ ဟိုပုံးမြို့နယ်တွေမှာ ရ ရက် မိုးရေချိန် ၁ လက်မအောက် ရွာသွန်းရရှိနိုင်ပါတယ်။

    · ရှမ်းပြည်နယ်တခုလုံးရဲ့ ၇ ရက်အတွင်းပျမ်းမျှခြင်းရွာသွန်းရရှိနိုင်တဲ့ မိုးရေချိန်က ၁ လက်မအထက်(ပျမ်းမျှ ၁.၁၉ လက်မ) ရှိနိုင်ပါတယ်။

    · အောက်တိုဘာ ၃၁ ရက်နေ့အထိ များသောအားဖြင့် ရှမ်းပြည်နယ်တခုလုံးမှာ မိုးလျော့နည်းနေပြီး အောက်တိုဘာ ၃၁ ရက် နောက်ပိုင်း နိုဝင်ဘာလ ၄ ရက်အထိ ရှမ်းပြည်နယ်တခုလုံးမှာ မိုးအနည်းငယ်မှမိုးအသင့်အတင့် ပြန်ရွာလာနိုင်ပါတယ်။

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ

    · ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၆°C ခန့် ရှိနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၉°C ခန့် ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ အမြင့်ဆုံးနေ့အပူချိန် ၂၉°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၈°C ခန့်ရှိနိုင်ပါတယ်။

    · ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်မှ ၁၅ မိုင်ခန့်ရှိနိုင်ပါတယ်။

    · ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတွေမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၄၀% ဝန်းကျင်အထိ ကျဆင်းနိုင်ပြီး ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၈၀% အထိ ရှိနိုင်ပါတယ်။

    · ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၆၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% နဲ့ ၁၀၀% ကြားမှာ ရှိနေနိုင်ပါမယ်။ အောက်တိုဘာ ၃၁ ရက် နောက်ပိုင်းမှာ ရှမ်းပြည်နယ်တခုလုံးရဲံ လေထုစိုထိုင်းဆတွေ မြင့်တက်လာနိုင်ပါတယ်။

    · နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၃°C ခန့်ရှိနေနိုင်ပါမယ်။

    ယခုတပါတ်အတွင်းမှာရှမ်းပြည်နယ်တခုလုံးရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်းက GOOD to MODERATE အတွင်းဆက်ပြီး ရှိနေနိုင်ပါမယ်။ Win Naing

    Administration Team,

    MMWEATHER,

    ရှမ်းပြည်နယ်အတွင်း နေကြာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်

    ရှမ်းပြည်နယ်အတွင်း နေကြာစိုက်ပျိုးရာတွင် နေကြာရွက်ခြောက်ရောဂါမှာ အရွက်ပေါ်တွင် အညိုရင့်ရောင် အနာကွက်များကို စတင်တွေ့နိုင်ပါသည်။ နောက်ပိုင်းတွင် ရွက်ညှာများပေါ်အထိ ပျံ့နှံ့သွားပြီး ပင်စည်ပေါ်သို့ ကူးစက်သွားနိုင်ပါသည်။ အရွက်တစ်ခုလုံး ခြောက်ခြင်း၊ ပင်စည်နှင့် ပန်းပွင့်တစ်ခုလုံးပုပ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ ရောဂါပြင်းထန်လာပါက အရွက်များ လျင်မြန်စွာခြောက်သွေ့ပြီး သေဆုံးနိုင်ပြီးအထွက်နှုန်းကိုထိခိုက်စေနိုင်ပါသည်။

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -

    ရောဂါကျပင်ကြွင်းများနှင့် ပေါင်းမြက်များကို သုတ်သင်ရှင်းလင်းပေးရပါမည်။

    အခြားလက်ခံပင်ဖြစ်သော ပေါင်းမြက်များရှင်းလင်းပေးရမည်။

    မျိုးရင်းမတူသော သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးရပါမည်။

    မျိုးစေ့ကို ဟိုမိုင်း/ ထရိုင်ခိုဒါးမားဖြင့် လူးနယ်စိုက်ပျိုးရပါမည်။

    ရောဂါ လက္ခဏာစတွေ့ရပါက Mancozeb၊ Propiconazole၊ Azoxystrobin ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုး အသုံးပြု၍ ပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ပါသည်။

    ငါးကန်များတွင် ရေကြည်နှုန်းတိုင်းတာခြင်း

    ငါး၊ ပုစွန်မွေးမြူရေးကန်အတွင်း အပင်မျှောလှေးရှိသင့်သောအခြေအနေကို ရေကြည်နှုန်း တိုင်းသော ကိရိယာ(Secchi-disc) ဖြင့် တိုင်းတာပြီး ၊ အပင်မျှောလှေး များ ၊မများ ကိုသိရှိနိုင်ပါသည်။ အပင်မျှောလှေး နည်းနေပါကလည်း အပင်မျှောလှေး ပေါက်ဖွားနှုန်းကောင်းစေရန် မြေဩဇာများထပ်မံဖြည့်သွင်းနိုင်သည်။ အပင် မျှောလှေးများနေပါကလည်း အစာကျွေးခြင်းရပ်ဆိုင်းခြင်း နှင့် အပင်မျှောလှေးလျော့ထုတ်ခြင်းကို ဆောင်ရွက် ရပါမည်။

    ရေကြည်နှုန်းသည် 20 cm (၈)လက်မအောက်လျော့နည်းနေပါက ကန်ရေ၏အရောင်သည် အလွန်စိမ်းပြီး အောက်စီဂျင်ပြဿနာတက်နိုင်ပါသည်။ ရေများများလဲ‌ပေးရပါမည်၊ အစာလျှော့ကျွေးပေးရပါမည်။ ရေကြည်နှုန်း 30cm (၁၂)လက်မ) မှ 40 cm(၁၆) လက်မအတွင်းရှိပါက အပင်မျှောလှေး လုံလောက်စွာရရှိနေခြင်းဖြစ်ပါသည်။ ရေကြည်နှုန်း 40 cm(၁၆)လက်မမှ 60 cm (၂၄)လက်မ အတွင်းရှိပါက ကန်အတွင်း အပင်မျှောလှေး နည်းပါးသွားပါသဖြင့် မြေဩဇာထပ်မံထည့်သွင်း ခြင်းကိုဆောင်ရွက်နိုင်ပါသည်။

    -----------

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
6
comments
0
views
3292