cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်း အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
အောက်တိုဘာ ၃၁ ရက်၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များတွင်မိုးရွာနိုင်မည့်ရက်များဖြစ်နိုင်ပါမယ်။ ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၃၀ ရက်၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်-နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းသည့်အခြေအနေများဖြစ်ပေါ်ပြီး အမြင်တာ(Visibility)ကျဆင်းနိုင်ပါတယ်။
  • တောင်တရုတ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ 

    တောင်တရုတ်ပင်လယ် 

    ·          တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံတောင်ဘက် ကမ်းနီးပင်လယ်ပြင်မှာ လေပွေလှိုင်းတခုဖြစ်ပေါ်နေပြီး၊ အားကောင်းလာနိုင်ခြင်းမရှိပဲ ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့ပေါ်မှဖြတ်သန်းရွေ့လျားပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့မှာ ထိုင်းပင်လယ်ကွေ့အတွင်းကိုရောက်လာနိုင်ပါတယ်။ 

    ·          ထိုင်းပင်လယ်ကွေ့အတွင်း အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် ကပ္ပလီပင်လယ်မြောက်ပိုင်းကို ရောက်လာပြီးနောက် အနောက်ဘက်ကိုဆက်လက်ရွေ့လျားကာ နိုဝင်ဘာ ၁ ရက်နေ့ ည ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်လာပြီး နိုဝင်ဘာလ ၆ ရက်နေ့အထိ လေပွေလှိုင်းအဖြစ်ဆက်လက်တည်ရှိနေနိုင်ပါတယ်။ 

    ဘင်္ဂလားပင်လယ်အော် 

    ·          အောက်တိုဘာ ၂၅ ရက်နေ့မှစတင်၍ မုန်တိုင်းငယ် (Deep Depression) အဆင့်သို့ ရောက်ရှိလာသည့် - INVEST-94B သည်၊ အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး၊ ထိုင်းနိုင်ငံမှပေးသည့် အလှည့်ကျအမည် MONTHA ဟု ရရှိလာပါမယ်။ 

    ·          ဆိုင်ကလုန်း MONTHA သည် ရနံ့သင်းပြီးလှပသောပန်း ဟု အဓိပ္ပါယ်ရကြောင်းလည်းသိရပါတယ်။ 

    “ဒေါ့မွန်သာ သို့မဟုတ် မက်ဂနိုလီယာပန်းကို နတ်ဘုရား၏ကာကွယ်မှုနှင့် ကောင်းချီးမင်္ဂလာများကို ကိုယ်စားပြုသည့် ကောင်းကင်ပန်းအဖြစ် ရိုသေလေးစားကြသည်။ ထိုင်းယုံကြည်မှုတွင် မကောင်းဆိုးဝါးဝိညာဉ်များကို တွန်းလှန်နိုင်ပြီး အပြုသဘောဆောင်သော၊ သန့်ရှင်းသောစွမ်းအင်ကို ဆွဲဆောင်နိုင်သည့် စွမ်းအားရှိသည်ဟု ယူဆကြသည်။ ပန်း၏ကြော့ရှင်းမှုနှင့် ဝိညာဉ်ရေးရာအရေးပါမှုသည် ၎င်းကို သန့်ရှင်းစင်ကြယ်မှုနှင့် ကံကောင်းခြင်း၏ ထာဝရသင်္ကေတတစ်ခု ဖြစ်စေသည်” 

    ·          ဆိုင်ကလုန်းမုန်တိုင်း MONTHA သည် ဆက်လက်၍အားကောင်းလာပြီး အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် အားကောင်းသော-ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm – MONTHA) ဖြစ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။ 

    ·          ကမ္ဘာ့မိုးလေဝသဌာနသို့ပေးပို့အတည်ပြုထားပြီးသည့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှ ဆိုင်ကလုန်းမုန်တိုင်းအမည်များ စာရင်းကြည့်ရန် -https://wmo.int/content/tropical-cyclone-naming/northern-indian-ocean-names-arabian-sea-and-bay-of-bengal 

      မြန်မာနိုင်ငံဘက်သို့ သက်ရောက်နိုင်သည့် အခြေအနေများ 

    ·          လေပွေလှိုင်း INVEST-94B မှ စတင်ဖြစ်ပေါ်လာသည့် ဆိုင်ကလုန်းမုန်တိုင်း MONTHA ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားပင်လယ်အော်အတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေစဉ်ကာလအတွင်း မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားနိုင်မည်မဟုတ်သည့်အပြင် မြန်မာနိုင်ငံအပေါ် ပြင်းထန်သည့်မုန်တိုင်းအရှိန်သက်ရောက်မှုမရှိနိုင်ပါ။ 

    ·          ဆိုင်ကလုန်းမုန်တိုင်း MONTHA နှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် နိုဝင်ဘာ ၁ ရက်နေ့၌ ဖြစ်ပေါ်လာနိုင်သည့်လေပွေလှိုင်းအသစ်တခု၏ သက်ရောက်မှုများကြောင့် - မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့+အနောက်)ဒေသများနှင့် ဧရာဝတီတိုင်းတွေမှာ နိုဝင်ဘာ ၄ ရက်နေ့အထိ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်သည့်အခြေအနေများဖြစ်ပေါ်စေနိုင်ပါတယ်။ 

    ·          ICON model ၏ ကြိုတင်ခန့်မှန်းချက်များအရ - အောက်တိုဘာ ၂၆ ရက် နေ့လည် ၁၂ နာရီမှ နိုဝင်ဘာ ၂ ရက် နေ့လည် ၁၂ နာရီအထိ၊ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန်များတွင် ရခိုင်ပြည်နယ်နှင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့သည် မိုးရေချိန်အများဆုံး(၇ ရက်မိုးရေချိန် ၂ လက်မအထက် - ၄ လက်မနီးပါး)ရှိနိုင်ကြောင်းတွေ့ရပါတယ်။ 

    ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          လှည်းကူး၊ ပဲခူးတိုင်းနှင့်ထိစပ်သည့် ရန်ကုန်တိုင်းမြောက်ပိုင်းမြို့နယ်များ၊ တိုက်ကြီး၊ မှော်ဘီ၊ ဥက္ကံ၊ သံလျှင်/ကျောက်တန်း/သုံးခွ၊ ခရမ်း/ဒလ နှင့် ကမ်းရိုးတန်းဒေသများတွင် ၇ ရက်အတွင်းမိုးရေချိန်မများနိုင်(၁ လက်မအထက် ၂ လက်မအောက်) ရွာသွန်းရရှိနိုင်ပြီး၊ 

    ·          ရန်ကုန်တိုင်းတခုလုံးတွင် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် ပျမ်းမျှမိုးရေချိန် ၁.၂ လက်မကျော်(30mm) ရှိနိုင်ပါမယ်၊ 

    ·          အောက်တိုဘာ ၃၁ ရက်၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များတွင်မိုးရွာနိုင်မည့်ရက်များဖြစ်နိုင်ပါမယ်။ 

    ·          ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၃၀ ရက်၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်-နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းသည့်အခြေအနေများဖြစ်ပေါ်ပြီး အမြင်တာ(Visibility)ကျဆင်းနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ အောက်တိုဘာ ၂၈/၂၉/၃၀ ရက်တွေမှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၄၀°C အထိရှိနိုင်ပါမယ်။ 

    ·          ယခု ၁ ပတ်အတွင်း အရှေ့နှင့်အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ ၂၅ မိုင်ခန့်ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂ ပေ ခန့်ရှိနိုင်ပါတယ်။ 

    ·          ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၇၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၅% ရှိနိုင်ပါတယ်။ 

    ·          ယခုတပတ်အတွင်း ညနက်ပိုင်းနဲ့ နံနက်အစောပိုင်းအချိန်တွေမှာ ရန်ကုန်တိုင်းအနောက်ပိုင်းနဲ့ ရန်ကုန်မြို့ပေါ်က မြို့နယ်/ခရိုင်များအတွင်း ရန်ကုန်တိုင်းရဲ့ ပျမ်းမှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) level သည် ၁၅၀ အထိ မြင့်မားနေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများ အထူးသတိထားသင့်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံသို့ 

    ရွက်ဖောက်ကျိုင်းကာကွယ်နှိမ်နင်းနည်း အကြံပြုချက် 

    • ရွက်ဖောက်ကျိုင်းကျတဲ့စိုက်ခင်းများအနေဖြင့်ကျရောက်မှုများပါက စိုက်ခင်းပတ်ဝန်းကျင်၊ အပင်ခြေပေါင်းမြက်များကိုရှင်းပေးပါ။ 
    • နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးများကို အလွန်အကျွံအသုံးမပြုပါနဲ့။ 
    • ဆေးအနေနဲ့ ကျရောက်မှုမများပါက တမာပိုးသတ်ဆေးကိုရွေးချယ်နိုင်သလို ဓာတုဆေးအနေနဲ့ Cypermethrin, Acetamiprid ကိုရွေးချယ်နိုင်ပါတယ်။ 

    ငါး၊ ပုစွန်မွေးမြူရေးကန်၏ ရေချဉ်ဖန်နှုန်းအကြောင်း 

    ငါး၊ ပုစွန်မွေးမြူရေးကန်တစ်ခု၏ ရေချဉ်ဖန်နှုန်းသည် ငါး၊ ပုစွန်များ အသက်ရှင်သန်ခြင်းနှင့် ကြီးထွားနှုန်း အတွက် အရေကြီးသောအချက် ဖြစ်ပါသည်။ ကန်တစ်ခု၏ ရေ၏ချဉ်ဖန်နှုန်းသည် (၆)မှ (၉)အတွင်း ရှိသင့်ပါသည်။ သို့သော် (၇.၅) မှ (၈.၅) အတွင်းရှိပါက အကောင်းဆုံးဖြစ်ပါသည်။ 

    ရေ၏ချဉ်ဖန်နှုန်းအတက်အကျသည် ကန်၏ရုပဆိုင်ရာအချက်အလက်များပေါ်တွင်မူတည်နေကြပါသည်။ ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းရခြင်း ( PH 6) အောက်သို့ ကျဆင်းရခြင်းသည် (၁) အောက်ခံမြေသားအက် စစ်ဆန်နေခြင်း၊ (၂) ကန်အောက်ခြေတွင် အညစ်အကြေး များနေခြင်း၊ (၃)ကန်အတွင်း မိုးရေများနေခြင်း၊ (၄)ကျောက်ချဉ် အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ 

    ----

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
  • article
likes
4
comments
0
views
3211