cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

🐓 🐓 တိုင်းရင်းကြက်မျိုးရွေးချယ်ခြင်း ✅

. ကြက်မွေးမြူနည်း
အသားအတွက်နှင့်ဥအတွက်မွေးရန်သင့်တော်သောကြက်မျိုးများမှာ-
  • (၁)စစ်တကောင်းကြက်

    ·      စိမ်းနီရောင်ရှိပီး အမောက်ကြီးသည်။

    ·      အရွယ်ရောက်အထီးသည် ၂ ပိသာ၊၅၀ ကျပ်သားထိရှိပီး အမသည် ၂ ပိသာအထိ ရှိပါသည်။

    (၂) အင်ပင်ဝကြက်

    ·   မိထ္ထီလာမြို့နယ် အင်ပင်ဝရွာ မှထွက်သောကြက်များကိုအစွဲပြုပီး အင်ပင်ဝကြက်ဟုခေါ်သည်။

    ·   အများစုသည် အဖြူနှင့်အနက်ပြောက် ဖြစ်သည်။

    ·     အရွယ်ရောက်အထီး သည် ၂ ပိသာခန့်ရှိပီး အမသည် ၁.၈၀ ပိသာခန့်ရှိသည်။

    (၃) လည်ပြောင်ကြက်

    ·     ဦးခေါင်းထိပ်တွင် အမွေးရှိပြီး လည်ပင်းတွင်အမွေးမရှိပါ။ အရောင်မျိုးစုံရှိသည်။

    · အရွယ်ရောက်ကြက်ထီး ၂ ပိသာခန့်၊ အမ ၁.၈၀ ပိသာခန့်ရှိသည်။

    (၄) လုံးတီးကြက်

    · ခေါင်းထိပ်နှင့်ခြေဖျားတွင်သာ အမွေးအနည်းငယ်ရှိပီး ကျန်တကိုယ်လုံးတွင် အမွေးမရှိပါ။

    · မျိုးထွန်းကြောင့်ဖြစ်လာသောကြက်များဖြစ်သည်။

    · အရွယ်ရောက်အထီး ၂ ပိသာခန့်၊အမသည် ၁.၆၀ ပိသာခန့်ရှိသည်။

    ကျေးရွာများတွင်မမွေးသင့်သောကြက်များ

           (၁) ကြက်တိန်ညင်

           (၂) ရွှေတဆုတ်

           (၃) ကြက်တောင်ပျံ

           (၄) တိုက်ကြက် စသည့်ကြက်များသည် အကောင်သေးပီး ဥနှုန်းလည်းနည်းသဖြင့်မမွေးသင့်ပါ။

    ကျေးရွာတွင်မွေးမြူသင့်သောကြက်များ ကိုဖော်ပြပီးဖြစ်သော်လည်း လက်တွေ့တွင် ထိုကြက်မျိုးများကို ရှာဖွေပြီး မွေးမြူရန်ခက်ခဲပါသည်။ ထို့ကြောင့်ပိုမိုကောင်းသည့်နည်းလမ်းမှ မိမိကိုယ်တိုင်ကြက်များကို အဆင့်ဆင့်မျိုးစပ်ပီး မွေးမြူခြင်းက ပိုမိုကောင်းမွန်ပါသည်။

    ဆက်ရန် ရှိသည် ---

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/59084

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
28
comments
0
views
5833