cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါး၊ ပုစွန်မွေးမြူရေးကန်များတွင် ထုံးရဲ့အရေးပါမှု (Total Alkalinity)

. ငါးမွေးမြူရေးဆောင်းပါးများ
ငါး၊ ပုစွန်မွေးမြူရေးကန်များတွင် ကန်ပြင်ဆင်ခြင်း နှင့် ကန်ရေချဉ်ဖန်နှုန်းအတွက် ထုံးထည့်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါသည်။ ငါးရောဂါကျရောက်ခြင်း နှင့် ကန်ရေ ချဉ်ဖန်နှုန်း ကျဆင်းပါကလည်း ထုံး ထည့်ကြပါသည်။ ထုံးထည့်သွင်းခြင်းများပါက ကန်ရေချဉ်ဖန်နှုန်း မြင့်တက်လာမှုများပြီး ငါး၊ ပုစွန်များအတွက် ထိခိုက်နိုင်ပါသည်။
  •           ထို့ကြောင့် ငါး၊ ပုစွန်ကန်များတွင် ရေအတွင်း ထုံးပမာဏပါဝင်မှု သိရှိစေရန် လိုအပ်ပါသည်။ ပုံမှန်အားဖြင့် ငါး၊ ပုစွန်ကန်အတွင်း ရှိသင့်သော ထုံးပမာဏမှာ (100 -250)ppm ဖြစ်ပါသည်။ ကန်ရေတွင် ထုံးပမာဏ ပါဝင်ခြင်းသည် (၁)ကန်ရေ၏ ရေဩဇာကြွယ်ဝမှုကို ဖော်ပြသည်၊ (၂) ထုံးပါဝင်မှုပမာဏသည် 20 ppm အောက် လျှော့နည်းနေပါက ရေချဉ်ဖန်နှုန်းအတက်အကျဖြစ်ပေါ်စေပြီး၊ ငါးများ၏ ဇီဝ ဖြစ်ပျက်မှု စွမ်းအားနှင့် ခုခံနိုင်စွမ်းအား နိမ့်ကျစေပါသည်။ (၃)မိုးများစွာ ရွာသွန်းချိန်တွင် ကန်အတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ဒ် များလာသဖြင့် ချဉ်ဖန်နှုန်း ကျဆင်းလာပါသည်။ (၄)အပင်မျှောလှေးများ စွာပေါက်ဖွားချိန်တွင် ချဉ်ဖန်နှုန်း အတက်အကျများပြီး ငါးများ ထိခိုက်စေပါသည်။ (၅)ကန်အတွင်းရေနေသတ္တဝါများ၏ ဇီဝရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တွင် Ca , Mg , K တို့သည် မရှိမဖြစ်လိုအပ်နေခြင်း (၆) အကောင်မျှောလှေးများသည် ကန်အတွင်း ပါဝင်သော ထုံးပမာဏ (Alkalinity) နိမ့်ကျသည့် ကန်ရေတွင် တိုးပွားခြင်း မရှိပါ။ (၇) ကန်ရေတွင် (Alkalinity) တန်ဖိုးမြင့်နေပါက ချဉ်ဖန်နှုန်း pH တန်ဖိုးတည်ငြိမ်စေပါသည်။

               ငါး၊ ပုစွန်မွေးမြူကန်အတွင်း ပါဝင်ရမည့် စုစုပေါင်း ထုံးပမာဏ Alkalinity တန်ဖိုးအရ ငါးမွေးရန် သင့်၊ မသင့်ကို အောက်ပါအချက်များဖြင့် ဖော်ပြအပ်ပါသည်။

    Ø 20 ppm             -    ငါးမွေးမြူရန်မသင့်

    Ø 20-75 ppm     -     ထုံးကျောက် CaCO3 အသုံးပြု၍ ရေသြဇာမွေးမြူရန် လိုအပ်

    Ø 75-100 ppm   -     ပုံမှန် ထုံး အသုံးပြုရန်

    Ø 100-250 ppm  -   သင့်တော်၊ အစာထိန်းကျွေးရန်

    Ø 300ppm          -    ငါးမွေးမြူရန် မသင့်

    မိမိမွေးမြူရေး ကန်ရေတွင် ထုံးပမာဏ Alkalinity တန်ဖိုးကို တိုင်းတာပြီး ထုံး ထည့်သွင်းခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်-

                           < 40ppm     -      ထုံးကျောက် CaCO3 60 ပိဿာ/ဧက

                        40-75ppm      - ထုံးကျောက် CaCO3 45 ပိဿာ/ဧက

                        75-100ppm   -   ထုံးကျောက် CaCO3 30 ပိဿာ/ဧက

    ဦးစန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
8
comments
0
views
1569