cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တောကြောင်ချေးကော်ဖီ (သို့) ကော်ဖီလိုဝှက် Kopi Luwak

. သတင်းစုံ
အင်ဒိုနီးရှားရပ်ဝန်းဒေသမှာ အစပြုရှာတွေ့ခဲ့ပြီး၊ ကော်ဖီချစ်သူတွေကြားမှာ တန်ဖိုးထားသုံးစွဲနေကြတဲ့ ကော်ဖီတစ်မျိုးကတော့ တောကြောင်ချီးကော်ဖီ ပဲဖြစ်ပါတယ်။ Kopi Luwak လို့လူသိများပြီး၊ ဒေသအလိုက်၊ဘာသာ စကားအလိုက် အခြားအမည်များစွာလည်း ပိုင်ဆိုင်ထားတဲ့ ကော်ဖီတစ်မျိုးဖြစ်ပါတယ်။
  • ဒီကော်ဖီရဲ့ ထူးခြားချက်ကတော့ နယ်မြေဒေသရယ်၊ ကော်ဖီမျိုးစိတ်ရယ်မဟုတ်ဘဲ၊ ကော်ဖီစေ့ဖြစ်တည်ထုတ်ယူပုံ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ဒီကော်ဖီကို အင်ဒိုနီးရှားရပ်ဝန်းက ကော်ဖီစိုက်တောင်သူတွေက စတင်မြည်းစမ်းပြီး ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တောကြောင်ကလေးတွေက ကော်ဖီကိုစားပြီး ချေးစွန့်ချထားတဲ့ မပျက်မယွင်းကော်ဖီစေ့လေးတွေကို ပြန်လည်ကောက်ယူပြီး သောက်သုံးကြည့်တဲ့အခါ အနံ့အရသာ ထူးကဲနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တောကြောင်စားလိုက်တဲ့ ကော်ဖီစေ့တွေက တောကြောင်ရဲ့ ဝမ်းဗိုက်ထဲမှာ အစာခြေရည်တွေနဲ့ ဓါတ်ပြုပြီး ထူးဆန်းမွှေးကြိုင်တဲ့ အနံ့သင်းသင်းကလေး တစ်မျိုးကို ရရှိစေတာပါ။

    ဒီလိုထူးကဲတဲ့ ကော်ဖီနာမည်ကြီး လူကြိုက်များလာပြီး နာက်ပိုင်းမှာတော့ များများစားစား ထုတ်လုပ်နိုင်ဖို့အတွက် အင်ဒိုကျွန်းက ကော်ဖီတောင်သူတွေက တောကြောင် တွေကို ဖမ်းဆီးကာ လှောင်အိမ်ထဲထည့်ထားပြီး ကော်ဖီတွေကျွေးပါတော့တယ်။ ဒီလိုနဲ့ တောကြောင်ချေးကော်ဖီ အဖြစ် ထုတ်လုပ်လာကြပါတယ်။

    ဒါပေမယ့် သဘဝအရိုင်းအတိုင်း တောထဲက တောကြောင်ချေး လိုက်ကောက်ပြီး ရတဲ့ဟာနဲ့က အရသာတွေက မတူညီနိုင်ဘူးလို့ ကော်ဖီကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဈေးတွေလည်း ကွာပါတယ်။ တောကြောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီးထုတ်လုပ်ထားတဲ့ တောကြောင်ချေးကော်ဖီစေ့ ၁ ကီလို ဒေါ်လာ ၁၀၀ ဝန်းကျင်ရှိနေချိန်မှာ၊ သဘာဝအရိုင်း ကောက်ခံရရှိနေတဲ့ တောကြောင်ချေးကော်ဖီစေ့ဈေးကတော့ တစ်ကီလို ဒေါ်လာ ၁၃၀၀ ဈေးရှိနေပါတယ်။

    တောကြောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး တောကြောင်ချေးကော်ဖီထုတ်လုပ်လာကြတာကို တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းတွေအမြင်မှာတော့ တာရိုင်းတိရိစ္ဆာန်တို့ရဲ့ လွတ်လပ်ခွင့်နဲ့ သဘာဝအတိုင်း အစားအစာမျိုးစုံ ရှာစားခွင့် ဆုံးပါးတာမို့ သိပ်ပြီးမဘောမတွေ့ကြပါဘူး။

    မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ပူတာအိုဒေသ ရပ်ဝန်းမှာတော့ တောသမင်တွေ စားပြီးချေးပါထားတဲ့ ကြိမ်သီးတွေကို စားဖူးတာ အလွန်ကောင်းတယ်လို့ Exodus to a Hidden Valley မှာ မော့စ်မိသားစုက ရေးသားမှတ်တမ်း တင်ခဲ့ဖူးပါတယ်။

    Source:https://lisutimes.com/တောကြောင်ချေးကော်ဖီ မှ ကူးယူဖော်ပြပါသည်။

    -------    

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
2
comments
0
views
683