cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အမျိုးသမီးတိုင်းအတွက် အစွမ်းထက် သဘာဝဆေးပင် ပေါက်ဥ အကြောင်း

. ကျန်းမာရေးဆောင်းပါးများ
ပေါက်ဥ၊ပေါက်နွယ်၊ပေါက်ပင်တို့သည် နာမည်ဆင်တူမှားယိုးဖြစ်နေတာကြောင့်  မှားတတ်တဲ့ အပင်များဖြစ်ကြသည်။ တကယ်တော့ နာမည်ဆင်တူဆိုသလိုနဲ့  အကျိုးအာနိသင်တွေက မတူကြပါဘူး၊ အထူးသဖြင့် အမျိုးသမီးများအတွက်ဆိုလျှင် ပေါက်ဥ နှင့် အမျိုးသားများအတွက် ဆိုလျှင်  ပေါက်နွယ်ဥဟု ဆိုပြီးအသုံးပြုကြသည်။
  • ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတိုင်းအတွက် အစွမ်းထက်လှတဲ့ ပေါက်ဥအကြောင်းလေး ပြောပြပါရစေ။ 

    ပေါက်ဥသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အဓိကပေါက်ရောက်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ ပေါက်ဥ၏ ရုက္ခဗေဒအမည်မှာ   Pueraria mirifica ဖြစ်သည်။ ပေါက်ဥကို အရွယ်တင်နုပျိုစေသော အာနိသင်နှင့် အခြားသော ဆေးဖက်ဝင်အာနိသင်များကြောင့် ရိုးရာ တိုင်းရင်းဆေးဝါးတစ်ခုအဖြစ် နှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့ကြပါသည်။ ပေါက်ဥတွင်  (ဖိုင်တိုအီစထရိုဂျင်) ဓာတ်ပေါင်းများ ကြွယ်ဝစွာ ပါဝင်ပါသည်။  (ဖိုင်တိုအီစထရိုဂျင်) ဆိုသည်မှာ လူသားများ၏ ကိုယ်ခန္ဓာအတွင်းရှိ အမျိုးသမီးဟော်မုန်း အီစထရိုဂျင် (Oestrogen) နှင့်တူညီသော အာနိသင်ပေးနိုင်သည့် အပင်ထွက်ဓာတ်ပေါင်းများ ဖြစ်ပါသည်။ 

      အရေးအကြောင်းများကို လျော့နည်းစေနိုင်စွမ်းရှိသည့် ပေါက်ဥ........ 

    နိုင်ငံတကာ သုတေသနများအရ ပေါက်ဥသည် အသက်ကြီးလျှင် ဖြစ်လေ့ရှိသော ကိုယ်ခန္ဓာ အရေပြားပေါ်ရှိ အရေးအကြောင်းများကို လျော့ပါးစေပြီး အရွယ်တင်နုပျိုစေကြောင်း တွေ့ရပါသည်။  

    ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ သုတေသနပညာရှင်များ ပူးပေါင်းပြုလုပ်သော သုတေသနတစ်ခုအရ ပေါက်ဥအဆီအနှစ်နှင့် ဖော်စပ်ထားသော လိမ်းဆေးတစ်မျိုးကို အသက် ၄၅ နှစ်မှ ၆၀ ကြား သွေးဆုံးပြီးသူအမျိုးသမီးများကို လိမ်းစေရာ နှစ်ပတ်အတွင်း အရေးအကြောင်းများ သိသိသာသာ လျော့နည်းလာသည်ကို တွေ့ရပြီး အရေပြားအစိုဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ကြောင်း တွေ့ရပါသည်။  

      အရေးအကြောင်းများကို လျော့ပါးစေသော အာနိသင်၏ နောက်ခံအကြောင်းရင်းများမှာ - 

    အရေပြားကို တင်းရင်းစေခြင်း ပေါက်ဥတွင်ပါဝင်သော ဆေးဖက်ဝင်ဓာတ်ပေါင်းများသည် အရေပြားအတွင်းရှိ ကော်လာဂျင်နှင့် အလက်စ်တင်တို့ များပြားလာစေခြင်းကြောင့် အရေးအကြောင်းများကို လျော့ပါးစေပြီး အရေပြားကို တင်းရင်းလှပစေနိုင်ပါသည်။  

    အရေပြားအစိုဓာတ်ကို ထိန်းညှိပေးခြင်းပေါက်ဥတွင် ပါဝင်သော ဆေးဖက်ဝင် ဓာတ်ပေါင်းများ သည် အရေပြားအစိုဓာတ်ကို ထိန်းညှိပေးသည်။ ထို့ကြောင့် အသားအရေစိုပြေစေကာ အရေးအကြောင်းများကို လျော့နည်းစေသည်။ 

    ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်းအချို့သော လေ့လာမှုများအရေ ပေါက်ဥတွင် အစွမ်းထက် ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် အရေပြားကို ထိခိုက်ပျက်စီးစေသော ဖရီးရယ်ဒီကယ်နှင့် ဓာတ်တိုးမှုဖြစ်စဉ်များမှ ကာကွယ်ပေးနိုင်သောကြောင့် အရေးအကြောင်းများကို လျော့နည်းစေကာ အရွယ်တင် နုပျိုစေပါသည်။ဒါကြောင့် ပေါက်ဥ ပါဝင်သော ဆေးတွေကို သုံးစွဲနေသူများရှိပါက အထက်ပါအကျိုးအာနိသင်များရရှိစေမှာပါ။ 

     မူရင်းရေးသားသူအား လေးစားလျက် ကူးယူဖော်ပြပေးလိုက်ပါသည်။ 

    ----------- 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 

    ထွက်တိုးရယူရန်_ https://htwettoe.com/download 

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe 

    ထွက်တိုး viber _ https://shorturl.at/hkYFX 


  • article
likes
2
comments
0
views
318