cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြူကုတ်စျေးတက်ပြီး ရှမ်းကြက်သွန်ဖြူစျေးပြန်ကျ

. ဈေးကွက်သတင်းများ
ပြည်တွင်း စားဖိုဆောင်သီးနှံ စျေးကွက်မှာ ကြူကုတ်ကြက်သွန်ဖြူက စျေးတက်လာပြီး ဒေသထွက် ရှမ်းကြက်သွန်ဖြူတွေက အမျိုးအစားအလိုက် စျေးနှုန်းတွေ ကျဆင်းလာတယ်လို့ ပွဲရုံတွေဆီက သိရပါတယ်။
  • ကြူကုတ်ကြက်သွန်က တရုတ်ကနေ တင်သွင်းရတာဖြစ်ပြီး လက်ရှိမှာ ပစ္စည်းဝင်ရောက်မှု နည်းတဲ့ အခြေအနေကြောင့် စျေးကွက်မြင့်လာတာဖြစ်ကြောင်း၊ ရှမ်းကြက်သွန်ကတော့ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းခြင်းနဲ့ အရည်အသွေးကောင်းတာ ရှားလာတဲ့အတွက်ကြောင့် စျေးကျလာ တာဖြစ် တယ်လို့သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြူကုတ်တစ်ပိဿာကို ၁၅၀၀၀ ကျပ်မှ ၁၅၅၀၀ ကျပ်ရှိပြီး လက်လီ စျေးကွက်မှာတော့ တစ်ပိဿာကို ၁၈၀၀၀ ကျပ် လောက်အထိ ရှိနေတယ်လို့ သိရပါတယ် ။

    နိုဝင်ဘာလဆန်းက ဘုရင့်နောင်ဈေးကွက်မှာ ကြူကုတ်တစ်ပိဿာကို ၁၃၀၀၀ ကျပ်မှ ၁၃၅၀၀ ကျသာ ရှိပြီး ယခုအခြေအနေနဲ့ ယှဥ်ရင် တစ်ပိဿာကို ၂၀၀၀ ကျပ်လောက် မြင့်တက်လာတာ တွေ့ရပါတယ်။

     "ကြူကုတ်က လုပ်ငန်းသုံးများတယ်။ သူက အခွံနွှာရတာ လက်မဝင်ဘူးဆိုတော့ သုံးကြတယ်။ ပစ္စည်း အဝင်နည်းရင် တက်တာသဘာဝပဲ"လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ကြက်သွန်ဖြူစျေးကွက်က ကုန်ပစ္စည်းဝင်ရောက်မှု အခြေအနေ၊ ပြည်ပတင်ပို့မှု၊ပြည်တွင်းစားသုံးမှု အခြေအနေ၊ လမ်းပန်းဆက်သွယ် ရေး အခြေအနေတွေ ရောင်းလိုအား နဲ့ ဝယ်လိုအား အပေါ်လိုက်ပြီး စျေးနှုန်းအ တက်အကျရှိ တာဖြစ်တယ်လို့သိရပါတယ်။

    ရှမ်းကြက်သွန်ဖြူတွေကတော့ အောင်ပန်းကုန်စည်စျေးကွက်မှာ အောင်ပန်းထူး ၂ က ၃၀၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၄၀၀၀ ကျပ်၊အောင်ပန်းထူး ၄က ၅၀၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆၀၀၀ ကျပ် ၊အောင်ပန်းထူးလွန်က၈၀၀၀ကျပ်ဖြစ်ပါတယ်။

    နိုဝင်ဘာလဆန်းပိုင်းမှာတော့ အောင်ပန်းကုန်စည်စျေးကွက်မှာ အောင်ပန်းထူး ၂ က ၃၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၄၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၅၅၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆၅၀၀ ကျပ် ၊အောင်ပန်းထူးလွန်က၈၀၀၀ကျပ်ရှိပါတယ်။

    ပြီးခဲ့တဲ့  စက်တင်ဘာလ ကတည်းက ကြက်သွန်ဖြူစျေးနှုန်းသိသိသာသာ စတင်ကျဆင်းလာတာဖြစ်ပြီး အောက်တိုဘာမှာလည်း အကျစျေးနဲ့ ဆက်ငြိမ်နေခဲ့ကာ ယခုနိုဝင်ဘာလမှာလည်း စျေးထပ်မံ ကျဆင်း လာတာဖြစ်တယ်လို့သိရပါတယ်။

    " စျေးက ကျနေပြီ ။ ထပ်ထားလည်း မတက်တော့ဘူးလို့တော့ ပွဲရုံတွေက ပြောတာပဲ ။ အခုချိန်က ကြက် သွန် သန့်တာလည်း နည်းသွားပြီ ။ လုံးပိန် လုံးညှက်တွေပါကုန်ပြီ ။ ဒါကြောင့် ရှယ်သန့်က စျေးတစ်မျိုး ။ အရောကတစ်မျိူးပဲ " လို့ ပြည်မြို့နယ်ရှိ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။

    ကြက်သွန်ဖြူစျေးနှုန်းက လက်ကားစျေးကွက်မှာသာ ကျဆင်းမှုရှိနေပြီး လက်လီစျေးကွက်မှာတော့ ဒေသထွက်ကြက်သွန်ဖြူ ထူးလွန် တစ်ပိဿာကို ၁၅၀၀၀ ကျပ်အထိရောင်း ချမှုရှိနေတယ် လို့သိ ရပါ တယ်။

    ကြက်သွန်ဖြူ စိုက်ပျိုးမှုအနေနဲ့  ရှမ်းပြည်နယ်မှာ နှစ်စဉ် စိုက်ပျိုးဧက သောင်းနဲချီ စိုက်ပျိုးလေ့ရှိပြီး အဓိက အောင်ပန်း ၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နဲ့ ဟိုပုံးမြိုု့နယ်မှာ အများဆုံးစိုက်ပျိုးကြောင်း ၊ ကျန်မြို့နယ်တွေမှာပါ အနည်းငယ်စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။

    မစံပယ်(AMIA) မှ ပေးပို့ပါသည်။

    ------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
3
comments
0
views
544