cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း နိုဝင်ဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၂°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများ

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် နိုဝင်ဘာလ ၂၄-၂၅ ရက်နေ့များ၌ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်ရာမှ ပိုမိုအားကောင်းလာပြီး အနည်းဆုံးမုန်တိုင်းငယ် (Deep Depression) ဖြစ်လာနိုင်ပါတယ်။ ECMWF Chart များအရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၅၀% ရှိနေကြောင်းလည်းတွေ့ရပါတယ်။

    ·          ဘင်္ဂလားပင်လယ်အော်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အရှေ့မြောက်မုတ်သုံလေအားကောင်းနေခြင်းနှင့် နိုဝင်ဘာ ၂၄-၂၅ ရက်နေ့တွေမှာ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း/ဆိုင်ကလုန်းမုန်တိုင်းကြောင့် မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက် နိုဝင်ဘာ ၁၈ ရက် မှ ၂၆ ရက်အတွင်း အရှေ့ဘက်မှ လေပြင်း တနာရီ မိုင် ၄၀ ကျော်ခန့်တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်၇ ပေခန့်အထိ ရှိနိုင်ပါတယ်။

    ·          နိုဝင်ဘာ ၁၃ ရက် မှ ၁၉ ရက်အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း(အရှေ့/အနောက်)ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ နေပြည်တော်ဧရိယာမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ အထက်ရွာနိုင်၊ ၁ ရက်(၂၄ နာရီအတွင်း) ပျမ်းမျှ မိုးရေချိန် ၀.၃ လက်မခန့် ရွာနိုင်ပါတယ်။

    နိုဝင်ဘာ ၁၃ ရက် မှ နိုဝင်ဘာ ၁၉ ရက်အထိ၊ ၇ ရက်အတွင်း ဧရာဝတီတိုင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ

    ·          ကျောင်းကုန်း၊ ကျုံပျော်၊ ကန်ကြီးဒေါင့်၊ ပုသိမ်၊ ငပုတော၊ လပွတ္တာ ခရိုင်/မြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်အထက်၊

    ·          မြောင်းမြ၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဝါးခယ်မ၊ အိမ်မဲ၊ ဓနုဖြူ၊ အထောင် နဲ့ ဟင်္သာတ မြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအထက်နဲ့၊

    ·          အင်္ဂပူ၊ သာပေါင်း၊ မြန်အောင် မြို့နယ်/ခရိုင်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မအောက် အသီးသီးရွာနိုင်မည့် အခြေအနေများရှိနိုင်ပါသေးတယ်။

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ

    ·          ဧရာဝတီတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၂°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ်။

    ·          ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အရှေ့ဘက်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီမိုင် ၂၀ ခန့် ရှိနိုင်ပါတယ်။

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၄၀% မှ ၅၀% အတွင်းမှာ ရှိနေနိုင်ပြီး နံနက်/ညအချိန်တွေမှာ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% အထိ ရှိနိုင်ပါတယ်။

    လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၆°C အထိရှိနေနိင်ပါတယ်။

    ·          ဧရာဝတီတိုင်းအနောက်ဘက် တောင်ခြေဒေသများမှာ လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး 165 အထိရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအသင့်အတင့် ရှိနေပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခံမကောင်းသူများအတွက် အန္တရာယ်ရှိနေပါတယ်။

    Air quality index (marked as AQI) is developed by Environmental Protection Agency. Values over 300 represents hazardous air quality, between 200-300 very unhealthy, 150-200 unhealthy, 100-150 unhealthy for sensitive groups and below 100 or rather below 50 the air quality is good.

    ·          ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ နိုဝင်ဘာ ၁၈ ရက်နေ့တွင် လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၃၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၅ ပေခန့်ရှိနိုင်ပါတယ်။

    Win Naing

    Administration Team,

    MMWEATHER,

    ငါးဖျဉ်းစွဲခြင်း(Dropsy disease) ၏ ကာကွယ်ကုသနည်း

    ·      ငါးမွေးတောင်သူအများစု ကြုံတွေ့နေရသော ငါးရောဂါ တမျိုးမှာ ငါးများ ငါးများ ဗိုက်ဖောင်းပွပြီး ဗူပေါင်းကဲ့သို့ဖြစ်နေခြင်း

    ·      ကာကွယ်ခြင်းနှင့်ကုသခြင်းမှာ

    ·      (၁)အမော်စလင် (သို့မဟုတ်)အယ်ရီသရိမိုင်စင်ကဲ့သို့ ပဋိဇီဝဆေးများကို အစာတစ်ကီလိုလျှင် ၊ဆေး (၂-၃)ဂရမ်အထိထည့်ပြီး (၇-၁၀)အထိကျွေးပေးပါ။

    ·      (၂)ရောဂါဖြစ်ပွားသော ငါးကို ပိုတက်စီယမ်ပါမင်းဂနိတ်ဖျော်ရည်တွင် (၁-၂) မိနစ် စိမ်ထားခြင်းဖြင့် ကုသနိုင်ပါသည်။

    ----------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
6
comments
0
views
601