cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အရွယ်နဲ့ မလိုက်အောင် နုပျိုစေဖို့ လိုက်နာရမယ့် Lifestyle စည်းမျဥ်းများ

. ကျန်းမာရေးဆောင်းပါးများ
ရုပ်ရင့်တယ်ဆိုတာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ယိုယွင်းလာလို့ ဖြစ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ရုပ်ရင့်ခြင်းဟာ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့ဖြစ်စဉ်ဆိုပေမယ့် အသက်ကြီးလာပေမယ့် အရွယ်နဲ့ မလိုက်အောင် နုပျိုစေမယ့်နည်းတွေ ရှိကြပါတယ်။
  • တကယ်တော့ ခန္ဓာကိုယ်ဟာ ဆဲလ်တွေကို ပြန်ပြီး အသစ်ပြန်ထုတ်လုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါပေမယ့်လည်း ဆဲလ်တွေ သေဆုံးခြင်းရဲ့ သက်ရောက်မှုကို ခန္ဓာကိုယ်က ခံရပါတယ်။ 

    ဆဲလ်သေဆုံးနှုန်းထက် ဆဲလ်တွေ ပြန်ကောင်းမွန်အသစ်ဖြစ်မှု ပိုမြင့်မားရင် ရုပ်က နုပျိုကြည်လင်တတ်ပြီး ဆဲလ်အသစ်ပြန်ဖြစ်မှု နှေးရင်/နည်းရင် ရုပ်ရင့်ပြီး အရွယ်ကျတတ်ပါတယ်။ 

    ရုပ်ရင့်တယ်လို့ ပြောလိုက်ရင် အသားအရေတင်းရင်းကြည်လင်မှု မရှိတော့ဘဲ ပျော့တွဲပြီး အသားအရောင်ညစ်လာတာ ၊ မျက်ကွင်းညိုပြီး မျက်အိတ်ကျတာ အသားအရေအရောင်ပြောင်းလာတာတွေ ဖြစ်တတ်ပါတယ်။ 

    ဒါတွေအကုန်လုံးက ဥပဓိရုပ်ကိုပါ ထိခိုက်လာစေနိုင်တဲ့အချက်တွေပါ။ အသက်ငယ်ငယ်နဲ့ ရုပ်ရင့်တဲ့သူတွေဟာ အစားအသောက် အနေအထိုင် ဂရုမစိုက်တာကြောင့် အဖြစ်များပါတယ်။ 

    နေပူထဲ အထွက်များတာ ၊ အသားအရေ မထိန်းသိမ်းတာ ၊ အစားအသောက် အအိပ်အနေ မမှန်တာတွေက အဓိကအချက်ပါပဲ။ ဒီတော့ အသားအရေကောင်းပြီး ရုပ်ရည်နုပျိုဖို့ဆိုရင် ရေများများသောက်ပြီး ရေဓါတ်ပြည့်အောင်နေပါ။ 

    အသားအရေကို Moisturize လုပ်ပေးပါ။ နေပူထဲ သွားတိုင်း နေကာမျက်မှန် တပ်သွားပါ။ Sunscreen နေလောင်ခံခရမ်လိမ်းပါ။ ညဘက်အိပ်ရေးဝအောင် အိပ်ပါ။ 

    စိတ်ဖိစီးမှုနည်းအောင် နေပြီး ပိုပြီး ပြုံးနိုင်အောင် ကြိုးစားပါ။ နောက်ပြီး ကိုယ်ဟန်အမူအရာကလည်း ရုပ်ရင့်တာ အရွယ်တင်တာအပေါ် လွှမ်းမိုးမှုရှိပါတယ်။ ခါးကြီးကုန်းပြီး ထိုင်တတ်တဲ့သူတွေ ၊ လက်ပြင်ကိုင်းကိုင်းနဲ့နေတဲ့လူတွေဟာ ပုံမှန်လူတွေထက် အိုစာတယ်လို့ ထင်ရသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုနည်းတဲ့သူပုံလည်း ပေါက်ပါတယ်။ 

    မှန်ကန်တဲ့ Good Posture နဲ့ သွားလာနေထိုင်တာဟာ ကိုယ့်ကို ပိုပြီး ပိန်သွယ်ပြီး နုပျိုတဲ့ပုံ ပေါ်စေနိုင်ပါတယ်။ နောက်တစ်ချက်က အစားအသောက်လည်း ဂရုစိုက်ဖို့ လိုပါတယ်။ အရွယ်တင်စေတဲ့ Anti-Aging Foods တွေ စားနိုင်ရင်လည်း ကောင်းပါတယ်။ 

    ဓါတ်တိုးဆန့်ကျင် Antioxidants ပါတဲ့ အစားအသောက်တွေက အိုမင်းရင့်ရော်မှုကို နှေးကွေးစေတာ ဖြစ်လို့ သလဲသီး ၊ ဘလူးဘယ်ရီ ၊ ဘလက်ဘယ်ရီနဲ့ ခရမ်းဘယ်ရီသီးတွေ စားဖို့ တိုက်တွန်းချင်ပါတယ်။ အသင့်စားနိုင်အောင် တာရှည်ခံပြုပြင်ထားတဲ့ အစားအသောက်တွေနဲ့ သကြားဓါတ်မြင့်တဲ့ အစားအစာတွေ စားတာ လျှော့ပါ။ 

    ပုံမှန်ကိုယ်လက်လှုပ်ရှားမှု မှန်မှန် လုပ်ပေးသွားတာကလည်း ရုပ်ရင့်တာကို နှေးစေလို့ သိပ်မပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ အနည်းဆုံး မနက်တိုင်း လမ်းလျှောက်တာမျိုး ဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ 

    MYSTYLEMYANMAR ဆောင်းပါးမှကူးယူဖော်ပြသည်။ 

    ------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
3
comments
0
views
360