cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အလှစိုက်မြက်ခင်းများအား အကျည်းတန်စေတဲ့ မြက်ရွက်ပြောက်ရောဂါ

. ရောဂါ
ရောဂါကျနေသော နေရာများ တဖြည်းဖြည်း ကျယ်ပြန့်လာပီး မြက်များအကွက်လိုက် သေသွားပါသည်။
  •  အလှစိုက် မြက်ခင်းတွေမှာ တွေ့ရလေ့ရှိတဲ့ Pyricularia grisea ကြောင့် ဖြစ်သော မြက်ရွက်ပြောက် ရောဂါ၏ ကနဦး လက္ခဏာမှာ အရွက်၏ မျက်နှာပြင်ပေါ်တွင် စက်ဝိုင်းပုံ (သို့) ဘဲဥပုံ အလယ်တွင် ပြာကဲ့သို့ ဖြူမွဲမွဲ အ‌ရောင်အား အညိုရောင် အနားသားကွပ်ထားသည့်  အကွက်များ စတင်ဖြစ်ပေါ်လာပီး ရောဂါ ပြင်းထန်ပါက ရွက်ပြားမှ တဆင့် ရိုးတံ နှင့် ပင်စည် သို့ ကူးစက်ပီး နောက်ဆုံးတွင် အရွက်များခြောက်ပီး သေသွားပါသည်။ ရောဂါကျနေသော နေရာများ တဖြည်းဖြည်း ကျယ်ပြန့်လာပီး မြက်များအကွက်လိုက် သေသွားပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းများ 

    • ပုလဲမြေဩဇာအား လိုအပ်မှသာလျှင် သင့်တော်သော နှုန်းထားဖြင့် ကျွေးပါ။ 
    • အစိုဓါတ်မများစေရန် ဂရုစိုက်ပါ။ မြက်ခင်းပြင်အတွင်း လေဝင်လေထွက်ကောင်းစေရန် မြက်ပင်ဦးရေ ထူထပ်ခြင်းမဖြစ်စေရန် ဂရုစိုက်ပါ။  
    • မြက်ဖြက်ဓါး အား အသုံးပြုပြီးပါက ရေဖြင့်သေချာစွာဆေးကြောပီး သီးသန့်ထားပါ။ 
    • မဖြစ်မနေ ဆေးသုံးရန် လိုအပ်ပါက Azoxystrobin, chlorothalonil, fluoxastrobin and propiconazole 

    ------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
0
comments
0
views
611