cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၄)"

. ဝက်မွေးမြူနည်း
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။ ကံထူးရှင်များကို ထွက်တိုးမှ 1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်၊ 2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်၊ 3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
  • တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။

    အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ

    -   ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ

    ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။

    ကံထူးရှင်များကို ထွက်တိုးမှ

    1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်

    2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်

    3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။

    ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။

    ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ဝပ်ရက် (၁-၂) ရက်သာကွာသော ကြက်မ ၂ ကောင်အနက် စောဝပ်သော ကြက်မ မှပေါက်လာသော ကြက်ကလေးများသည် ၂-၃ ကောင်သာဖြစ်ပါက ထိုကြက်မသည် ကြက်ကလေးများကို ဆက်လက် သားထိန်းနေသည့်ကာလ တလျောက်လုံး ပြန်အုမည်မဟုတ်ပါ။

    ·      ထို့ကြောင့် ပထမကြက်မမှ ပေါက်လာသော ကြက်ကလေး၂-၃ကောင်ကို ဒုတိယကြက်မ ပေါက်ပေါက်ခြင်း ညအချိန်တွင် သွားရောက်ထည့်ပေးရမည်။ ပထမကြက်မကို အရိပ်ရသော နေရာတွင် အစာနှင့်ရေထည့်ပြီး အုပ်ဆောင်းဖြင့် လှောင်ထားပါက ၁ ပတ်ခန့် အကြာတွင် ပြန်လည် အုမည်ဖြစ်သည်။ သတိပြုရန်မှာ ပထမပေါက်သော ကြက်ကလေးကို ဒုတိယပေါက်သော ကြက်ကလေးများထဲ ရောထည့် ပေးရမည်။

    (ကြက်မ ၂ ကောင်ဝပ်ရက်သည် ၂ရက်ထက် ပိုမကွာရပါ။)

    ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (ခ) ၆ အုပ်စု ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ဝက်များကို မွေးမြူရာတွင် ကုန်ကျစားရိတ်စုစုပေါင်း၏ (၆၀-၇၀%)သည် အစာကျွေးရာတွင် ကုန်ကျမည်ဖြစ်သဖြင့် မိမိကျွေးသောအစာသည် ဝက်များကိုကြီးထွားစေသည့် အစာမဖြစ်ပါက/အစာဖိုးကုန်သော်လည်း ဝက်များ မကြီးထွားပါက အမြတ်နည်းမည် ဖြစ်သည်။ ထို့ကြောင့် ဝက်များကို အစာစနစ်တကျကျွေးရန် အစာအာဟာရအကြောင်းကို သေချာစွာသိထားရန် လိုအပ်ပါသည်။

    ဝက်များအတွက် အစာအုပ်စု - (၁)စွမ်းအင်ဓာတ်အုပ်စု၊ (၂)အသားဓာတ်အုပ်စု၊ (၃)ဗိုက်တာမင်နှင့်သတ္တုဓာတ်အုပ်စု၊ (၄)အဆီဓာတ်၊ ၅)ရေဓာတ်၊ (၆)အမျှင်ဓာတ်၊ ဟူ၍ ၆ အုပ်စုရှိပါသည်။

    ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။

    ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။


  • article
  • article
  • article
  • article
likes
2
comments
1
views
572