cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကျန်းမာရေးအတွက် ထူးခြားအသုံးဝင် ပင်စိမ်းပင်

. ကျန်းမာရေးဆောင်းပါးများ
မြန်မာနိုင်ငံတွင် ပင်စိမ်းမွှေး၊ ပင်စိမ်းဖြူ (ဟင်းစားပင်စိမ်း)၊ ပင်စိမ်း နက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီးနှင့် မျိုးနွယ် တူ ဗလရှင်စသည်ဖြင့် ပင်စိမ်းအမျိုးမျိုး ပေါက်ရောက်သည်။ပါရှိသော အာနိသင်မှာ တစ်မျိုးနှင့်တစ်မျိုး အနည်းငယ်ကွာ ခြားသည်။ သို့သော် ပင်စိမ်းမှန်သမျှ ကျန်းမာရေးအတွက် ဆေးဘက်ဝင်သည်။
  • ပင်စိမ်းပင်သည် အင်္ဂလိပ် အမည် အားဖြင့် BASIL ဟု ခေါ်သည်။ ပင်စိမ်းသည် မျိုးစု များစွာ ရှိသည်။ မျိုးစု ကွဲပြားသည်နှင့် အမျှ မျိုးစိတ်နှင့် မျိုးရင်းလည်း မတူ ကွဲပြားခြား နားသွားသည်။ ပင်စိမ်းကြီး၊ ပင်စိမ်းမွှေး၊ ပင်စိမ်းနက်၊ ပင်စိမ်းပန်း၊ ပင်စိမ်းပန်းညို၊ ပင်စိမ်းဖြူတို့ ဖြစ်ကြသည်။ ယခု အခါ ပြည်ပမျိုး၊ အရွက်ကြီး မျိုးများနှင့် ပင်စိမ်း အနီရောင် တို့ကိုလည်း ထပ်မံ မျိုးသစ် ထုတ်လုပ် လာကြသည်။ အများစု အသုံးပြု ကြသည် မှာ ပင်စိမ်းမွှေး Ocimum Canum Seins ရုက္ခဗေဒ အမည် ရှိသည့်Libiatae မျိုးရင်း ဖြစ်ပါသည်။ ပင်စိမ်း ဖြူနှင့် ပင်စိမ်း နက်သည် ဖိလစ်ပိုင်နိုင်ငံ ကျွန်းများတွင် စိုက်ပျိုးမှု များပြားသည်။ မြန်မာ နိုင်ငံတွင် ပင်စိမ်းမွှေး၊ ပင်စိမ်း ပန်းညိုတို့ ရှိကြသည်။ရှေးယခင် ရုက္ခဗေဒ ပညာရှင် များသည် ပင်စိမ်း ခုနစ်မျိုး ရှိသည်ဟု ဖော်ပြသည်။ အိန္ဒိယ နိုင်ငံ၊ အာရပ်၊ ဘရာဇီးနှင့် အာဖရိက ဒေသ တို့တွင် စိုက်ကြသည်။ တောပင် စိမ်း၊ ရာမ ပင်စိမ်း တို့သည် လူသိများသည်။ ကုထုံး ကျမ်းအဆိုအရ ပင်စိမ်း ကိုးမျိုး ရှိသည်ဟုသရုပ်ခွဲပြ ကြသည်။ မည်သို့ဆို စေကာမူ ပင်စိမ်းပင်သည် စိုက်ပျိုးရလွယ်ကူသည်။ နေရာဒေသ၊ ရေ မြေမရွေးပေါက်ရောက်သည်။တစ်ကြိမ် စိုက်လျှင်ပွားသည်။ များလာသည်။ ကျန်း မာရေးအတွက် စားသုံးကြသည်။ ပင်စိမ်းပင်များ မှန်သမျှ အနံ့ပြင်း သည်။ အရွက်သည် ရွက်ဆိုင် ထွက်၍ အပွင့်သည် စင်္ကြာပုံရှိသည်။ ဤသို့ဆိုလျှင် ပင်စိမ်းဟု ဆိုကြသည်။ တချို့သည် ဘာသာရေး ကိစ္စအတွက် ပင်စိမ်းပင်ကို စိုက်ထား ကြသည်။ စိုက်ပျိုး မြေမရှိသော မြို့ပြ တိုက်ခန်းနေသူများသည် ပန်းအိုး၊ သေတ္တာ ခွံများဖြင့် စိုက်ပျိုးနိုင်သည်။လူအများစုသည် ပင်စိမ်းများကို သိ ကြ၊ မြင်ဘူးကြ၍ အပင်ပုံသဏ္ဌာန် သရုပ် ခွဲ၍ မပြတော့ပါ။ မြန်မာနိုင်ငံတွင် ပင်စိမ်းမွှေး၊ ပင်စိမ်းဖြူ (ဟင်းစားပင်စိမ်း)၊ ပင်စိမ်း နက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီးနှင့် မျိုးနွယ် တူ ဗလရှင်စသည်ဖြင့် ပင်စိမ်းအမျိုးမျိုး ပေါက်ရောက်သည်။ပါရှိသော အာနိသင် မှာ တစ်မျိုးနှင့်တစ်မျိုး အနည်းငယ်ကွာ ခြားသည်။ သို့သော် ပင်စိမ်းမှန်သမျှ ကျန်းမာရေးအတွက်ဆေးဘက်ဝင်သည်။ အပူ ပိုင်းဒေသတွင်ပိုမို၍စိုက်ပျိုးဖြစ်ထွန်းသောဆေးဘက်ဝင်ပရဆေးပင်ဖြစ်သည်။ တစ် တန်းနှင့် တစ်တန်း နှစ်ပေ၊သုံးပေခွာ၍ တစ်ပေခြား မျိုးစေ့ ၁၀ စေ့ခန့်ချ၍ စိုက်ကြသည်။ ဓာတ်မြေသြဇာလည်း ထူးကဲကျွေး ရန်မလို၊ ယုယပြုစုမှုလည်း လိုအပ်မှုနည်းပါးသည့်အပင်မျိုးဖြစ်သည်။ (ပြုစု ယုယ၊ ပေါင်းရှင်း၊ မြေဆွ၊ မြေသြဇာကျွေး လျှင် ပိုကောင်းပါသည်။) အများဆုံး အသုံးပြုသည်မှာ အရွက်နှင့် အစေ့ဖြစ်သည်။ သို့ သော် တစ်ပင်လုံး၊ မြစ်၊ ခေါက်၊ ပွင့်၊ သီး အသုံးဝင်ပါသည်။ ပင်စိမ်းသည် ကျန်းမာရေးဓာတ်စာ သာမက၊ တိရစ္ဆာန်များ ရောဂါကု ထုံးလည်း အသုံးဝင်နေပါသည်။ကျွန်တော်တို့ အများစုသည် ဟင်း ခေတ်အမွှေးအကြိုင်အဖြစ်သာ သုံးကြ သည်။ ငါးလေးအိုးကပ်ချက်၊ ချဉ်ပေါင် ဟင်းနှင့် ငါးချဉ်၊ပုစွန်ချဉ်သုပ်စားသည့် အခါသာ သုံးကြသည်။ ကျန်တာမသုံးကြ သေး။ ပင်စိမ်းစေ့ကို မသုံးသလောက်ဖြစ် သည်။ ပင်စိမ်းစေ့ကိုရှာလလက်ရည်ပြု လုပ်၍ ဖျားနာရောဂါကု၏။ ဆီးရွှင်သည်။ ရေစိမ်ထားသော ပင်စိမ်းစေ့သည် စေးကပ် ကပ်ရှိ၍ အပူငြိမ်းစေသည်။ဆီးရွှင်သည်။ နှမ်းစေ့၊ ပင်စိမ်းစေ့၊ ထန်းလျက်ဆတူရော ၍ ကြိတ်ပြီး ပျားရည်နှင့်ရော၍ စားပါ။ ပြီးလျှင် ကွမ်းသုံးလုံးခန့်၊ နံနက်နှင့်ညတစ် လုံးစီ စားပါက သွားကိုက်၊ သွားဖုံးရောင်၊ လေ၊ သလိပ်၊ ဆီးနည်းရောဂါ ပျောက်သည် ဟု ဆိုကြသည်။ ပင်စိမ်းစေ့အခြောက် လှမ်းပြီး ထု ထောင်းအမှုန့်လုပ်ကာ၊ သကြား၊ နွားနို့တို့ နှင့်ရောသောက်သော် ဆီးပုပ်၊ ဆီးရောဂါ ပျောက်၏ဟု ဆိုသည်။အသည်းရောင် ရောဂါကို ပင်စိမ်းစေ့သည် ပျောက်အောင် စွမ်းဆောင်နိုင်သည်ဟု မြန်မာ့တိုင်းရင်း ဆေးက ဆိုထားသည်။ ပင်စိမ်းစေ့သည် မြေ၊ ကင်းကိုက်လျှင် စားခြင်း၊ အမှုန့် လိမ်းခြင်းပြုရ၏။ ပင်စိမ်းသည် ချွေးကို ထွက်စေသည်။ အရွက်ကို အမှုန့်ပြုလုပ်၍ ရှုသော်၊ နှာ ခေါင်းရောဂါပျောက်သည်။ ပင်စိမ်းရွက် ရေလောင်းပေးလျှင် ပွေး၊ ဝဲ၊ ယားနာ ပျောက်သည်။ ပင်စိမ်းသည် စားသုံးမှု၊ဆေးဝါး ကုသမှုတွင် အသုံးပြုကြသည်သာမက၊ ဆေးဝါး ဖော်စပ်မှုမှတစ်ဆင့်တက်၍၊ ရေမွှေးထုတ် ကြသည်။ ပင်စိမ်းစေ့မှ ဆီထုတ်ယူ ကြသည်။ လက်ဖက်ခြောက်ပြုလုပ်ကြသည်။ အိန္ဒိယနိုင်ငံတွင် ပင်စိမ်းရွက်လက်ဖက် ခြောက်သုံးကြသည်။ ဥသျှစ်ရွက်ကိုလည်း နီပေါနိုင်ငံတွင် လက်ဖက်ခြောက်ကဲ့သို့ရေနွေးကြမ်းတွင် ထည့်သောက်ကြသည်။ ရောဂါကာကွယ်မှု၊ စိတ်ပျော်ရွှင် လန်းဆန်း မှုကို ပင်စိမ်းလက်ဖက်ခြောက်သောက်သုံး ခြင်းဖြင့် ရရှိသည်ဟု ယုံကြည်ကြသည်။ အိန္ဒိယနိုင်ငံကို မင်းလုပ်အုပ်ချုပ်သွားသော ဘုရင်ခံချုပ် လော့ဆင်ဖို့နှင့် လော့မင်တန် တို့သည် ဧည့်သည်ကို ပင်စိမ်းလက်ဖက် ခြောက်ဖြင့် ဧည့်ခံသည်ဟု သိရသည်။ပင်စိမ်းရွက်တွင် ဆီပါဝင်မှုရှိသည်။ ၎င်းင်းဆီသည် ပြန့်လွင့်တတ်သော သဘော ရှိသည်။ ကြာသော် ပရုပ်ကဲ့သို့ ဖြစ်သွား ပြီး ပင်စိမ်းပရုပ်ဟု ခေါ်ကြသည်။ အိန္ဒိယ နိုင်ငံတွင် ပင်စိမ်းပရုပ်ကို ပြည်ပသို့ ရောင်း ချကြသည်။ ပင်စိမ်းရွက်ခြောက်ကို လေး ညှင်းပွင့်အစားထိုး သုံးကြသည်။ မဆလာ ပြုလုပ်စားသုံးကြသည်။ ပင်စိမ်းနံ့သည် ပိုးမွှားများ မလာ၍ ပိုးမွှားကာကွယ်ရေး အသုံးပြုကြသည်။ အထူးသဖြင့် စာအုပ်နှင့် အဝတ်အစား သေတ္တာ များတွင် ထည့်သုံး ကြသည်။ လက်ဖက် ရည်သည် ကြာရှည် သောက်သုံးလျှင် စွဲလာကြသည်ဟု သိကြ သည်။ ကျွန်တော်၏ အဖွားဖြစ်သူသည် လက်ဖက်ရည် အချို တစ်ကျိုက်သောက် လိုက်သည်နှင့်ထမင်းမစား၊ ဟင်းမစားဘဲ နေနိုင်သည်။ ကျွန်တော့်မိတ်ဆွေများသည် အချိန်တန်လျှင် လက်ဖက်ရည်ဆိုင် မသွား ဘဲ မနေနိုင်ကြ။စွဲနေပြီ ထင်သည်။ မပူပါနှင့် လက်ဖက်ရည်စွဲလျှင် ပင်စိမ်းလက်ဖက် ခြောက်ဖြင့် ဖြတ်ပေးနိုင်ပါသည်။ ပင်စိမ်း လက်ဖက်ခြောက်ကို လက်ဖက်ရည်နှင့် ရော၍ သောက်ရသည်။တဖြည်းဖြည်းနှင့် လက်ဖက်ခြောက်လျှော့၍ ပင်စိမ်းလက် ဖက်ခြောက်ပိုထည့်ခြင်းဖြင့် မစွဲအောင်ပြု လုပ်နိုင်သည်။ ငှက်ဖျားရောဂါ၊တုတ်ကွေးရောဂါ၊ နာတာရှည်ရောဂါတွင် သုံးကြပြီး၊ မြေကင်း များသည် ပင်စိမ်းတော၌ နေထိုင်မှု နည်း သည်။ အညာတွင် မြေကိုက်လျှင် ပန်းသုံး ဆင့်အပင်၊ အပွင့်များစားသုံးကြပြီး သက် သာပျောက်ကင်းသည်ဟု ကိုယ်တွေ့မြွေ ကိုက်ခံရသူက ပြောပြခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ကျတနီ(ချစ်တီး ထမင်းဆိုင်များတွင် ထမင်းစားပြီး သောက်ရသော အရည်)ကို ပင်စိမ်းဖြင့် ရောနှောပြုလုပ်ကြသည်။ အိန္ဒိယတိုင်းရင်းဆေးရုံများ တွင် ပင်စိမ်းဆေးလုံးများကို ငှက်ဖျားဖြစ် သူများ စားကြရသည်။ ကွီနိုင်ဆေးကဲ့သို့ သုံးကြသည်။ ရန်ကုန်မြို့၊ လမ်းမတော်သံ ဈေးတွင်လည်း သစ်လှပိုး၊ ဆေးလုံး၊ ဆေး ပြားများ ထုတ်လုပ်ရောင်းချနေသည်ကိုမြင်တွေ့စားသုံးဖူးသည်။ ထိုင်းနိုင်ငံတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပရဆေး များကို ဆေးလုံး၊ ဆေးပြားပြုလုပ်၍ တာရှည်ခံရောင်းချကြသည်။ အိန္ဒိယနိုင်ငံ တွင် အိပ်ယာဘေး၌ ပင်စိမ်းရွက်ထားလျင် ခြင်မကိုက်ဟု သိကြပြီး အိပ်ယာခင်း အောက်၌ ပင်စိမ်းရွက်များထား၍ အိပ်ကြသည်။မြန်မာနိုင်ငံ အညာဒေသ၊ ယာစိုက်ခင်း များတွင် တောပင်စိမ်းဟုခေါ်သော ပင်စိမ်းအရိုင်းပင်များ၊ အလေ့ကျပေါက် ကြသည်။ ပင်စိမ်းအရိုင်း ပင်သည်။ ပင်စိမ်း အယဉ်ပင်ထက် အနံ့ပြင်း၏။ ထို့ကြောင့် ပင်စိမ်းအရိုင်းပင်ကို ဆေးဖော်ရာတွင် အသုံးများ ကြသည်။အပင်အရွယ်လည်း အယဉ်ပင်ထက် ပို၍ကြီးသည်။ အရွက်နှင့်အပင်အရောင် များ နီညိုမှိုင်းနက်ရောင်ရှိသည်။ အရွက် အစိမ်းရောင်ကို ပင်စိမ်းဖြူဟု ခေါ်၍ အရွက်နီ ညိုမှိုင်းရောင်ရှိသော တောပင်စိမ်း (ပင် စိမ်းရိုင်း)ကို အနက်မျိုးဟု ခေါ်သည်။ တပေါင်းလ၊တန်ခူးလဆိုရင် ပန်းပွင့် ကြသည်။ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ အာသဲ၊ မဏိပူရ ပြည်နယ်၊ ပန်ဂျပ်ပြည်နယ်တို့တွင် ရာသီဥတုကလည်း ပူပြင်းခြောက်သွေ့ သဖြင့် တောပင်စိမ်းရိုင်းများ များစွာပေါက် ရောက်ကြသည်။ တောင်သူ လယ်သမား များသည် ကျွဲ၊နွားများတွင် ရောဂါဖြစ်လျှင် ပင်စိမ်းရွက် လက်တစ်ဆုပ်နှင့် ငရုတ်ကောင်းစေ့၊ အစေ့ ၂၀ ကို ရေ ၅၀ ကျပ်သားနှင့်ရော၍ ကြိုပြီးတိုက်ကျွေးကြသည်။ကြက်၊ ဘဲ ဝမ်း ရောဂါကိုလည်း ပင်စိမ်းရွက်ပြုတ်ရေဖြင့် ဆေးကြောမှုနှင့် ပင်စိမ်းစေ့ အမှုန့်လိမ်း ပေးမှုပြုကြသည်။ ဤမျှ အသုံးဝင်သော “ပင်စိမ်းပင်” ကို တစ်ပင်၊ နှစ်ပင် တစ်ပိုင် တစ်နိုင်မှ စိုက်ခင်းကြီး များအထိ စိုက်ပျိုး၍ နည်းမျိုးစုံ ပြုလုပ်ပြီး ကျန်းမာရေးဆိုင်ရာ အသုံးပြု နိုင်ကြပါသည်။ တစ်ကြိမ်စိုက်လျှင် ရေရှည် ပွားသည့် ပင်စိမ်းပင်ကို စိုက်ပါ။ စားပါ။ ဆေးဝါးသုံးကြပါဟု တိုက်တွန်းလိုက်ပါ သည်။

    -ကိုးကား ၁။ လက်တွေ့အသုံးချ ဆေးဖက်ဝင် အပင်များ အတွဲ (၄)၊ ကျန်းမာရေးဝန်ကြီး ဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာန။

    ၂။ မြန်မာ့ဆေးဝါးပင်များ၊ လယ်ယာ စိုက်ပျိုးရေး ကော်ပိုရေးရှင် ဥစားပင်၊ သုံး ပင်ဆေးဘက်ဝင်ပင်စိမ်း (ဦးလှဒင်)

    ဆွေရည်မြန်မာတောင်သူကြီးများဂျာနယ်

    ------------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
957