cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေငန်ပုစွန်ကျား မွေးမြူခြင်းအကြောင်း

. ငါးမွေးမြူရေးဆောင်းပါးများ
မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသနှင့် ရေချိုရေငန်စပ် ဒီရေတောများတွင် ရေငန်ပုစွန်ကျားကို စီးပွားဖြစ် မွေးမြူနိုင်ပါသည်။ ရေငန်ပုစွန်ကျားကို ကုလားပုစွန်၊ ကျားထုတ်ပုစွန်ဟူ၍ ခေါ်ဆိုကြပါသည်။
  •  အဆိုပါ ပုစွန်မျိုးစိတ်ကို ၁၉၈၀ ခုနှစ်လောက်တွင် ရခိုင်ပြည်နယ်တွင် တာပတ်ပြီး ပင်လယ်ရေငန်သွင်းပြီး သဘာဝအလျောက် မွေးမြူခဲ့ကြပါသည်။ ၁၉၉၀ ခုနှစ်လောက်တွင် ဧရာဝတီတိုင်း လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေးနှင့် ငပုတောမြို့နယ်များတွင် စီးပွားဖြစ်မွေးမြူလာကြသည်ကို တွေ့ရှိရပါသည်။ ဒီရေတောကို ခုတ်ထွင်ပြီး တာပတ် ခြင်း၊ ပင်လယ်ရေငန်သွင်းပြီး သဘာဝအတိုင်း မွေးမြူခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောများပျက်စီးသဖြင့် အဆိုပါ လုပ်ငန်းကို တားမြစ်ခဲ့ပါသည်။

               သမာရိုးကျ Extensive စနစ်မွေးမြူခြင်းသည် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သဖြင့် အထက်ဖော်ပြ ပါနေရာများတွင် Improved extensive သို့မဟုတ် Semi-extensive စနစ်ကို မွေးမြူပါက အဆင်ပြေဆောင် ရွက်ပါသည်။ အကြောင်းမှာ အဆိုပါဒေသများတွင် သဘာဝသားပေါက် ပေါများစွာ ရရှိသဖြင့် နည်းပညာရယူပြီး မွေးမြူပါက စီးပွားဖြစ်ဆောင်ရွက်နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

               ရေငန်ကျားပုစွန်မွေးမြူမည်ဆိုပါက အဆိုပါပုစွန်၏သဘာဝဖြစ်စဉ်နှင့် အလေ့အထကို ဦးစွာသိရှိရန် လို အပ်ပါသည်။ ကျားပုစွန်သည် သဘာဝပင်လယ်ရေအောက်ကြမ်းပြင် သဲဆန်သောမြေများတွင် နေထိုင်လေ့ရှိကြ ပြီး၊ အစာကို ညပိုင်းတွင် ရှာဖွေစားသောက် ကြပါသည်။ သဘာဝပင်လယ်ရေပြင်တွင် ရေမီတာ (၁၀၀)အထိတွေ့ ရှိရသော်လည်း ရေအနက် (၁၀)မီတာ မှ (၅၀)မီတာအတွင်း ကျားပုစွန်အများစုနေထိုင် သွားလာခြင်း၊ ကျက်စား ခြင်း ၊ ဥချခြင်း နှင့် မျိုးပွားခြင်းကို ဆောင်ရွက်ကြပါသည်။

               ရေငန်ပုစွန်ကျားများသည် သဘာဝနှင့် မျိုးပွားခြင်း၊ အသွင်ပြောင်းခြင်း၊ ကြီးထွားခြင်း၊ သွားလာနေထိုင် ခြင်းတို့သည် ရေချိုရေငန်စပ်ဒေသများနှင့် ကမ်းလွန်ရေနက်ပိုင်း ဒေသတို့၌ ကူးပြောင်းနေထိုင်ကျက်စားသော အလေ့အထရှိပြီး ဥချသားပေါက်ခြင်းကို ကမ်းလွန် ရေနက်ပိုင်းတွင် မိတ်လိုက်ဥချသောဓလေ့ ရှိပါသည်။

               ကမ်းလွန်ရေနက်ပိုင်းတွင် မိတ်လိုက်ဥချသော ကျားပုစွန်များသည် ဥမှ ပေါက်ဖွားပြီး အဆင့်ဆင့် အသွင် ပြောင်းကာ ပင်လယ်ရေထုနှင့် မျောပါလာပြီး လက်မဝက်အရွယ် ပုစွန်ပေါက်တွင် ပင်လယ်ကမ်းခြေရှိ ချောင်း မြောင်း ဒီရေတောများသို့ ရောက်ရှိလာပါသည်။ အဆိုပါနေရာများတွင် အစာရှာဖွေ စားသောက်ကြီးပြင်းကြပါ သည်။ (၄)လက်မ (၆)လက်မ အရွယ်ရောက်သော အချိန်တွင် ပင်လယ်ကမ်းခြေရှိ ချောင်း‌မြောင်း၊ ဒီရေတော များမှ မျိုးပွားရန်အတွက် ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာကြပါသည်။

               ထို့ကြောင့် ကမ်းရိုးတန်းဒေသရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကျားပုစွန်တို့၏ ကြီးထွားရန် အခြေအနေကောင်းများရှိသဖြင့် အဆိုပါနေရာများတွင် စနစ်တကျ နည်းပညာထည့်သွင်းပြီး မွေးမြူသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    --------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
8
comments
0
views
1104