cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း နိုဝင်ဘာ ၂၁ ရက် မှ နိုဝင်ဘာ ၂၇ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
သင်္ချာပုံစံပြု model များရဲ့ ကြိုတင်ခန့်မှန်းချက်များကိုအတည်ပြုနိုင်ရန် နိုဝင်ဘာ ၂၄ ရက်နေ့ည အထိ အနီးကပ်ဆက်လက်စောင့်ကြည့်ပြီး မုန်တိုင်းဖြစ်လာမည့်အခြေအနေမှန်ကို ဆက်လက်စောင့်ကြည့်ပေးရပါဦးမယ်။
  • "ထပ်မံခန့်မှန်းအတည်ပြုရန်လိုနေသေးသည့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်လာနိုင်မည့် မုန်တိုင်း"(နိုဝင်ဘာ ၂၁ ရက် နံနက် ၀၀:၀၃ နာရီ) 

    ·          နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကပ္ပလီပင်လယ်တောင်ပိုင်း မလက္ကာရေလက်ကြားမှာ စတင်ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်း UACC သည် မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီးအားပိုကောင်းလာကာ ကပ္ပလီပင်လယ်တောင်ပိုင်းတွင် နိုဝင်ဘာ ၂၄ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပါတယ်။ 

    ·          GFS model ကြိုတင်ခန့်မှန်းချက်အရ နိုဝင်ဘာ ၂၅ ရက်နေ့မှာ သီရိလင်္ကာကျွန်းအရှေ့ဘက်မှာဖြစ်လာနိုင်တဲ့ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းနဲ့ FUJIWARA effect အရ ဆက်စပ်မိသွားပြီး ၂၉ ရက်နေ့မှာ အားကောင်းတဲ့ မုန်တိုင်း၁ လုံး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဖြစ်လာနိုင်ပါတယ်။ 

    ·          ကျန်ရှိသည့် ကြိုတင်ခန့်မှန်းရေး model များရဲ့ ခန့်မှန်းချက်များမှာ GFS model ခန့်မှန်းချက်ကဲ့သို့မဟုတ်ပဲ ဘင်္ဂလားပင်လယ်အော်-အနောက်တောင်ပိုင်းမှာသာ မုန်တိုင်းဖြစ်လာနိုင်ကြောင်းတွေ့ရပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၈၀% ရှိနေကြောင်း ECMWF Chart (Including Genesis) မှာ တွေ့ရပါတယ်။ 

    ·          GFS Model ကြိုတင်ခန့်မှန်းချက်အတိုင်းဖြစ်လာရင် ကိုကိုးကျွန်းအနီးသို့ မုန်တိုင်းဗဟိုချက်ရောက်လာနိုင်ပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ မုန်တိုင်းအရှိန်သက်ရောက်မှုရှိနိုင်ပြီး လေ/မိုးပြင်းထန်နိုင်ပါတယ်။ ကျန် model များရဲ့ ကြိုတင်ခန့်မှန်းချက်အတိုင်းဆိုလျှင်တော့ မြန်မာနိုင်ငံအပေါ် မုန်တိုင်းအရှိန်သက်ရောက်မှု မရှိနိုင်၊ ရှိလျှင်လည်းအလွန်နည်းနိုင်ပါမယ်။ 

    ·          သင်္ချာပုံစံပြု model များရဲ့ ကြိုတင်ခန့်မှန်းချက်များကိုအတည်ပြုနိုင်ရန် နိုဝင်ဘာ ၂၄ ရက်နေ့ည အထိ အနီးကပ်ဆက်လက်စောင့်ကြည့်ပြီး မုန်တိုင်းဖြစ်လာမည့်အခြေအနေမှန်ကို ဆက်လက်စောင့်ကြည့်ပေးရပါဦးမယ်။ 

    ·          ကြိုတင်ခန့်မှန်း model များရဲ့ စုပေါင်းခန့်မှန်းချက်များ(Ensemble Forecasts) အရ နောက်လာမည့် ၇ ရက်အတွင်း ကချင်ပြည်နယ်ဒေသအချို့မှအပ ကျန်ပြည်နယ်တိုင်းများတွင် မိုးရွာနိုင်မည့်အခြေအနေမရှိတော့ပါ။၇ ရက်အတွင်း မန္တလေးတိုင်းတွင် မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          ECMWF, ECMWF-AIFS, ICON, NEMS-GLOBAL, GEFS, GEPS model များ၏ နောက်ဆုံးရရှိပြီး ကြိုတင်ခန့်မှန်းတွက်မှုများအရ မန္တလေးတိုင်းအတွင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် မိုးအနည်းငယ် ၀.၀၄ လက်မခန့် ရွာနိုင်သည်မှအပ ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်းကျန်ရှိသည့်ရက်များတွင် မိုးရွာနိုင်သည့်အခြေအနေမရှိပါ။ 

    ·          GFS ခန့်မှန်းချက်အရ နိုဝင်ဘာ ၂၈-၂၉ ရက်နေ့များမှာ မိုးအနည်းငယ်ရွာနိုင်ပါတယ်၊ ကျန်ရှိသည့် သင်္ချာပုံစံပြုကြိုတင်ခန့်မှန်း model များနှင့် ကိုက်ညီမှု မရှိသေးပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          နိုဝင်ဘာ ၁၃ ရက် မှ စတင်၍ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၇°C အထိ ကျဆင်းလာနိုင်ပြီး နိုဝင်ဘာ၂၈ ရက်နေ့မှစတင်၍ သိသိသာသာ အအေးပိုလာနိုင်(ပိုမို၍အေးလာနိုင်)ပါမယ်။ 

    ·          မန္တလေးတိုင်းအတွင်းမှာ အရှေ့ဘက်နှင့်အရှေ့မြောက်ဘက်အရပ်များမှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၅ မိုင်ခန့်အထိရှိနိုင်ပါမယ်။ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၆၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၈၀% အထက်တွင်ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၅°C အထိရှိနိုင်ပါတယ်။ 

    မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၁၀၀ အောက်မှာရှိနေနိုင်ပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သော level မဟုတ်၍ စိုးရိမ်ရန်မလိုပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

     ရေငန်ပုစွန်ကျား မွေးမြူသူများထံ အကြံပြုချက် 

    ရေငန်ကျားပုစွန်မွေးမြူမည်ဆိုပါက အဆိုပါပုစွန်၏သဘာဝဖြစ်စဉ်နှင့် အလေ့အထကို ဦးစွာသိရှိရန် လိုအပ်ပါသည်။ ကျားပုစွန်သည် သဘာဝပင်လယ်ရေအောက်ကြမ်းပြင် သဲဆန်သောမြေများတွင် နေထိုင်လေ့ရှိကြပြီး၊ အစာကို ညပိုင်းတွင် ရှာဖွေစားသောက် ကြပါသည်။ ကမ်းလွန်ရေနက်ပိုင်းတွင် မိတ်လိုက်ဥချသော ကျားပုစွန်များသည် ဥမှ ပေါက်ဖွားပြီး အဆင့်ဆင့် အသွင်ပြောင်းကာ ပင်လယ်ရေထုနှင့် မျောပါလာပြီး လက်မဝက်အရွယ် ပုစွန်ပေါက်များ ပင်လယ်ကမ်းခြေရှိ ချောင်း မြောင်း ဒီရေတောများသို့ ရောက်ရှိလာပါသည်။ အဆိုပါနေရာများတွင် စားသောက်ကြီးပြင်းကြပါ သည်။ (၄)လက်မ (၆)လက်မ အရွယ်ရောက်သော အချိန်တွင် ပင်လယ်ကမ်းခြေရှိ ချောင်း‌မြောင်း၊ ဒီရေတော များမှ မျိုးပွားရန်အတွက် ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာကြပါသည်။ 

     ထို့ကြောင့် ကမ်းရိုးတန်းဒေသရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကျားပုစွန်တို့၏ ကြီးထွားရန် အခြေအနေကောင်းများရှိသဖြင့် အဆိုပါနေရာများတွင် စနစ်တကျ နည်းပညာထည့်သွင်းပြီး မွေးမြူသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ 

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
likes
7
comments
0
views
2126