ဖာလာစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
မွှေးရနံ့သင်းပျံ့ပြီး အရသာအထူးကောင်းမွန်သည့်အတွက် ဟင်းချက်ရာတွင်အသုံးပြုကြတဲ့ ဖာလာစေ့မှာ လူသိများလှသော်လည်း ၎င်း၏ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများကိုတဆော့ လူသိနည်းလှပါသည်။ ဖာလာစေ့တွင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ်၊ ဆာလ်ဖာဓာတ်စသည်တို့ များစွာပါဝင်သည့်အတွက် ကျွန်ုပ်တို့အား ကောင်းကျိုးများစွာပေးစွမ်းနိုင်ပါသည်။
ဖာလာစေ့မှာ အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများစွာပေးစွမ်းနိုင်ပါသည်။
၁. အစာချေဖျက်အားကောင်းစေခြင်း
ဖာလာစေ့သည် လေနှင့်ဖောယောင်ခြင်းတို့ကို လျော့ကျစေပြီး သည်းခြေစီးဆင်းမှုကိုတိုးမြှင့်ပေးသည့်အတွက် အဆီနှင့်အခြားအာဟာရဓာတ်တို့ကိုချေဖျက်စေရန် မြှင့်တင်ပေးပါတယ်။ ရေနွေးကြမ်းအနေနဲ့ သောက်သုံးပေးနိုင်ပါတယ်။
၂. ခံတွင်းနံ့ဆိုးများဖယ်ရှားပေးခြင်း
Antibacterial အစွမ်းသတ္တိတွေပါဝင်လို့ ခံတွင်းနံ့ဆိုးကိုဖြစ်စေတဲ့ ပိုးမွှားများကိုအလွယ်တကူတိုက်ထုတ်ပေးနိုင်ပါတယ်။ ဖာလာစေ့ရဲ့အဆီက ခံတွင်းဆိုးနှင့်အခားသော ကူးစက်မှုတွေကိုဖြစ်ပေါ်စတဲ့ ဘက်တီးရီးယားများကို သေစေနိုင်ပါတယ်။ ထို့ကြောင့် အစာစားပြီးတိုင်း သို့မဟုတ် ခံတွင်းနံ့မွှေးစေလိုတိုင်း ဖာလာစေ့အနည်းငယ်ကို ဝါးစားပေးနိုင်ပါတယ်။
၃. အစာစားချင်စိတ်ကိုဖြစ်ပေါ်စေခြင်း
ဖာလာစေ့မှာ အစာချေဖျက်မှုအားကိုကောင်းမွန်စေသည့်အတွက် အစာစားချင်စိတ်ကိုဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် အစာစားချင်စိတ်နည်းလာပါက ဖာလာစေ့အမှုန့်အနည်းငယ်ကို စွပ်ပြုတ်ထဲထည့်သောက်နိုင်သလို ဖာလာစေ့အနည်းငယ်ကို ဝါးစားပေးနိုင်ပါတယ်။
၄. ခန္ဓာကိုယ်အဆိပ်အတောက်များဖယ်ရှားပေးခြင်း
Antooxidant များစွာပါဝင်တဲ့ ဖာလာစေ့မှာ ခန္ဓာကိုယ်မှအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ အဆိပ်အတောက်များကင်းစင်တဲ့ ခန္ဓာကိုယ်မှာ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်ပြီး ဇီဝဖြစ်စဥ်များအတွက်လမ်းဖွင့်ပေးနိုင်ပါတယ်။ ထို့ကြောင့် နေ့စဥ် ဖာလာစေ့ရေနွေးကြမ်း တစ်ခွက်ပုံမှန်သောက်သုံးပေးနိုင်ပါတယ်။
၅. ကျောက်ကပ်ကျန်းမာရေးတိုးမြှင့်ပေးခြင်း
ဖာလာစေေ့မှာ ဆီးရွှင်စေပြီး သွေးပေါင်ချိန်ကို လျော့နည်းစေရုံသာမက ကျောက်ကပ်အတွင်းရှိ ကယ်လ်စီယမ်နှင့် ယူရီယားတို့ကိုဖယ်ရှားပေးနိုင်ပါတယ်။ ဖာလာစေ့ကိုမှန်မှန်သုံးစွဲပေးပါက ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးသွားစဥ်နာကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်းစတဲ့ ပြဿနာများကိုဖြေရှင်းပေးနိုင်ပါတယ်။
My Food Myanmar ကျန်းမာရေးဆောင်းပါးမှ ကူးယူဖော်ပြသည်။
-----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း