ကြက်ဥစားသုံးခြင်းနှင့် ကျန်းမာရေး
ကြက်ဥသည် ခန္ဓာကိုယ်အလေးချိန်ထိန်းခြင်း၊ ကြွက်သားများသန်မာစေခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကျန်းမာစေခြင်း စသည်တို့အတွက် အရေးပါတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကြက်ဥဟာ ဦးနှောက်လုပ်ဆောင်မှုကို အထောက်အကူ ဖြစ်သလို မျက်လုံးကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။ ကြက်ဥကိုဖောက်ပြီး ပြုတ်ခြင်း၊ ရိုးရိုးအခွံပါ ပါအောင်ပြုတ်ခြင်း၊ မွှေကြော်ခြင်း၊ ရေနွေးငွေ့ဖြင့်ပေါင်းခြင်း စသဖြင့် ဘယ်လိုမျိုး လုပ်စားသည်ဖြစ်စေ လူကိုအကျိုးပြုတဲ့ ကောင်းကျိုးတွေ ရရှိစေမှာပါ။ ဒါပေမယ့်လည်း ကြက်ဥရဲ့ ကောင်းကျိုးအာနိသင်ကို အတတ်နိုင်ဆုံး ရချင်တယ်ဆိုရင် သင့်တင့်မျှတစွာ ဘယ်လောက်အတိုင်းအတာစားသုံးရမယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။
ကြက်ဥအကြောင်းဘယ်လောက်ထိသိထားလဲ
ကြက်ဥမှာ ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ Choline နဲ့ Lutein ခေါ် ဓာတ် (၂)မျိုးပါဝင်ပါတယ်။ Choline ဟာ သန္ဓေသားဦးနှောက်ဖွံ့ဖြိုးမှု ကနဦး အဆင့် အထူးသဖြင့် မှတ်ဥာဏ်နဲ့ သင်ယူရာမှာ အလုပ် လုပ်တဲ့ ဦးနှောက် အစိတ်အ ပိုင်း များအတွက် အထောက်အကူပြုပါတယ်။ Lutein ဟာလည်း မျက်လုံး ကျန်းမာရေး ကို အားကောင်းစေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင်ယူမှုနဲ့ ပြင်ပဗဟုသုတ မှတ်ယူနိုင်မှုကို အထောက်အကူဖြစ်စေပါတယ်။ University of Illinois မှာ MPODနည်းပညာ(မျက်လုံးစစ်ဆေးမှုနည်းပညာတစ်မျိုး) နဲ့ စမ်းသပ်စစ်ဆေးခဲ့တဲ့ လေ့လာချက်များအရ ဦးနှောက်အတွင်း Lutein ပါဝင်မှု ပမာဏဟာ ကလေးငယ်တစ်ဦးရဲ့ အချက်အလက်သိရှိနိုင်မှုနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ ရပါတယ်။ အဆိုပါ MPOD နည်းပညာဟာ ကလေးသူငယ်များရဲ့ သင်ယူမှုအတွက် ကောင်းကျိုးပြုကြောင်း သုနေသနပြုသူများမှ တွေ့ရှိခဲ့ပါတယ်။
ကြက်ဥရဲ့ကောင်းကျိုးများ
ကြက်ဥမှာ ကိုလက်စ်ထရောလ် ပါဝင်မှုမြင့်မားပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ ကိုလက်စ်ထရောလ်ပါဝင်မှုကို ထိန်းညှိရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကြက်ဥ မှာ အရည်အသွေးမြင့်မားတဲ့ ပရိုတိန်းဓာတ်တွေ ရရှိတဲ့ အဓိက အစားအစာတစ်ခုဖြစ် သလို ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် B12၊ အိုင်အိုဒင်းဓာတ်၊ Folate ဓာတ်နဲ့ Omega-3 ဓာတ် လိုမျိုး ဗီတာမင်နဲ့သတ္တုဓာတ်တွေ မြောက်များစွာပါဝင်ပါတယ်။ ကြက်ဥကိုတစ်နေ့တစ်လုံးစားပေးရင် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိမှာ ဖြစ်ပေမယ့်လည်း လူတစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။
ကြက်ဥကိုသတိထားပြီးစားသုံးသင့်သူများ
အောက်ပါအခြေအနေမှာ အကျုံးဝင်နေသူများအနေနဲ့ ကြက်ဥစားရာမှာ သတိထား သင့်ပြီး တစ်ပတ်လျှင် (၃)-(၄)လုံးလောက်သာ (သို့) ကြက်ဥအကာကိုသာလျှင် စားသင့်ပါတယ်။
- သွေးတိုးရှိသူများ
- သက်ကြီးရွယ်အိုများ
- ကိုလက်စ်ထရောလ်မြင့်မားသူများ
ကြက်ဥဟာ နည်းလမ်းမှန်ကန်စွာ စားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် အထောက် အကူပြုပါတယ်။ ကြက်ဥကို ဆီနဲ့ကြော်တာမျိုးဆိုရင် ကိုလက်စ်ထရောလ် များနိုင်တာ ကြောင့် ကြော်စားခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါဟာ အခန့်မသင့်ရင် သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်သွားစေသည်အထိ ဖြစ်လာနိုင်ပါတယ်
Kanjanee Thanapase, M.D. ထံမှကူးယူဖော်ပြသည်။
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း