"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၆)"
တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။
အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ
- ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ
ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။
ကံထူးရှင်များကို ထွက်တိုးမှ
1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်
2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်
3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၂) မိုးရာသီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
မြန်မာနိုင်ငံတွင်ရာသီဥတု ၃ မျိုးရှိသည့်အနက် ကြက်သားပေါက်ကလေးများ သေဆုံးမှုအများဆုံးရာသီသည် မိုးရာသီဖြစ်ပါသည်။ မိုးရာသီတွင်မိုးရေစိုသောကြောင့် ပေါက်ခါစကြက်များအအေးမိခြင်း၊ ကြက်မကြီးမှဝပ်ပေးသော် လည်း မြေကြီးအောက်မှ အစိုဓါတ်ရှိနေသောကြောင့် အအေးမိသဖြင့် ကြက်ကလေးများ သေဆုံးမှုများပါသည်။ မိုးရာသီရောက်ချိန်တွင် ကြက်များကို သားမဖောက်တော့ဘဲ ဥရောင်းစားခြင်းက ပိုမိုအကျိုးရှိပါသည်။
ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ဝက်စာကျွေးရာတွင် စွမ်းအင်အုပ်စု၊ အသားဓာတ်အုပ်စု၊ ဗိုက်တာမင်နှင့်သတ္တုဓာတ်အုပ်စု၊ အစာစပ်ဆေး/အားဆေးတို့ကို ပါဝင်အောင် ကျွေးပေးဖို့ လိုအပ်ပါသည်။ ကျေးရွာများတွင် ဝက်စာကျွေးလေ့ရှိသည့်ပုံစံကို အသားဓာတ်ဖြည့်ကျွေးမွေးနည်းရန် လိုအပ်သည်။ ဆန်ကွဲ+ဖွဲနု+ထမင်းကျန်+ဆန်ဆေးရည်+++ အစရှိသည်တို့အထဲသို့ အသားဓါတ် (ဥပမာ- စီပီ၇၅၁၊ ၇၅၆၊ ပဲဖတ်၊နှမ်းဖတ်၊ ငါးခြောက်တမျိုးမျိုး)ကို ထည့်ပေါင်းကျွေးခြင်း ဖြစ် ပါသည်။
ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။





ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း