ခရမ်းတွင်ကျရောက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
ခရမ်းခေါင်ညွန့်ထိုးပိုး၊သီးလုံးဖောက်ပိုး
- ရာသီမရွေးကျရောက်တတ်၊ ပူအိုက်စိုစွတ်သောကာလ မေလ-စက်တင်ဘာလ တွင် ကျရောက်မှုပိုများ
- လောက်ကောင်အဆင့် ၅ ဆင့်လုံးတွင်ဖျက်ဆီးနိုင်ပြီး၊ လောက်ကောင်သက်တမ်း နွေရာသီတွင် ၂ ပတ်ခန့်၊ မိုးနှင့်ဆောင်း (အပူချိန်လျော့ချိန်တွင်) ၃ပတ်ထိကြာ
- အကောင်ကြီးအဆင့်- အပင်အညွန့်၊ အရွက်နုများ၏အောက်မျက်နှာပြင်၊ ရိုးတံအခြေနှင့် အဖူးတံအခြေတို့တွင် တစ်လုံးချင်းစီ ဥအု
- လောက်ကောင်အဆင့် ၁-၃ သည် အပင်အညွန့်ပိုင်း၊ နုနယ်သောပင်စည် အစိတ်အပိုင်း၊ ရိုးတံများတွင်ဝင်ရောက်စားသောက်ဖျက်ဆီး
- လောက်ကောင်အဆင့် ၄ - သီးကင်းဝင်စခရမ်းသီးထဲသို့ ဝင်ရောက်စားသောက်
- အဓိကလက္ခဏာအနေဖြင့် ညှိုးနေသောအညွန့်ပိုင်းကို အဓိကတွေ့ရ
- အပင်ကို ဒေါင်လိုက်ခွဲကြည့်ပါက အစာရေကြောစည်းပျက်စီးနေပြီး တစ်ခါတစ်ရံ လောက်ကောင် (သို့မဟုတ်) လောက်ကောင်၏အညစ်အကြေးများကို တွေ့ရ
- ဖျက်ပိုးပွားများမှုသည် ရာသီဥတုပေါ်မမူတည်ဘဲ တစ်နှစ်ပတ်လုံးပွားများနိုင်
ကာကွယ်နှိမ်နင်းနည်း
- ပိုးကျ၍ ညှိုးခြောက်နေသောခေါင်ညွန့်ကို ခြောက်နေသည့် ရိုးတံအဆုံးမှ ကပ်၍ဖြတ်ပါ
- စိုက်ခင်းတွင် အရွက်ခြောက်များ၊ ပေါင်းမြက်၊ အမှိုက်များကိုရှင်းလင်းပေးပါ
- စိုက်ချိန်ကိုချိန်ဆပါ
- ခရမ်းမျိုးရင်းမဟုတ်သော သီးနှံများဖြင့် သီးလှည့်စိုက်ပါ
- တမာပိုးသတ်ဆေး- စိုက်ခင်း ၂ပတ်သားမှစတင်ပြီး ၁၀ ရက်ခြားအသုံးပြုခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်
- မြေခံပိုးသတ်ဆေး - Fipronil
- အသီးကင်းဝင်ချိန်- Thiodicarb, Flubendiamide တစ်ကြိမ်ကြိုတင်သုံးနိုင်
- အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ - Profenofos, Lambda cyhalothrin, Chlorantraniliprole, Indoxacarb, Emamectin benzoate
မွှားပင့်ကူ
- အရွက်အောက်မျက်နှာပြင်တွင်နေထိုင်ပြီး ပင်ရည်ကိုစုပ်ယူ
- အရွက်အပေါ်မျက်နှာပြင်တွင် သေးငယ်သော အစက်အပြောက်လက္ခဏာများကို တွေ့ရ
- အပူချိန်မြင့်ပြီးခြောက်သွေ့တဲ့ရာသီဥတုကိုနှစ်သက်
- ဆိုးရွားစွာကျရောက်ပါက အရွက်များ အဝါရောင်ပြောင်းသွားကာ ခြောက်ပြီးကြွေကျသွား
ကာကွယ်နှိမ်နင်းနည်း
- စိုက်ခင်းအစိုဓာတ်မပြတ်အောင် ဂရုပြုပါ
- ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို သေချာရှင်းပေးပါ
- အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ - Abamectin, Cyrantraniliprole, Spirotetramat
ပျ
- ဥမှပေါက်ခါစအကောင်ငယ်များနှင့် အရွယ်ရောက်ကောင်များ- အရွက်၊ ကိုင်းများမှ အပင်ရည်များကို အဓိကစုပ်ယူ
- အရွက်အောက်မျက်နှာပြင်နှင့် ပင်စည်တစ်လျှောက် အစုလိုက် နေထိုင်ဖျက်ဆီး
- အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင် ရောင်မညီကွက်ကြားများ ဖြစ်ခြင်း၊ တွန့်ခြင်း၊ ခြောက်ခြင်းကိုတွေ့ရ
- Honeydew ထုတ်နိုင်သောကြောင့် ပုရွက်ဆိတ်များလာရောက်တတ်
- ဆိုးရွားစွာကျရောက်ပါက အပင်ပုသွား
ကာကွယ်နှိမ်နင်းနည်း
- ပျကျနေသော ကိုင်းများ၊အပင်များကိုဖယ်ရှားရှင်းလင်းပါ
- ကြိုတင်ကာကွယ်လိုပါက တမာဆီဖျန်းနိုင်
- စိုက်ခင်းလေဝင်လေထွက်ကောင်းအောင်ဆောင်ရွက်ပါ
- အပင်ခြေပေါင်းမြက်များရှင်းလင်းပေးပါ
- နိုက်ထရိုဂျင်ရွက်ဖျန်း၊မြေဩဇာကို အလွန်အကျွံမသုံးပါနဲ့
- အသုံးပြုနိုင်သော ဓာတုဆေးများ- Acetamiprid, Fipronil, Thiamethoxam, Fenoxycarb, Ethiprole, Spirotetramat
ကျိုင်း
- သားလောင်းအဆင့်ပိုးကောင်များနှင့် အရွယ်ရောက်ကောင်များ- အရွက်များကို အပေါ်ဘက်မှ စတင်ခြစ်စား
- နောက်ဆုံးအရိုးတံများသာ ကျန်ပြီး ခြောက်သွေ့သွား
- အပင်အဆင့်တိုင်းတွင် ကျရောက်ဖျက်ဆီးနိုင်
- အရွက်များပေါ်တွင် ပိုးချေးများကိုလည်း အလွယ်တကူတွေ့ရ
ကာကွယ်နှိမ်နင်းခြင်း
- စိုက်ခင်းတွင်း ပေါင်းမြက်ရှင်းပေးပါ
- စိုက်ခင်းစိုထိုင်းဆကို ချိန်ညှိပေးပါ
- အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ- Cypermethrin, Acetamiprid
ဖြုတ်စိမ်း
- အရွက်အောက်မျက်နှာပြင်တွင်ခိုကပ်နေပြီး ပင်ရည်ကိုစုပ်စား
- လက္ခဏာအနေဖြင့် အရွက်အနားသတ်များတွင် အဝါရောင်အစက်အပြောက်များ စတင်ပေါ်လာ
- ဆိုးရွားစွာကျပါက မီးလောင်ထားသကဲ့သို့ အညိုရောင် ပြောင်းပြီး ခြောက်သွေ့သွား
- အရွက်တွန့်လိမ်ခြင်း၊ ရောင်မညီကွက်ကြားဖြစ်သည့် Eggplant mottled dwarf virus (EMDV) လက္ခဏာကိုလည်းတွေ့ရ
ကာကွယ်နှိမ်နင်းနည်း
- စုပ်စားပိုးများကျရောက်ပါက နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး၊ မြေဩဇာများ အလွန်အကျွံမသုံးစွဲသင့်ပါ
- စိုက်ခင်းတွင်းလေဝင်လေထွက်ကောင်းစေရန်
ပေါင်းများရှင်းပေးပါ
- ပင်ကြားစိပ်စိပ်မစိုက်ပါနဲ့
- အသုံးပြုနိုင်သောဓာတုဆေးများ- Acetamiprid, Thiacloprid, Pymetrozine+ Nitenpyram, Dinotefuran
ယင်ဖြူ
- ပင်ရည်ကိုစုပ်စား၊ အရွက်ပေါ်တွင် ရောင်မညီကွက်ကြားဖြစ်
- အပူချိန်မြင့်ပြီး စိုက်ခင်းစိုထိုင်းဆများသောအခြေအနေတွင် အဓိကပွားများနှုန်းမြန်
- ယင်ဖြူများကို အရွက်အောက်မျက်နှာပြင်တွင်အဓိကတွေ့ရ
- ဥ- အရွက်အောက်မျက်နှာပြင်တွင် အု
- Yellow Mosaic Virus (YMV) ရောဂါကိုလည်း အဓိကသယ်ဆောင်ပြန့်နှံ့နိုင်
ကာကွယ်နှိမ်နင်းနည်း
- ပင်ခြေကပေါင်းမြက်တွေကို ရှင်းပေးပါ
- နိုက်ထရိုဂျင်ရွက်ဖျန်း၊မြေသြဇာများကို အလွန်အကျွံမသုံးပါနဲ့
- စိုက်ခင်းစိုထိုင်းဆကို လျှော့ချပါ
- အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ- Pymetrozine+ Nintepyram, Acetamiprid+ Lambda-cyhalothrin, Fipronil, Thiamethoxam, Chlorfenapyr, Pyriproxyfen
ကိုးကား- Dr.DaDa၊ DOA
အိမ့်ဖြိုး
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752







ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း