cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း ဒီဇင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ဒီဇင်ဘာလ ၅ ရက် မှ ၁၁ ရက်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံး ညအပူချိန် ၁၆°C အထိ ကျဆင်းလာနိုင်ပြီး ဆက်လက်၍အေးနေနိုင်ပါမယ်။ မန္တလေးတိုင်းမြောက်ပိုင်းမှ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်းနယ်တွေမှာ အနမ့်ဆုံးညအပူချိန် ၁၃°C အထိ ဆက်လက်ကျဆင်းနေနိုင်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်ဘက်မှ မုန်တိုင်းများအခြေအနေ ဒီဇင်ဘာ ၄ ရက် ည UPDATE 

    ·          ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေပွေလှိုင်း 93W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ၂၄ နာရီအတွင်း တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ အားပိုကောင်းလာနိုင်မည့်အခြေအနေသည် MEDIUM အဆင့်သို့ရောက်လာကြောင်း JTWC မှ ထုတ်ပြန်ချက်သည် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ 

    ·          ဖိလစ်ပိုင်မိုးလေဝသဌာနထုတ်ပြန်ချက်အရ INVEST-93W သည် လေဖိအားနည်းရပ်ဝန်း(DEPRESSION – WILMA - ဖိလစ်ပိုင်အမည်)အဖြစ် အားပိုကောင်းလာပြီး၊ ဒီဇင်ဘာ ၅ ရက်/၆ ရက်/၇ ရက်နေ့တွေမှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်တိုက်ခတ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ တောင်တရုတ်ပင်လယ်တွင်းသို့ ဆက်လက်ရွေ့လျားဝင်ရောက်လာမှာဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ 

    ·          ကြိုတင်ခန့်မှန်းချက်များအရ အရှေ့ဘက်တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်း(93W)နှင့် ဆက်လက်အားကောင်းလျှက်ရှိသည့် အရှေ့မြောက်မုတ်သုံလေအားကြောင့် တနင်္သာရီတိုင်းတောင်ပိုင်း၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များမှအပ ကျန်တပြည်လုံးတွင် မိုးရွာနိုင်သည့်အခြေအနေ မရှိကြောင်းဆက်လက်အတည်ပြုနိုင်ပါတယ်။ 

    ·          ဒီဇင်ဘာလ ၅ ရက် မှ ၁၀ ရက်အတွင်း တနိုင်ငံလုံးတွင် အနိမ့်ဆုံးညအပူချိန်များအနည်းငယ်မြင့်တက်လာပြီး အနည်းငယ်အအေးပေါ့လာနိုင်ကာ ဒီဇင်ဘာလ ၁၀ ရက် နေ့နှင့်နောက်ပိုင်းမှာ ပြန်အေးလာနိုင်ပါမယ်။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းမှာ မိုးရွာရန်မရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          ဒီဇင်ဘာလ ၅ ရက် မှ ၁၁ ရက်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံး ညအပူချိန် ၁၆°C အထိ ကျဆင်းလာနိုင်ပြီး ဆက်လက်၍အေးနေနိုင်ပါမယ်။ 

    ·          မန္တလေးတိုင်းမြောက်ပိုင်းမှ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်းနယ်တွေမှာ အနမ့်ဆုံးညအပူချိန် ၁၃°C အထိ ဆက်လက်ကျဆင်းနေနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်းမှာ မြောက်ဘက်နှင့် အနောက်မြောက်ဘက်အရပ်များမှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါမယ်။ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၄၅% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၇၀% အောက်တွင်ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၁°C အထိရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၂၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၄၅% ခန့် ရှိနိုင်ပါတယ်။ မန္တလေးတိုင်းအလယ်ပိုင်းဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၅% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၄၈% ခန့် ရှိနိုင်ပါတယ်။ မိုးမရွာနိုင်တော့တဲ့အတွက် မြေဆီလွှာစိုထိုင်းဆများအနည်းငယ်ထပ်မံလျော့ကျနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၁၀၀ မှ ၁၆၀ အထိရှိနေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများ သတိထားကြရမည့် အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးရွက်ကြီးစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေး အကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်းဆေးရွက်ကြီးစိုက်ပျိုးရာတွင် ပျပိုးကျရောက်မှုကာကွယ်နိုင်စေရန် အကြံပြုရေးသားလိုက်ပါသည်။ ပျပိုးမှ ပင်ရည်စုပ်စားသည့်ဖျက်ပိုးဖြစ်ပြီး ဗိုင်းရက်စ်ရောဂါလည်း သယ်ဆောင်တတ်ပါသေးသည်။ ပျပိုးကျရောက်ပါက အရွက်များအရောင်ဖျော့လာပြီး ကြီးထွားမှုများ နှောင့်နှေးစေကာ အပင်ပုသွားစေရုံသာမက ပျပိုး၏ ဆစ်ထုတ်ရည်များကြောင့် နောက်ဆက်တွဲ ရောဂါအဖြစ် ကြပ်ခိုးမှိုရောဂါများ ဖြစ်ပေါ် လာနိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • ပျပိုးများခိုအောင်းနေနိုင်သော ပေါင်းမြက်များအားရှင်းလင်းပါ ။ 
    • ပင်ကြားတန်းကြား၊စိုက်ခင်းလေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပါ။  
    • စိုက်ခင်အတွင်း အစိုဓာတ်ကိုချိန်ညှိပါ။ 
    • နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံသုံးခြင်းကိုရှောင်ကြဥ်၍ ပိုတက်ရှ်မြေဩဇာကျွေးပေးပါ။ 
    • ဓာတုဆေးသုံးလိုပါက တမာဆီ၊ Acetamiprid, Spinosad, Fipronil, Thiamethoxam တို့ကို သတ်မှတ်နှုန်းထားအတိုင်း ပက်ဖျန်းပေးပါ။ 

    ငါးအနီစက်ရောဂါ သတိပြုရန် 

    ငါးမွေးကန်အများစု ရာသီအပြောင်းအလဲကာလတွင် ကန်များအတွင်း ရောဂါကျရောက်ခြင်းများ ကြုံတွေ့ကြရပါသည်။ အများစုသိသော အနီးစက်ကျရောဂါသည် ရာသီအပြောင်းအလဲတွင် ဖြစ်တတ်သည်။ အချို့သော ငါးကန်များတွင် တနေ့လျှင် ငါးအကောင်ရေ ၂၀ မှ ၅၀ ထိ သေဆုံးကြသည်ကို တွေ့ရှိရပါသည်။ အနီစက်ရောဂါကျရောက်ပါက ငါးမွေးတောင်သူများသည် ပိုးသတ်ဆေးသုံးခြင်းကို ဆောင်ရွက်ကြသည်ကို တွေ့ရှိရပါသည်။ ပိုးသတ်ဆေးသုံးသော ငါးကန်များသည် ထိရောက်မှုအားနည်းကြောင်း တွေ့ရှိရသည့်အပြင် ငွေကုန်မှုလည်း များိလာပါသည်။  

    ထို့ကြောင့် မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။  

    ------------    

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
2058