cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိမိမွေးထားတဲ့ တိရစ္ဆာန်နေမကောင်းဖြစ်ပါက ကျွမ်းကျင်သူကို အမြန်ဆုံးခေါ်ပြီး စိတ်ရှည်လက်ရှည်နဲ့ ဆေးကုပေးပါ။

. ဝက်မွေးမြူနည်း
အရပ်ထဲမှာ သိနေတဲ့ ဝက်တွေမှိုင်မယ်၊ အစာမစားဘူးဆိုရင် အဲဒီဝက်နေမကောင်းဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒီထက်နည်းနည်းပိုသိဖို့လိုတာက အဲလိုဖြစ်နေတာဟာ အဲဒီဝက်ဟာကူးစက်ရောဂါတမျိုးမျိုးဖြစ်နေ တယ်လို့ သိထားဖို့လိုပါတယ်။
  • -ဝက်မွေးသူတွေများသလို လောလောဆယ်မှာလည်း ဝက်တွေရောဂါဖြစ်နေတယ်ဆိုတဲ့အသံကြားတဲ့အတွက် ဝက် ကိုဘဲဥပမာ ပေးပြီးရေးပါ့မယ်။ ကျန်တဲ့တိရစ္ဆာန်တွေနဲ့ သိပ်မကွာပါဘူး။

    -ဝက်မွေးသူတွေသိထားတာက ကိုယ့်အိမ်ကဝက်တွေ မှိုင်နေမယ်၊ အစာမစားဘူး၊ သေတယ်ဆိုတာကိုတွေ့ရင် ကိုယ်မွေးထားတဲ့ ဝက်နေမကောင်းဘူးလို့ အကြမ်းအားဖြင့် သိကြပါတယ်။

    -မှန်ပါတယ်။ အရပ်ထဲမှာ သိနေတဲ့ ဝက်တွေမှိုင်မယ်၊ အစာမစားဘူးဆိုရင် အဲဒီဝက်နေမကောင်းဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒီထက်နည်းနည်းပိုသိဖို့လိုတာက အဲလိုဖြစ်နေတာဟာ အဲဒီဝက်ဟာကူးစက်ရောဂါတမျိုးမျိုးဖြစ်နေ တယ်လို့ သိထားဖို့လိုပါတယ်။

    -ကူးစက်ရောဂါ ဘာကြောင့်ဖြစ်သလဲ?၊ ဘယ်လိုကူးစက်တာလဲ? - ကူးစက်ရောဂါဖြစ်နေတယ်ဆိုတာက အဲဒီဝက်ထဲမှာ ဒုက္ခပေးနိုင်တဲ့ ရောဂါပိုးတမျိုးမျိုး လုံလုံလောက်လောက် ပေါက်ပွားဒုက္ခပေးနေပြီဆိုတဲ့ အချက်ကို ပြနေတာပါ။

    -အဲလိုကူးစက်ရောဂါပိုးတမျိုးမျိုး လုံလုံလောက်လောက်ပေါက်ပွားပြီဆိုရင် ဝက်ကမနေ့က အကောင်းကြီး( လန်း လန်းဆန်းဆန်းနဲ့ အစာကိုစားနေ) ကနေ ဒီနေ့ကနေ့ မှိုင်မယ်၊ အစာမစားဖြစ်မယ် (ဒါမှမဟုတ်သိသိသာသာကြီး အစာစားနည်းသွားမယ်)၊ ကိုယ်ကိုကိုင်ကြည့်ရင် သိသိသာသာပူမယ်၊ ဝမ်းချုပ်မယ်၊ ဆီးချုပ်မယ်စတဲ့ (မှိုင်၊ပူ၊မစား၊ဝမ်းချုပ်၊ဆီးချုပ်) (၅)ချက် စလုံးဖြစ်စေ၊ (၄) ချက်ဖြစ်စေ (တချို့ဝက် တွေဆီးသွား) စတွေ့ရမှာဖြစ်ပါတယ်။ ဒီလက္ခဏာတွေက (၁) ရက်ထဲဖြစ်ပြီး နောက်နေ့ မဖြစ်ဘူးဆိုရင် ကူးစက်ရောဂါမဖြစ်နိုင်ပါ။ ဒါပေမဲ့ အဲလိုအချက်တွေ ၁ ရက်ထက် ဆက်တွေ့နေရပြီဆိုရင် ကူးစက်ရောဂါ တမျိုးမျိုးဖြစ်နေပြီလို့ သိလိုက်ပါ။

    -ဘယ်ကူးစက်ရောဂါမဆို အဲလိုယေဘုယျ လက္ခဏာ (၅/၄) ချက်ကို အရင်ဆုံးတွေ့ရပြီးမှ နာရီပိုင်းဖြစ်စေ၊ ရက်ပိုင်းဖြစ်စေ နည်းနည်းကြာလာမှ သက်ဆိုင်ရာရောဂါရဲ့ ထင်ရှားတဲ့လက္ခဏာတွေကို တွေ့ရမှာပါ။ (ချွင်းချက်အနေနဲ့ တချို့သောကူးစက်ရောဂါတွေမှာ ယေဘုယျလက္ခဏာတွေကိုတောင် မတွေ့ရသေးခင်မှာ သေသွားတတ်တာလည်းရှိပါတယ်။ နည်းပါတယ်။)

    - အဲလိုရေဘူယျလက္ခဏာတွေကို တပြိုက်နက်တွေ့နေရပြီဆိုရင် ဖြစ်တဲ့ရောဂါဟာ ဝက်ဝမ်းကျလား?၊နားရွက်ပြာ လား? အာဖရိကဝက်အပြင်းဖျားရောဂါလား? ဘက်တီးရီးယားရောဂါလားဆိုတာကို မစဥ်းစားပါနဲ့။ အပေါ်ကရှင်း ပြသလိုပါဘဲ။ ဘာရောဂါမှန်းမသိနိုင်သေးပါဘူး။ ဒါပေမဲ့ လုပ်သင့်တာက ဝက်ရဲ့အထဲမှာ ပေါက်ပွားဒုက္ခပေးနေတဲ့ ရောဂါပိုးကို သတ်ဖို့သင့်တော်တဲ့ ပဠိဇီဝဆေး (အရပ်အခေါ်ပိုးသတ်ဆေး-အမောက်စလင်/အောက်စီတက်ထရာ/ ဂျင်တာမိုင်စင်အစရှိသဖြင့်ပေါ့) တမျိုးမျိုးသုံးပြီး ဝက်ထဲက ရောဂါပိုးကို မဖြစ်မနေသတ်ပေးဖို့လိုပါတယ်။

    -ပဠိဇီဝဆေးပေးလိုက်လို့ အထဲကရောဂါပိုးသေသွားရင် အဲဒီဝက်ဟာနေပြန်ကောင်းလာပြီး အစာပြန်စားလာမှာပါ။ အထဲမှာပေါက်ပွားတဲ့ရောဂါပိုးဟာ ဘက်တီးရီးယားပိုးဖြစ်မယ်ဆိုရင်တော့ မှန်ကန်တဲ့ပဠိဇီဝဆေးကိုပေးနိုင်ရင် ဝက်က ပြန်ကောင်းမှာပါ။ သို့သော် ဘက်တီးရီးယားမဟုတ်ဘဲ ဗိုင်းရပ်(စ) ဖြစ်နေမယ်၊ အဲဒီဗိုင်းရပ်(စ) ကလည်း အလွန်ပြင်းတဲ့ဗိုင်းရပ်(စ)ဆိုရင်တော့ ပဠိဇီဝဆေးထိုးနေတဲ့ ရက်အတွင်းမှာ ဘဲသေသွားမှာပါ။ ပျော့တဲ့ ဗိုင်းရပ်(စ) ဆိုရင်တော့ ပဠိဇီဝဆေးထိုးပေးလည်း ဘာမှမထူးခြားသလို သေလည်းမသေဘဲရှိနေမှာပါ။ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ဆက်ကုပေးမယ်ဆိုရင် အဲလိုဝက်မျိုးက တဖြည်းဖြည်းပြန်ကောင်းလာနိုင်ပါတယ်။

    -ဒါကြောင့်ဒီနေရာမှာ မှတ်စေချင်တာက

    (၁) ယေဘုယျလက္ခဏာ (၅/၄) ချက်ကို တပြိုင်နက်တွေ့နေရပီဆိုရင် ဆေးကုကျွမ်းကျင်သူကို အမြန်ဆုံးခေါ်ပြီး ဆေးကုပါ။ ဘာရောဂါဖြစ်သလဲဆိုတာကို စောင့်ကြည့်မနေပါနဲ့။ ဆေးကုကျွမ်းကျင်သူကို ခေါ်လို့မရလို့ ကိုယ့်ဖာသာ ကိုယ်ကုရမယ်ဆိုရင် အောက်ပါအချက်တွေကို သတိပြုပါ။

    (၂) ဝမ်းချုပ်လို့ဝမ်းချူပေးတာ၊ ဆီးချုပ်လို့ဆီးချူပေးတာတို့က မလုံလောက်ပါဘူး၊ အပူရှိနေလို့ အပူကျဆေး ထိုးရုံနဲ့လည်း မလုံလောက်ပါဘူး။ အစာမစားလို့ အားဆေးထိုးပေးတာလည်း မရပါဘူး။ မှားတယ်လို့ ဆိုတာမဟုတ်ဘဲ လုံးဝ မလုံလောက်ဘူးလို့ ပြောချင်တာပါ။

    (၃) မဖြစ်မနေလုပ်ဖို့လိုအပ်တာကတော့ ပဠိဇီဝဆေးတမျိုးမျိုးကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး ထိုးရမဲ့ပမာဏ၊ အကြိမ်ရေ၊ အနည်းဆုံးဆက်တိုက်ထိုးသင့်တဲ့ရက်အတိုင်း မှန်မှန်ကန်ကန် ထိုးပေးဖို့လိုပါတယ်။ ဝမ်းချူပေးတာ၊ ဆီးချူပေးတာ၊ အပူကျဆေးထိုးပေးတာတွေနဲ့ ပေါင်းစပ်လုပ်နိုင်ရင်တော့ ပိုပြည့်စုံမှာပါ။

    အချုပ်ဆိုရရင် ယေဘုယျ လက္ခဏာ(၅/၄)မျိုးကို တပြိုင်နက်(၁)ရက်ထက် ပိုတွေ့နေရပြီဆိုရင် ရောဂါဖြစ်တဲ့ဝက်တွေကို ခွဲထားပြီး အမြန်ဆုံးဆေးကုပါ။ စိတ်ရှည်ရှည်နဲ့ သေရင်လည်းသေတဲ့အထိ၊ ကောင်းရင်လည်း လုံးဝ ပြန်ကောင်းတဲ့အထိ ကုပါ။ ၂-၃ ရက်လောက်ဆေးကုလို့ မသက်သာတာကို အစိုးရိမ်လွန်ပြီး ပေါ်ပစ်လိုက်တာ၊ ရောင်းပစ်လိုက်တာ မလုပ်ကြပါနဲ့။ တချို့ဆို အဲလိုဖြစ်ပြီဆိုရင် မကောင်းတဲ့အကောင်ကော၊ ကောင်းတဲ့အကောင်ကော၊ ရတဲ့စျေးနဲ့ အကုန်ရောင်းထုတ်တတ်ကြလို့ပါ။

    -အဲလိုစိုးရိမ်လွန်လို့ ပေါ်/ရောင်းလိုက်တဲ့အတွက် ဝက်စျေးတွေမကျသင့်ဘဲ ကျကုန်လို့ ဝက်မွေးမြူရေးသမားတွေ အလွန်ဆုံးရှုံးနစ်နာပါတယ်။ နောက်တချက်က ရောဂါဖြစ်တဲ့ဝက်တွေကို အရှင်ဖြစ်စေ၊ အသေဖြစ်စေ၊ ရောင်းလိုက် တဲ့အတွက် တခြားနေရာကို ရောက်သွားပြီး အဲဒီနေရာတွေကိုလည်း ဝက်ရောဂါကူးစက်စေမှာဖြစ်တဲ့အတွက် အလွန်အန္တရယ်ကြီးပါတယ်။ ရောဂါကိုထိန်းချုပ်လို့ မရဖြစ်သွားနိုင်ပါတယ်။

    -ဒါကြောင့် ဝက်နေမကောင်းဖြစ်ရင် ကျွမ်းကျင်သူကို အမြန်ဆုံးခေါ်ပီး စိတ်ရှည်ရှည်နဲ့ဆေးကုခြင်းဟာ အဲဒီကူးစက် ရောဂါကို တနည်းနည်းနဲ့ထိန်းချုပ်တာဖြစ်တဲ့အတွက် ဇီဝလုံခြုံရေးအတွက် အစိတ်အပိုင်းတခုဖြစ်ပါတယ်။

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    ---------

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ မွေးမြူရေးတောင်သူများအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
14
comments
0
views
2804