cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်း - ဒီဇင်ဘာ ၈ ရက် မှ ဒီဇင်ဘာ ၁၄ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. ရာသီဥတု သတင်းများ
ဒီဇင်ဘာ ၁၅ ရက်နေ့နောက်ပိုင်းမှာ တိမ်ကင်းစင်လာပြီးနောက် ဒီဇင်ဘာ ၁၈ ရက်မှစတင်၍ ညအပူချိန်များ ပြန်လည်ကျဆင်းလာနိုင်ပါမယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ တိမ်ဖုံးအုပ်မှုအများဆုံး ၆၈% ရှိနိုင်ပြီး၊ ကျန်ရက်များမှာ တိမ်ဖုံးအုပ်မှုအများဆုံး ၅% ခန့်သာရှိနိုင်ပါမယ်။
  • ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်နိုင်သည့်အခြေအနေမရှိပါ 

    ·          ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လျှက်ရှိသည့် လေပွေလှိုင်း INVEST-93W သည်၊ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက်၊ အနောက်-အနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားကာ ဗီယက်နမ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံကြားမှတဆင့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်ပြီး မလက္ကာရေလက်ကြားမှတဆင့် ကပ္ပလီပင်လယ်အတွင်းသို့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ရောက်ရှိနိုင်ကြောင်း ECMWF model ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။ 

    ·          93W သည် တိုင်ဖွန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်မည်မဟုတ်သော်လည်း ဆက်လက်ရွေ့လျားနိုင်မည့်လမ်းကြောင်းအရ ထိုင်း-တောင်ပိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား(စုမတြာကျွန်း)၊ မြန်မာနိုင်ငံ-တနင်္သာရီတိုင်းတောင်ပိုင်းအစွန်ဒေသများမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပါတယ်၊ ထိုင်း-တောင်ပိုင်း၊ မလေးရှားနှင့် အင်ဒီုနီးရှားဒေသအချို့မှာတော့ နေရာကွက်၍ မိုးများနိုင်ပါတယ်။ 

    ·          ကြိုတင်ခန့်မှန်းချက်များအရ 93W အားပျော့ပျက်ပြယ်သွားပြီးမှသာ မြောက်လေအေးများ မြန်မာနိုင်ငံတောင်ပိုင်းသို့ပြန်လည်တိုးဝင်နိုင်ပြီး ညအပူချိန်များပြန်လည်ကျဆင်းကာ အအေးပိုလာနိုင်ပါမယ်။ 

    ဒီဇင်ဘာ ၈ ရက် မှ ဒီဇင်ဘာ ၁၄ ရက်အထိ ရန်ကုန်တိုင်းအတွင်း မိုးလေဝသအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းတွင် ဒီဇင်ဘာ ၁၄ ရက်နေ့အထိ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး မိုးရွာရန်မရှိပါ။ 

    ·          ဒီဇင်ဘာ ၁၅ ရက်နေ့နောက်ပိုင်းမှာ တိမ်ကင်းစင်လာပြီးနောက် ဒီဇင်ဘာ ၁၈ ရက်မှစတင်၍ ညအပူချိန်များ ပြန်လည်ကျဆင်းလာနိုင်ပါမယ်။ 

    ·          ဒီဇင်ဘာ ၈ ရက်နေ့မှာ တိမ်ဖုံးအုပ်မှုအများဆုံး ၆၈% ရှိနိုင်ပြီး၊ ကျန်ရက်များမှာ တိမ်ဖုံးအုပ်မှုအများဆုံး ၅% ခန့်သာရှိနိုင်ပါမယ်။ 

    ·          မြောက်-အရှေ့မြောက်ဘက်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ·          အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနိုင်ပြီး၊ ဒီတပတ်အတွင်းမှာ ဆက်လက်၍ အအေးပေါ့နေပါဦးမယ်။ 

    ·          နေ့လည်ပိုင်းအချိန်များမှာ ခံစားရသည့်အပူချိန်(Feels-Like or Apparent Temperature) ၃၆°C ခန့် ရှိနိုင်ပါမယ်။ 

    ·          နံနက်နှင့် ညနေပိုင်း၊ ညပိုင်းအချိန်များတွင် လေထုစိုထိုင်းဆ အမြင့်ဆုံး ၆၀% ရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်းသည် စက်မှုဇုန်ဧရိယာများအနီးနှင့် ရန်ကုန်မြို့လယ်မှမြို့နယ်များတွင် ၁၃၀ မှ ၁၆၀ ခန့်အထိရှိနိုင်ပြီး ကျန်မာရေးချို့တဲ့သူများ သတိထားရမည့် လေထုညစ်ညမ်းမှုအခြေအနေဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

    ဆောင်းတွင်း အအေးဓာတ်ကြောင့် ငါး/ပုစွန်မွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ 

    ငါးများ စိတ်ဖိစီးပြီး ရောဂါဝင်လာနိုင်တာမို့ ခုခံအားကောင်းစေတဲ့ အစာများကျွေးရန်၊ 

    ဗိုက်တာမင်စီဓါတ်ပါသော အစာများကိုထည့်ကျွေးရန်၊ 

    အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် တစ်ဧက ထုံး(၃၀)ပိဿာ (သို့မဟုတ်) ထုံး(၁၅)ပိ ဿာ နှင့်ဆား(၁၅)ပိဿာ ရောပြီး နေပူသောအချိန်တွင် ကန်အနှံ့ပက်ပေးပါ။ ရောဂါဆက်လက်ဖြစ်ပွါးခြင်းကို ထိန် ချုပ်နိုင်ပါသည်။ ရောဂါဆက်လက်မဖြစ်ပွားပါကလည်း ရက် (၂၀)ကျော် တလ ပြည့်ချိန်တွင် ထုံး(၁၅)ပိဿာ (သို့မဟုတ်) ထုံး (၇.၅)ပိဿာ နှင့် ဆား(၇.၅)ပိဿာကို ဆက်လက်ပြီးကန်အတွင်းပက်ပေးနိုင်ပါက၊ ရောဂါကွင်း ဆက်ကို ဆက်လက်ဖြတ်တောက်နိုင်ပါသည်။ 

     Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
3
comments
0
views
5523