cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း - ဒီဇင်ဘာ ၉ ရက် မှ ဒီဇင်ဘာ ၁၅ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. ရာသီဥတု သတင်းများ
ပဲခူးတိုင်းကုန်းတွင်းမှ မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ မြောက်-အရှေ့မြောက်ဘက်အရပ်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၅ မိုင်မှ ၁၀ မိုင်ခန့် ရှိနိုင်ပါတယ်။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ 

    ·          ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် လေပွေလှိုင်း 93W သည် အားပျော့ပျက်ပြယ်သွားပြီဖြစ်ပြီး ပြန်လည်စုဖွဲ့ဖြစ်ပေါ်နိုင်သည့် အခြေအနေကို ဆက်လက်စောင့်ကြည့်လျှက်ရှိပါတယ်။ GEPS, GEFS model ကြိုတင်ခန့်မှန်းချက်များအရ လေပွေလှိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေမျှသာ ရှိနိုင်ကြောင်းတွေ့ရပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ ပင်လယ်ရေမျက်နှာပြင်အပူချိန် 28°C ၊ လေစိုင်ဝဲများဖြစ်ပေါ်နိုင်သည့်အခြေအနေ၊ အားပျော့သည့် လာနီညာ အစွန်းရောက်ရာသီဥတုဆက်လက်တည်ရှိနေဆဲအခြေအနေစသည်တို့ကြောင့် ဒီဇင်ဘာ ၁၅ ရက် မှ ၁၇ ရက်အတွင်း အားနည်းသောလေဖိအားနည်းရပ်ဝန်း-Weak Low-Pressure System ဖြစ်နိုင်သည့်အခြေအနေ (Chance) သည် ၄၀% မှ ၆၀% ခန့်ရှိနိုင်ပါတယ်။ 

    ပဲခူးတိုင်းအတွင်းတွင် ဒီဇင်ဘာ ၉ ရက် မှ ၁၅ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများ 

    ·          ပဲခူးတိုင်း-အနောက်ဘက်ခြမ်းတွင် တိမ်ကင်းစင်သည့်ရက် ပိုမိုများပြားပြီး တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်မည့်ရက် ၁ ရက်သာရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်း-အရှေ့ခြမ်းတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်းသည့်ရက် ပိုများနိုင်ပြီး တိမ်လုံးဝကင်းစင်သည့်ရက် မရှိနိုင်ပါ။ 

    ·          ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၄°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအရှေ့ပိုင်းက မဒေါက်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၂°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% မှ ၆၀% အထိ ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ များစွာကွာဟမှုမရှိပဲ ၇၀% မှ ၈၀% ခန့်ရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်း-အနောက်ခြမ်းမှာ 110 ဝန်းကျင်ခန့်ရှိနိုင်ပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ 150 ခန့်ရှိနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက် အန္တရာယ်ရှိနိုင်သည့်အခြေအနေဖြစ်ပါတယ်။ 

    ·          ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁ ပေခန့်ရှိနိုင်ပြီး၊ တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၇ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းကုန်းတွင်းမှ မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ မြောက်-အရှေ့မြောက်ဘက်အရပ်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၅ မိုင်မှ ၁၀ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်      

    • ငါး/ပုစွန်မွေးတောင်သူကြီးတွေကို ဒီတစ်ပတ်မှာ အောက်ပါအချက်လေး ဆောင်ရွက်ဖို့ အထူးအကြံပေး လိုပါတယ်   
    • ရာသီဥတုအေးလာပြီဖြစ်၍ အစာပမာဏကို သတ်မှတ်နှုန်းတားအောက်လျော့ကျွေးရန်၊   
    • မနက်စောစော (နံနက် 9:00 နာရီမတိုင်မီ)နဲ့ ညနေ 4:00 နာရီနောက်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ရှား ရန်၊   
    • မနက် 9:00 နာရီနဲ့ ညနေ 4:00 နာရီအတွင်း အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊   
    • ရေချဉ်ဖန်နှုန်း မှန်ကန်နေပါက ငါး၊ ပုစွန်များ အသက်ရှူခြင်း၊ အစာပုံမှန်စားခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း နှင့် ကြီးထွားနှုန်းကောင်းခြင်း တွေ့ရပါသည်။ 
    • ထို့ကြောင့် ကန်ရေအရည်အသွေးကို ပုံမှန်စစ်ပေးပြီး ပြုပြင်ပေးရန် လိုအပ်သည်။ 

    ------------------        

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက          

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download        

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483         

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
3
comments
0
views
1576